စက်တင်ဘာ လသည် ခရီးသွားလို့အကောင်းဆုံး နေရာ ဒေသတစ်ခုဖြစ်ပြီး လည်ပတ်စရာနေရာများသည်လည်း မရေမတွက်နိုင်အောင် ပေါများပါတယ်။ ရာသီဥတုကလည်း မပူမအေးလေးနှင့် နေလို့ထိုင်လို့ကောင်းပြီး ခရီးသွားလို့ကောင်းတဲ့ရာသီဖြစ်ပါတယ်။
ယခုလို ရာသီဥတု သာယာလှပတဲ့ စက်တင်ဘာ မှာ ခရီးသွားချင်ကြသူတွေအတွက် ကမ္ဘာတလွှားရှိ လှပတဲ့ နေရာ ဒေသများကို ဖော်ပြပေးချင်ပါတယ်။ ယခုဖော်ပြပေးမယ့် နေရာတွေသည် အခြားသောလတွေထက် စက်တင်ဘာ လမှာ ပိုမိုထူးခြားစွာ လှပနေတဲ့ နေရာ ဒေသတစ်ခုဖြစ်ပါတယ်။
ကနေဒါရှိ Montreal

၁၈ ရာစုနှစ်ရဲ့ ဗိသုကာလက်ရာများကို ကြည့်ရှုလေ့လာချင်တယ်ဆိုရင်တော့ Montreal မြို့ဟောင်းမှာ သွားရောက်လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူများအတွက်လည်း ရှေးကျပြီး လှပတဲ့ နေရာများက စောင့်ကြိုနေပါတယ်။ ဒါတင်မကသေးပါဘူး။ ကမ္ဘာလှည့်ခရီးသွားတွေက ထိုအချိန်မှာ နည်းပါးတဲ့အတွက်ကြောင့် ဟိုတယ်တည်းခိုခသည်လည်း အရင်ကထက် ပိုမိုသက်သာပါတယ်။
အရီဇိုးနားရှိ Grand Canyon

အရီဇိုးနားရှိ Grand Canyon သည် ပူအိုက်သောရာသီဥတုတွင် ခရီးသွားဖို့ အဆင်မပြေလှပါဘူး။ ဒါ့ကြောင့် စက်တင်ဘာလတွင်သာ သွားလာသင့်တာဖြစ်ပါတယ်။ ထိုအချိန်မှာ ရာသီဥတုက အေးမြပြီး တောင်တက်ချင်သူများအတွက်လည်း တောင်တက်အတွေ့အကြုံသစ်ကို ခံစားရရှိနိုင်ပါတယ်။
စပိန်နိုင်ငံရှိ ဘာစီလိုနာမြို့

စပိန်နိုင်ငံရှိ ဘာစီလိုနာမြို့လေးကတော့ လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ စက်တင်ဘာလတွင်း ခရီးသွားများ သိပ်မများပြားတဲ့အတွက်ကြောင့် အေးအေးသက်သာ ခရီးသွားချင်သူများအတွက် သင့်တော်ပါတယ်။ ကွီးတို့အနေနဲ့ စိတ်ပါတယ်ဆိုရင် စီတန်းလှည့်လည်ပွဲ ကျင်းပလေ့ရှိတဲ့ La Merce ပွဲတော်မှာလည်း ဝင်ရောက်ဆင်နွှဲနိုင်ပါသေးတယ်။
Puerto Rico

Puerto Rico ကို စက်တင်ဘာလတွင် သွားရောက်လည်ပတ်သင့်တဲ့အကြောင်းအရင်းကတော့ ထိုလတွင် ရာသီဥတုကလည်း သာယာပြီး ဟိုတယ်တည်းခိုခတွေကလည်း ဈေးသက်သာလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသား သဘာဝမိုးသစ်တောဥယျာဉ်တွင်လည်း သဘာဝအလှတရားများကို ဝင်ရောက်ခံစားနိုင်ပါသေးတယ်။
အီတလီရှိ Amalfi Coast

အီတလီမှာရှိတဲ့ Amalfi Coast နေရာသို့ စက်တင်ဘာလတွင် လည်ပတ်သင့်တဲ့ အကြောင်းအရင်းများရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုအချိန်တွင် သစ်ပင်ပန်းမာန်များက အရောင်အသွေးပိုမိုစုံလင်လှပြီး ပင်လယ်ကမ်းခြေရှိ ပင်လယ်ရေများကလည်း နွေးနွေးလေးနှင့် ဆော့ကစားချင်စရာကောင်းလှပါတယ်။
ကယ်လီဖိုးနီးယားရှိ Big Sur

စက်တင်ဘာလအတွင်း နောက်ထပ်ခရီးသွားလို့ကောင်းတဲ့နေရာတစ်ခုကတော့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Big Sur ကမ်းခြေပဲဖြစ်ပါတယ်။ တိမ်ကင်းစင်ပြီး ကြည်လင်ပြာလဲ့နေတဲ့ ကောင်းကင်ကြီးအောက်မှာ လှပတဲ့ ရေလှိုင်းဖွေးဖွေးလေးများ၊ ဖြူဖွေးနေတဲ့ သဲသောင်ပြင်များအပြင် သန့်ရှင်းလတ်ဆတ်တဲ့ လေနုအေးလေးက တိုက်ခတ်နေပါသေးတယ်။ ဒါ့အပြင် ရေအောက် အားကစားတွေဖြစ်ကြတဲ့ Scuba Diving တို့ Snorkelling တို့ ပြုလုပ်လို့လည်း အဆင်ပြေပါတယ်။
Source: Planetware
Featured Image: Dmarge
