ကော့လ်တေးချစ်သူ ကွီးတို့ရေ ကော့လ်တေး အသစ်အဆန်းတွေ၊ ရိုးရာကော့လ်တေးတွေကို မြည်းစမ်းကြည့်ချင်လို့ပဲ ဖြစ်ဖြစ် သို့မဟုတ် ဂျပန်နိုင်ငံကို အလည်ရောက်ခဲ့ရင်ပဲ ဖြစ်ဖြစ် ဘားတွေမှာ ဂျပန်ကော့လ်တေး တွေကိုပဲ မြည်းစမ်းကြည့်ချင်ပါသလား။ ဒီနေ့မှာတော့ တမူထူးခြားပြီး တစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ ဂျပန် ဂန္တဝင် ကော့လ်တေးများ ကိုဖော်ပြပေးချင်ပါတယ်။
(၁) Sake Grapefruit Cocktail

Photo : Cooking Chew
ကွီးတို့ မြည်းစမ်းကြည့်သင့်တဲ့ ဂျပန် ဂန္တဝင် ကော့လ်တေးများ ထဲက ပထမဆုံးဖော်ပြချင်တဲ့ တစ်ခုကတော့ Sake Grapefruit Cocktail ပဲ ဖြစ်ပါတယ်။ ဆာကေး (Sake) ဆန်ကစော်ဖောက်ခြင်းဖြင့် ပြုလုပ်ထားသော ဂျပန်မူလ အရက်ဖြစ်ပါတယ်။ ဒီကော့လ်တေးကို ဆာကေးနဲ့ ဂရိတ်ဖရုသီးဖျော်ရည်တို့ အချိုးကျကျ ဖျော်စပ်ထားပြီး ပေါ့ပါး ချိုမြိန်တဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ ကော့လ်တေးကို ဟန်ချက်ညီစေရန် အနည်းငယ်ပိုချိုသော ဆာကေးကို ရွေးချယ်တာက အကောင်းဆုံးပါပဲ။ ဒီကော့လ်တေးမှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၁၄ ကနေ ၁၆ ရာခိုင်နှုန်းရှိပါတယ်။
(၂) Tokyo Mule Recipe

Photo : Food Blog
ဒီကော့လ်တေးဟာ ဂန္တဝင် Moscow Mule ရဲ့ ကောင်းမွန်သော အလှည့်အပြောင်းတစ်ခု ဖြစ်ပါတယ်။ Tokyo Mule ကို ဗော့ဒ်ကာ၊ လတ်ဆတ်တဲ့ သံပုရည်ရည်နှင့် ဂျင်းဘီယာတို့ကို အသုံးပြု၍ ပြုလုပ်ထားပါတယ်။ သူ့ရဲ့ အရသာကတော့ အံ့သြစရာကောင်းလောက်အောင် နွေးထွေးပြီး ချိုမြိန်တဲ့ အရသာကိုပေးစွမ်းပါတယ်။ ဖျော်စပ်နည်း နောက်တစ်နည်းအနေနဲ့ ဗော့ဒ်ကာ နဲ့ သံပုရာရည်နေရာမှာ ဆာကေးနဲ့ သခွားသီးဖျော်ရည် အသုံးပြုပြီး ဖျော်စပ်လို့ရပါတယ်။
(၃) Japanese Whisky Ginger Highball

Photo : Bloomberg,com
ဒီ Hightball ကော့လ်တေးဟာ များသောမားဖြင့် အရက်ထက် အယ်လ်ကိုဟော ပါဝင်နှုန်း ပိုမိုမြင့်မားစွာ ရောစပ်ထားသော ကော့လ်တေးဖြစ်ပါတယ်။ အဓိကအားဖြင့် ကမ္ဘာကျော်တဲ့ ဂျပန်ဝီစကီ နဲ့ ဂျင်းဘီယာတို့ ပေါင်းစပ်ပါဝင်ပါတယ်။ ဂျပန်ဝီစကီစစ်စစ်ကို အသုံးပြုနိုင်လျှင် ပိုကောင်းပါတယ်။ ပြီးလျှင် ပိုမိုကောင်းမွန်သော အရသာအတွက် သံပုရာရည် သို့မဟုတ် သံပုယိုရည်ကို ထပ်ပေါင်းထည့်လိုက်ပါ။
(၄) Tokyo Marry

Photo : Taste
ကွီးတို့ တစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ ဂျပန် ဂန္တဝင် ကော့လ်တေးများ ထဲမှာ Tokyo Marry ကော့လ်တေးလည်း အပါအဝင် ဖြစ်ပါတယ်။ ဗော့ဒ်ကာနှင့် ခရမ်းချဉ်သီးဖျော်ရည်များနဲ့ အခြားသော ပါဝင်ပစ္စည်းများနဲ့ဖျော်စပ်ထားတဲ့ Bloody Mary ကော့တေးကဲ့သို့ ဖျော်စပ်ပုံ တူညီနိုင်ပါတယ်။ သို့သော် Tokyo Marry ကော့လ်တေးဟာ ဝါဆာဘီကိုအသုံးပြုခြင်းကြောင့် အရောင်အဆင်း ပိုမိုရဲရင့်ပြီး အနံ့ပိုပြင်းပါတယ်။
(၅) Japanese Slipper

Photo : Tipsy Bartender
ဒီ ဂျပန် ဂန္တဝင် ကော့လ်တေးကတော့ Midori၊ Cointreau နှင့် သံပုရာရည်တို့ကို ရောစပ်ပြီး လွယ်လွယ်ကူကူပဲ ဖျော်စပ်လို့ရဲ့ ကော့လ်တေးဖြစ်ပါတယ်။ Midori ဆိုတာကတော့ အလွန်ချိုမြိန်ပြီး အံ့သြဖွယ်ကောင်းလောက်အောင် အသုံးနည်းသော ဖရဲသီးအရက်ဖြစ်ပါတယ်။ ချိုလွန်းတာကြောင့် သူ့ချည်းပဲ သောက်သုံးလေ့မရှိပါဘူး။ Cointreau ကတော့ ပြင်သစ်နိုင်ငံ Saint-Barthélemy-d’Anjou တွင် ထုတ်လုပ်သော လိမ္မော်အရသာ သုံးဆ ပါဝင်သော အရောင်မရှိတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ ကော့လ်တေးများတွင် ထည့်သွင်းဖျော်စပ်လေ့ ရှိပါတယ်။ ချိုလွန်းတဲ့ Midori၊ Cointreau နဲ့ သံပုရာရည်တို့ကို အချိုးကျကျဖျော်စပ်ပြီး အရသာရှိတဲ့ Japanese Slipper တစ်ခွက် ကို မြည်းစမ်းလိုက်ပါ။
Source : Cookist
Featured Photo : Spirited Singapore
