ကွီးတို့ရေ ဘီယာကို လူအများစုက ကြိုက်ကြပါတယ်။ ဘီယာ ကို သင့်တင့်စွာ သောက်မယ်ဆိုရင် အံ့ဩဖွယ် ကျန်းမာရေး အတွက် ကောင်းကျိုး ဖြစ်စေတယ်ဆိုတာ သိသူတွေ နည်းပါတယ်။ အောက်မှာ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ပြောပြလိုက်ပါတယ်။

(၁) နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်

ဘီယာ ကျန်းမာရေး

Photo : Times of India

ဘီယာ ရဲ့ ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုး တစ်ခုကတော နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးတာပဲ ဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ နေ့စဉ် ဘီယာတစ်ပိုင့်သောက်သူများဟာ နှလုံးရောဂါဖြစ်နိုင်ခြေ ၃၁ ရာခိုင်နှန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ နှလုံးကို ကာကွယ်ပေးသည့် စွမ်းအားက ဖီနောလို့ခေါ်တဲ့ ဘီယာမှာပါတဲ့ သဘာဝ Antioxidants က အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ သို့သော်လည်း လေ့လာမှုအရ ဘီယာအမြောက်အများ သောက်သုံးသူများမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ တိုးလာကြောင်း ဖော်ပြထားပါတယ်။

(၂) ဆီးချိုဖြစ်နိုင်ခြေ နည်းပါးခြင်း

ဘီယာ ကျန်းမာရေး

Photo : Diabetes

သင့်တင့်မျှတစွာ ဘီယာသောက်သုံးခြင်း၏ နောက်ထပ်ထူးခြားသော ကျန်းမာရေးအတွက် ကောင်းကျိုး ကတော့ ဆီးချိုဖြစ်နိုင်ခြေ နည်းပါးတာ ဖြစ်ပါတယ်။ 2011 Harvard လေ့လာမှု တစ်ခု ဖြစ်တဲ့ သက်လတ်ပိုင်း အမျိုးသား (၃၈၀၀၀) ခန့်ကို နေ့စဉ် ဘီယာ တစ်လုံးမှ နှစ်လုံး သောက်သူ များမှာ အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။ ဘီယာမှာ အယ်လ်ကိုဟော ပါဝင်မှုက အင်ဆူလင်ရဲ့ အာရုံခံနိုင်စွမ်းကို တိုးစေပြီး ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်။ ဒါအပြင် ဘီယာက ဆီးချိုရောဂါသည်တွေရဲ့ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်အတွက် ပျော်ဝင်နိုင်သော ဖိုင်ဘာအရင်းအမြစ်ကောင်း တစ်ခုဖြစ်ပါတယ်။

(၃) အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးပါတယ်

ဘီယာ ကျန်းမာရေး

Photo : Eat This, Not That

ကွီးတို့ သတိမထားမိတဲ့ ဘီယာရဲ့ အံ့ဖွယ် ကျန်းမာရေး အတွက် ကောင်းကျိုးတွေထဲက တစ်ခုကတော့ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်စွမ်းရှိတာဘဲ ဖြစ်ပါတယ်။ Loyola University Chicago Stritch ဆေးကျောင်းမှ သုတေသီများရဲ့ လေ့လာမှုများအရ အလယ်အလတ် ဘီယာသောက် သုံးသူများဟာ အယ်လ်ဇိုင်းမားအပါအဝင် မတူညီသော မှတ်ဉာဏ်ချို့ယွင်းမှုနှင့် မှတ်ဥာဏ်ချို့ယွင်းမှု ပုံစံများ ဖြစ်ပေါ်လာနိုင်ခြေ ၂၃ ရာခိုင်နှုန်း နည်းပါးကြောင်း ကောက်ချက်ချခဲ့ပါတယ်။။ ဘီယာမှာပါတဲ့ ဆီလီကွန်ပါဝင်မှုက ဦးနှောက်ကို အယ်လ်ဇိုင်းမားဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တဲ့ ခန္ဓာကိုယ်တွင်း အလူမီနီယမ်အမြောက်အများရဲ့ အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေကနေ ကာကွယ်ပေး တယ်လို့ ယူဆကြပါတယ်။

(၄) ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်

ဘီယာ ကျန်းမာရေး

Photo : CreakyJoints

ဖင်လန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဘီယာကို အသင့်အတင့်နေ့စဉ် သောက်သုံး ခြင်းက ကျောက်ကပ်ကျောက်တည်နိုင်ခြေကို 40% လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီကျန်းမာရေး အတွက် ကောင်းကျိုး က ဘီယာမှာပါတဲ့ ရေဓာတ်ပါဝင်မှု (၉၃%) ခန့်က ခန္ဓာကိုယ်တွင်းရှိ အန္တရာယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကျောက်ကပ်များကို ကောင်းမွန်စွာအလုပ်လုပ်ဖို့ ကူညီပေး တဲ့အတွက် ဖြစ်ပါတယ်။ ဘီယာချက်ချက်တဲ့အခါ အသုံးပြုသည့် ဟော့ပ်ပါဒြပ်ပေါင်းတွေက အရိုးများမှ ကယ်လ်စီယမ်ထုတ်လွှတ်မှုကို နှေးကွေးစေပြီး ကျောက်ကပ်တွင် ကယ်လစီယမ်များ စုပုံလာခြင်းကို တားဆီးပေးပါတယ်။

(၅) ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်

Beer

Photo : Intergrated Health Clinic

ဘီယာမှာ Xanthohumol ဟုခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်သည်။ Xanthohumol က ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာဖြစ်စေသော အင်ဇိုင်းများကို တိုက်ထုတ်ရန် အစွမ်းထက်သော ဂုဏ်သတ္တိ ရှိသည်ဟု လူသိများပါတယ်။ အထူးသဖြင့် ဘီယာကို အလယ်အလတ်သောက်သုံးခြင်းက အမျိုးသား တွေမှာ ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုတုံ့ပြန်မှုကို တားဆီးပေးပါတယ်။

(၆) အရိုးများကို သန်မာစေပါတယ်

Beer

Photo : The Indian Express

ဘီယာမှာ ပါဝင်တဲ့ဆီလီကွန် ပမာဏက အရိုးကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ လေ့လာမှု တစ်ခုအရ နေ့စဉ် ဘီယာတစ်ခွက် သို့မဟုတ် နှစ်ခွက်သောက်တဲ့ သက်ကြီးရွယ်အိုတွေဟာ အရိုး သိပ်သည်းဆ ပိုများတာကြောင့် ဘီယာမသောက်တဲ့သူတွေထက် အရိုးကျိုးနိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။ သို့သော်လည်း နှစ်လုံးထက် ပိုသောက်ပါက အရိုးကျိုးနိုင်ခြေ ပိုများတာကိုလည်း လေ့လာမှု က တွေ့ရှိပြန်ပါတယ်။

(၇) ဗောက်ထတာကို ကုပေးနိုင်ပါတယ်

Beer

Photo : Pete & Pedro

ကွီးတို့ သတိမထားမိတဲ့ ဘီယာ ရဲ့ အံ့ဖွယ် ကျန်းမာရေး အတွက် ကောင်းကျိုးတွေ ထဲမှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဗောက်အတွက် အကောင်းဆုံး သဘာဝကုထုံး တစ်ခုလို့ ယူဆကြပါတယ်။ ဘီယာမှာပါတဲ့ မြင့်မားသော တဆေးနှင့် ဗီတာမင် B ပါဝင်မှု အဆင့်များက ဗောက်များကို ပျောက်ကင်းစေပြီး ဆံသားကို ပိုမိုနူးညံ့တောက်ပြောင်စေပါတယ်။ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ် ဘီယာတစ်ပုလင်းဖြင့် ကွီးရဲ့ဆံပင်ကို လျှော်ပေးပါ။

အထက်မှာ ပြောပြထားတဲ့အတိုင်း ကွီးတို့ သတိမထားမိတဲ့ ဘီယာ ရဲ့ အံ့ဖွယ် ကျန်းမာရေး အတွက် ကောင်းကျိုးတွေ ရရှိဖို့အတွက် အဓိကအချက်ကတော့ သင့်တင့်မျှတစွာ သောက်ဖို့ ဖြစ်ပါ တယ်။ ဘီယာ ဖြစ်စေ အခြားအရက်များ ဖြစ်စေ အလွန်အကျွံသောက်ခြင်းက ကွီးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

Source : Craft Beer Tour

Featured Photo : Largest Beer