အယ်ကိုဟော ဖျော်ရည်တစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်သောက်သုံးချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ အမိုက်စား Recipe တစ်မျိုးကို ဝေမျှပေးချင်ပါတယ်။ ဒီဖျော်စပ်နည်းကတော့ တကီလာကို အဓိကထား ဖော်စပ်ထားတဲ့ ရွှေအိုရောင် Margarita တစ်ခွက် ဖန်တီးနည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ရွေအိုရောင် Margarita

  • တကီလာ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေခဲတုံး အနည်းငယ်
  • လိမ္မော်ရည် ဘရန်ဒီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • အလှဆင်ဖို့ရန်အတွက် သံပုရာသီးစိပ်
  • Coarse ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပါ။

ရွေအိုရောင် Margarita

၂။ ကော့တေး Shaker ထဲသို့ ရေခဲတုံးများ ထည့်ပါ။ ထို့နောက် တကီလာ၊ လိမ္မော်ဘရန်ဒီနှင့် သံပုရာရည်တို့ ထည့်ပါ။

ရွေအိုရောင် Margarita

၃။ ကော့တေး Shaker ရဲ့ အဖုံးကို လုံအောင် ပိတ်ပြီးနောက် ပုလင်းကို ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

ရွေအိုရောင် Margarita

၄။ ထို့နောက် ကော့တေး ထည့်မယ့် ဖန်ခွက်ရဲ့ နှုတ်ခမ်းသားကို Coarse ဆားဖြင့် သုတ်ပေးလိုက်ပါ။

၅။ ထို့နောက် ဖန်ခွက် နှုတ်ခမ်းဝပေါ်မှာ သံပုရာသီးအကွင်းလေးဖြင့် လှလှပပ အလှဆင်ထားလိုက်ပါ။

making cocktail

၆။ နောက်ဆုံးအဆင့်အနေနဲ့ စောစာက ကော့တေး Shaker ထဲ ထည့်ပြီး လှုပ်ခါထားတဲ့ အယ်လ်ကိုဟော ဖျော်ရည်များကို ကော့တေးဖန်ခွက်ထဲ လောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့ အားလုံး အကြိုက်တွေ့သွားမယ့်ရွှေအိုရောင် Margarita တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။ တကီလာကို အဓိကထား ဖော်စပ်ထားတဲ့ ရွှေအိုရောင် Margarita ဖျော်ရည်ပဲဖြစ်ပါတယ်။

making cocktail

တကယ်လို့ ကွီးတို့က ချိုတဲ့အရသာလေး မြည်းစမ်းသောက်သုံးချင်တယ်ဆိုရင်ေတာ့ Simple Syrup ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲခန့် ထည့်နိုင်ပါတယ်။ Syrup ကိုတော့ ကော့တေး Shaker ထဲ ထည့်ကာ လှုပ်ခါပေးတဲ့အချိန်မှာ ထည့်ပေးရမှာ ဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Thespruceeats