ပလတ်စတစ်ဖြင့် ပြုလုပ်ထားတဲ့ ရေဘူးအလွတ်တွေသည် သဘာဝပတ်ဝန်းကျင်ကို ကောင်းကောင်းကြီး ဒုက္ခပေးတဲ့ ရန်သူတော်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ မသုံးတော့တဲ့ ထိုရေသန့်ဘူးအလွတ်တွေကို သေသေချာချာ ဆေးကြောသန့်စင်ကာ Recycle ပြန်လုပ်မယ်ဆိုရင်တော့ လှပတဲ့ အလှဆင်ပစ္စည်းများအဖြစ် ပြန်လည်အသုံးချနိုင်မှာပဲဖြစ်ပါတယ်။ ဘယ်လို အသုံးချမှာလဲဆိုတော့ ထိုရေသန့်ဘူးအလွတ်တွေကို Recycle ပြန်လုပ်ပြီး Indoor Plant ဖန်တီးခြင်းပဲဖြစ်ပါတယ်။

ရေသန့်ဘူးအလွတ်ဖြင့် Indoor Plant များ ဖန်တီးခြင်းသည် ခက်ခဲတဲ့အရာမဟုတ်တဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ မိနစ်ပိုင်းခန့် အချိန်ပေးရုံမျှဖြင့် မိမိကြိုက်နှစ်သက်တဲ့ အပင်တစ်မျိုး ရရှိသွားမှာပဲဖြစ်ပါတယ်။

လိုအပ်မယ့် ပစ္စည်းကိရိယာများ

Indoor Plant

Photo: Rd

(၁) ဓား တစ်ချောင်း

(၂) ဆေးသုတ်တံ တစ်ချောင်း

(၃) မသုံးတော့တဲ့ ရေသန့်ဘူးအလွတ် တစ်ဘူး

(၄) အရုပ်မျက်လုံး တစ်စုံ (မထည့်လည်းရပါတယ်)

(၅) မိမိကြိုက်နှစ်သက်ရာ အပင်တစ်မျိုးမျိုး

(၆) အပင်စိုက်ရန်အတွက် မြေကြီး

(၇) ရေဘူးကို အရောင်ခြယ်ရန် မိမိနှစ်သက်တဲ့ အရောင်တစ်မျိုး

(၈) ကော် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

Indoor Plant

၁။ ရေဘူးရဲ့ အောက်ခြေကနေ သုံးပုံ တစ်ပုံခန့် ဓားဖြင့် ဖြတ်ချလိုက်ပါ။

Indoor Plant

၂။ ဆေးနှင့် ဆေးသုတ်တံတို့ကို အသုံးပြုကာ ရေဘူးကို အရောင်ခြယ်လိုက်ပါ။ လိုအပ်ပါက ထပ်ဖန်တလဲလဲ အရောင်ခြယ်ပေးနိုင်ပါတယ်။

ထို့နောက် ဆေးခြောက်သွားအောင် အခြောက်ခံလိုက်ပါ။

Indoor Plant

၃။ ဆေးသုတ်ထားတာ ခြောက်သွားပြီဆိုရင်တော့ မျက်လုံးလေးကို ကော်ဖြင့် ကပ်ပေးလိုက်ပါ။

recycle water bottle

၄။ ထို့နောက် ရေဘူးထဲသို့ မြေကြီး အနည်းငယ် ထည့်ပါ။

၅။ ထို့နောက် မိမိကြိုက်နှစ်သက်ရာ အပင်တစ်မျိုးမျိုးထည့်ကာ လိုက်ပါ။

recycle water bottle

အခြားသော ရေဘူးအလွတ်များကိုလည်း အထက်ဖော်ပြပါ နည်းလမ်းအတိုင်း လိုက်လံပြုလုပ်နိုင်ပါတယ်။ အရုပ်မျက်လုံးများကတော့ မိမိကြိုက်နှစ်သက်ရာ အရွယ်အစား၊ အရေအတွက်ဖြင့် မိမိစိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။

မိမိ ရွေးချယ်ကာ စိုက်ပျိုးထားတဲ့ အပင်အလိုက် မိမိရဲ့စာကြည့်စားပွဲ (သို့) အိမ်ရှေ့ဧည့်ခန်းများ (သို့) မီးဖိုချောင်တို့ကို မိမိစိတ်ကြိုက် အလှဆင်နိုင်ပါတယ်။ သို့သော် မိမိရဲ့သစ်ပင်ပန်းမာန်က ရေရှည်ရှင်သန်နေဖို့ရန်အတွက် ဂရုစိုက်ဖို့လည်း လိုအပ်ပါသေးတယ်။ အပင်ရိုင်းလေးတွေကတော့ အထူးတလည်ဂရုစိုက်ပေးစရာမလိုတဲ့အတွက်ကြောင့် အလုပ်ရှုပ်သက်သာစေမှာပါ။

အခုဖော်ပြသွားတဲ့ DIY နည်းလမ်းလေးက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပြီး ကိုယ့်ရဲ့အိမ်တွင်းကိုလည်း အလှဆင်ပြီးသားဖြစ်သွားတာကြောင့် တစ်ချက်ခုတ် နှစ်ချက်ဖြတ် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အားလုံးအတွက်လည်း အသုံးဝင်ပြီး အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။

Source: Onelittleproject

Featured Image: Cravingsomecreativity