မကြာခင်မှာ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီဖြစ်တဲ့ ဆောင်းရာသီ အစကိုရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီပွင့်လင်းရာသီမှာဆိုရင် ရာသီဥတုအနေအထားက တကယ်ကို ခရီးသွားချင်လောက်အောင် ဆွဲဆောင်လျက်ရှိပါတယ်။ ဆောင်းဦးရာသီမှာ လည်ပတ်ဖို့အတွက် စဉ်းစားနေတယ်ဆိုရင် ကွီးတို့အတွက် နိုင်ငံတကာက လှပတဲ့ နေရာ လေးများကို ဝေမျှပေးချင်ပါတယ်။
ဂရိ
Photo : KimKim
ဒီလို ဆောင်းဦးရာသီမှာ သို့မဟုတ် အောက်တိုဘာလ ၊ နိုဝင်ဘာလအတွင်းမှာ လည်ပတ်လို့ကောင်းတဲ့ ဥရောပထဲက နေရာ ကိုပြောပါဆိုရင် ဂရိ ပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သွားမယ်ဆိုရင် ရာသီဥတု ပူနွေးပြီး လူလည်းအရမ်းမများသေးတဲ့ အချိန်ဖြစ်ပါတယ်။ လှပသောနေရာများမှာ ယဉ်ကျေးမှုဆိုင်ရာ အရေးပါသော နေရာအချို့လေ့လာခြင်း၊ ငှက်ကြည့်ခြင်းတို့အပြင် ဂရိနိုင်ငံမှာရှိတဲ့ Idyllic Villages ရဲ့ လှပသောနေရာများကို ခံစားကြည့်ရှုနိုင်ပါတယ်။ ထို့အပြင် ပူပူနွေးနွေး ဇနီးမောင်နှံတို့အတွက် ဟန်းနီးမွန်း ခရီးထွက်လို့ကောင်းတဲ့ နေရာပဲ ဖြစ်ပါတယ်။
ဘူတန်
Photo : The Telegraph
ကွီးတို့အနေနဲ့ လှပအေးချမ်းပြီး သဘာဝတရားတွေကိုခံစားဖို့ဆိုရင်တော့ ဘူတန်နိုင်ငံကို ရွေးချယ်လိုက်ပါ။ ဘူတန်နိုင်ငံမှ ယခုအောက်တိုဘာ လမှာ နှင်းများမဖုံးလွှမ်းသေးတာကြောင့် ကြည်လင်သော ကောင်းကင်နှင့် စိမ်းလန်းစိုပြေသော ချိုင့်ဝှမ်းများရဲ့ ရင်သပ်ရှုမောဖွယ် ခံစားနိုင်ပါတယ်။ ထို့အပြင် အံ့ဖွယ်ရာ ဘာသာရေး အဆောက်အဦးတွေကိုလည်း လေ့လာနိုင်ပါတယ်။ တစ်ကိုယ်တော် ခရီးသွားသူများနဲ့ မိသားစုလိုက် ခရီးသွားသူများအတွက် အကောင်းဆုံး ရွေးချယ်စရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဆွတ်ဇာလန်
Photo : Widerness Travel
ဆောင်းဦးရာသီမှာ သာမက ဘယ်အချိန်မဆို လှပပြီးတစ်သတ်မှာ တစ်ခါလောက်တော့ သွားရောက်သင့်တဲ့ နေရာ များထဲကတစ်ခုကတော့ ဆွတ်ဇာလန်နိုင်ငံပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Lucerne ရေကန်ကို ရွက်လွှင့်ဖို့ ရွေးချယ်တာပဲဖြစ်ဖြစ်၊ Swiss Alps မှာ နှင်းလျှောစီးဖို့ပဲဖြစ်ဖြစ် စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ တကယ်ကိုမှော်ဆန်တဲ့ အလှအပတွေနဲ့ ကွီးတို့ကို အကောင်းဆုံးသော စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
အီတလီ
Photo : ISE Abroad
အီတလီနိုင်ငံက အောက်တိုဘာလတွင် အစားအသောက်နှင့် ဝိုင်ပွဲတော်များကို လက်ခံကျင်းပသောကြောင့် အောက်တိုဘာလတွင် လာရောက်လည်ပတ်ကြသူများပြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အစားအသောက်ကောင်းတွေနဲ့ လှပတဲ့ ရှုခင်းတွေအပြင် ရှေးဟောင်းအဆောက်အဦးတွေကိုပါ တစ်ပါတည်းလေ့လာနိုင်ဖို့ လည်ပတ်သင့်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဟန်းနီးမွန်း သို့မဟုတ် သူငယ်ချင်းများနဲ့ လည်ပတ်ဖို့အတွက် ရွေးချယ်သင့်ပါတယ်။
ဘာလီ
Photo : Hotels.com
ကွီးတို့ရေ ဘာလီလို့ပြောလိုက်ရင် လှပတဲ့ ကမ်းခြေများ၊ တောင်ကုန်းများ၊ သစ်တောများ၊ ရေကန်များများကို ပြေးမြင်မိမှာပါ။ ဒါ့အပြင် ဘာလီမှာ အံ့မခန်းအမွေအနှစ်များနဲ့ ရှေးဟောင်းဘုရားကျောင်းများ ကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။ ခမ်းနားသောအပန်းဖြေစခန်းများ၊ သီးသန့် ရေကူးကန်အိမ်ကြီးများနဲ့ အံသြဖွယ်ရာ အစားအသောက်များက ကွီးတို့ကို ရာသီမရွေးလာချင်အောင် ဆွဲဆောင်နိုင်မှာပါ။ ဟန်းနီးမွန်းထွက်ဖို့အတွက် အကောင်းဆုံး ရွေးချယ်စရာများထဲက ထိပ်တန်းနေရာ တစ်ခုဆိုလည်း မမှားပါဘူး။
အခုဖော်ပြပေးလိုက်တာကတော့ ဆောင်းဦးရာသီမှာ လည်ပတ်လို့ အကောင်းဆုံးသော နေရာ များ ပဲဖြစ်ပါတယ်။ ဝါလကင်းလွတ် သီတင်းကျွတ်ပြီဖြစ်လို့ ထိမ်းမြားလက်ထပ်ပြီး ဟန်းနီးမွန်းခရီးထွက်ဖို့ နေရာရွေးချယ်နေတဲ့ ကွီးတို့ အတွက်လည်းအခုဖော်ပြပေးလိုက်တဲ့ နေရာလေးတွေက အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။
Source : Travel Triangle
Featured Photo : Italy Tourism