ဝီစကီ Whiskey တွေဟာ အမျိုးအစားအလိုက် ၊ ထုတ်လုပ်တဲ့ နေရာအလိုက် ဈေးနှုန်း အစားအစား ကွာခြားသွားပါတယ်။ ဒေါ်လာ ၁၀၀ အောက် ဝီစကီ Whiskey တွေကိုတော့ ဈေးအရမ်းမကြီးတဲ့ သောက်ပျော်တဲ့ ဝီစကီ Whiskey အတန်းအစားထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်။ ကွီးတို့အနေနဲ့ ဒေါ်လာ ၁၀၀ အောက်တန်း ထဲက ဝီစကီ Whiskey ကောင်းကောင်း သောက်ချင်ရင်တော့ အခုပြောပြမယ့် အမှတ်တံဆိပ်တွေက ရွေးချယ်ဖို့အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၁) Clear Creak McCarthy’s

Photo : The Manual

Clear Creak McCarthy’s ဝီစကီ Whiskey ကတော့ ရှာရခက်ပေမယ့် ရှာရကျိုးနပ်စေမယ့် ဝီစကီ Whiskey တစ်မျိုးပါ။ စကော့တလန်ဒေသထွက် အကောင်းဆုံး ဝီစကီ Whiskey ကို ပြောပါဆိုရင် Clear Creak McCarthy’s ဝီစကီ Whiskey ကတစ်ခု အပါအဝင် ဖြစ်ပါတယ်။ အရည်အသွေးမြင့် စကော့တလန် မုယောစပါးနဲ့ ချက်လုပ်ထားပြီး အော်ရီဂွန်စည်တွေထဲမှာ သက်တမ်းရင့် သိုလှောင်ထားတဲ့အတွက် ဝီစကီ Whiskey ရဲ့ အနံ့အရသာကတော့ တော်တော်လေး ကောင်းမွန်ပါတယ်။ ဈေးနှုန်းကတော့ ၄၅ ဒေါ်လာ ဝန်းကျင်သာရှိပါတယ်။

(၂) Four Roses Single Barrel

Photo : The Manual

Four Roses Single Barrel ဝီစကီ Whiskey က ဘော်ဘွန်းဝီစကီ Whiskey အမျိုးအစားတွေထဲမှာ အရမ်းအကောင်းကြီးလို့ ပြောလို့မရပေမယ့် ဈေးတန်ပြီး တော်တော်လေးကောင်းတဲ့ ဝီစကီ Whiskey တစ်မျိုးလို့ ပြောရင် မမှားနိုင်ပါဘူး။ သူ့ရဲ့ ဈေးတန်းထဲမှာတော့ ထူးခြားပြီး စွဲမက်ဖွယ်အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝီစကီ Whiskey လို့ပြောနိုင်ပါတယ်။ Four Roses Single Barrel ဝီစကီ Whiskey ဟာ ချောမွေ့ပြီး စူးရှတဲ့ အနံ့အရသာကို ပေးစွမ်းပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ဝန်းကျင်ရှိပါတယ်။

(၃) Old Forester 1910

Photo : The Manual

Old Forester 1910 ဝီစကီ Whiskey ကတော့ ဈေးသက်သာပြီး ထူးခြားဆန်းသစ်တဲ့ အနံ့အရသာတို့ ပေါင်းစပ်ပါဝင်တဲ့ ဘော်ဘွန်းဝီစကီ Whiskey အမျိုးအစား ဖြစ်ပါတယ်။ ချောကလက်နဲ့ ကွတ်ကီးတို့လို ပြီးပြည့်စုံတဲ့ အချိုပွဲစားစရာတစ်ခုရဲ့ အရသာမျိုးနဲ့ သစ်သီးခြောက် ၊ ချယ် ရီသီးတို့ရဲ့ ရနံ့တို့ သင်းပျံ့မွှေးတဲ့ ချိုမြိန်သင်းပျံ့တဲ့ ဝီစကီတစ်မျိုး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၅၇ ဒေါ်လာ ဝန်းကျင်ရှိပါတယ်။

(၄) W.L. Weller Special Reserve

Photo : The Manual

Buffalo Trace ကထုတ်တဲ့ အကောင်းဆုံး ဘော်ဘွန်း ဝီစကီ Whiskey တွေထဲမှာတော့ W.L. Weller Special Reserve ဝီစကီ Whiskey က ထင်မှတ်မထားလောက်အောင် ခမ်းနားကြီးကျယ်တဲ့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝီစကီ Whiskey ကောင်းတစ်မျိုး ဖြစ်ပါတယ်။ ဈေးလည်းအရမ်းမကြီးပဲ တကယ့်ကို သိမ့်မွေပြေပြစ်တဲ့ ဝီစကီ Whiskey ရဲ့ စွဲမက်ဖွယ် အထိအတွေ့ကို ပေးစွမ်းပါတယ်။ ဈေးနှုန်းကတော့‌ ၅၇ ဒေါ်လာ ဝန်းကျင်ရှိပါတယ်။

(၅) Glenfiddich 15-Year Scotch

Photo : The Manual

Glenfiddich ရဲ့အကောင်းဆုံး ဝီစကီ Whiskey အရည်အသွေးနဲ့ စွဲမက်ဖွယ်အနံ့အရသာကို ရည်ညွှန်းဖော်ပြထားတဲ့ ဝီစကီ Whiskey ကတော့ Glenfiddich 15-Year Scotch ပဲ ဖြစ်ပါတယ်။ ဒီ ဝီစကီ Whiskey က ဝက်သစ်ချစည် ၊ ရှယ်ရီစည်တွေထဲ နှစ်ချို့သိုလှောင်ထားတဲ့အတွက် အရသာမှာ လေးနက်ထူးကဲပြီး ပြည်စုံမျှတတဲ့ ဝီစကီ Whiskey အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ဝန်းကျင်ရှိပါတယ်။

(၆) Nikka Coffey Grain Whiskey

Photo : The Manual

နှစ်ချို့ ဝီစကီ Whiskey ကောင်းတွေထဲမှာ ဈေးသင့်ပြီး အနံ့အရသာကောင်းတဲ့ ဝီစကီ Whiskey ကို ညွှန်းပါဆိုရင် Nikka ရဲ့ Nikka Coffey Grain Whiskey ကို သေချာပေါက် ညွှန်းရမှာပါပဲ။ Nikka Coffey Grain Whiskey ရဲ့ အနံ့အရသာကို ပြောရမယ်ဆိုရင် မွှေးပျံ့တဲ့ သခွားမွှေးရနံ့ ၊ ချိုမြမြ မီးသင်းသကြား အရသာနဲ့ Bakery ရနံ့တို့ ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ ပယင်းရောင် ဝီစကီ Whiskey တစ်မျိုး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အနံ့အရသာပြည့်စုံကောင်းမွန်တဲ့ ဝီစကီ Whiskey အဖြစ် ဆုရရှိထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀ ဝန်းကျင်ကနေ စတင်ပါတယ်။

Featured Photo : Bourbon Culture