ရှန်ပိန် တွေဟာ ပွဲအခမ်းအနားတွေ၊ ဂုဏ်ပြုပွဲတွေနဲ့ ညစာစားပွဲတွေ၊ နေ့ထူးနေ့မြတ်တွေမှာ ထည့်သွင်းဧည့်ခံသင့်တဲ့ အဖျော်ယမကာတစ်မျိုးပါ။ ဒါ့အပြင် ဘယ်လိုပွဲ အခမ်းနားမဆို တည်ခင်းဖို့ လိုက်ဖက်ပါတယ်။ အမျိုးအစား အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးနဲ့ ရှန်ပိန်များကို ဈေးကွက်ထဲမှာ တွေ့နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ တည့်ခင်း ဧည့်ခံချင်လို့ပဲ ဖြစ်ဖြစ်၊ လက်ဆောင်ပေးချင်လို့ပဲ ဖြစ်ဖြစ် ရွေးချယ်ရ လွယ်ကူစေရန် ဒေါ်လာတစ်ရာ အောက် အကောင်းဆုံးသော ရှန်ပိန် များ ကိုဖော်ပြပေးချင်ပါတယ်။
Ruinart Blanc de Blancs

Photo : Town and Country
ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ ဒေါ်လာတစ်ရာ အောက် အကောင်းဆုံးသော ရှန်ပိန် တစ်မျိုးကတော့ Ruinart Blanc de Blancs ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဝါရောင်ပုလင်းပုံစံက လှပခမ်းနားသော အသွင်အပြင်ကို ဆောင်ပါတယ်။ ဗာဒံစေ့၊ မက်မွန်သီးနဲ့ ပန်းသီးစိမ်းတို့လို မွှေးကြိုင်တဲ့ အသီးအနှံ ကပေးတဲ့ အရသာမျိုး ခံစားရစေမှာပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ ၈၉ ဒေါ်လာ ဖြစ်ပါတယ်။
Perrier-Jouët Grand Brut NV

Photo : Town and Country
ဒီရှန်ပိန်ကတော့ သံပုရာသီး၊ Apricot၊ ပျားရည်နှင့် ထောပတ်တို့ဖြင့် အမှတ်အသားပြုထားသည့်အတွက် ပိုမိုအသက်ဝင်သော အရသာကိုပေးစွမ်းနိုင်ပါတယ်။ ထို့အပြင် ၎င်းရဲ့ တံဆိပ်ပေါ်ရှိ ပန်းပွင့်ချပ်လေးများကဲ့သို့ အဖြူရောင်ပန်းပွင့်များရဲ့ နူးညံ့သောရနံ့ကို ရစေပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ကျသင့်မှာ ဖြစ်ပါတယ်။
Billecart-Salmon Brut Reserve

Photo : Town and Country
နောက်ထပ်ဖော်ပြချင်တဲ့ ဒေါ်လာတစ်ရာ အောက် အကောင်းဆုံးသော ရှန်ပိန် ကတော့ Billecart-Salmon Brut Reserve ပဲဖြစ်ပါတယ်။ ၎င်းကို စားပွဲတစ်ခုမှာ အဓိက အစားအစားနဲ့ အချိုပွဲ ကြားထဲမှာ ထည့်သွင်း ဧည့်ခံပါက တကယ်ကို လန်းဆန်းစေပြီး အရသာရှိတဲ့ ရှန်ပိန် ပဲဖြစ်ပါတယ်။ သူရဲ့စျေးနှုန်းကတော့ ဒေါ်လာ ၅၀ ဖြစ်ပါတယ်။
Taittinger Brut Champagne

Photo : Town and Country
ကွီးတို့ တည့်ခင်း ဧည့်ခံမဲ့ ပွဲတစ်ခုခုမှာ လတ်ဆတ်သော ပင်လယ်စာများအတွက် လုံးဝကိုပြီးပြည့်စုံသော ရှန်ပိန် အတွဲအစပ်ကို ရှာနေတယ်ဆိုရင်တော့ Taittinger Brut Champagne ကိုသာ ရွေးချယ်လိုက်ပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ ၆၅ ဒေါ်လာဖြစ်ပါတယ်။
Pol Roger Brut Champagne

Photo : Town and Country
ချစ်သူနှစ်ဦး ရွှေလက်တွဲကြတဲ့ မင်္ဂလာပွဲမှာ တည်ခင်းဖို့ဆိုရင်တော့ Pol Roger Brut Champagne ရှိပါတယ်။ လိမ္မော်သီးနဲ့ ဘယ်ရီသီးတွေပါဝင်တဲ့ ဒီရှန်ပိန်ဟာ တော်ဝင်မင်္ဂလာပွဲ တွေမှာတောင် အသုံးပြုကြတဲ့ ရှန်ပိန်များ ထဲကတစ်ခုပါပဲ။ သူ့ရဲ့ စျေးနှုန်းကတော့ ၅၉ ဒေါ်လာ ဖြစ်ပါတယ်။
Moet & Chandon Imperial

Source : Town and Country
ဒေါ်လာတစ်ရာ အောက် အကောင်းဆုံးသော ရှန်ပိန် များ ထဲမှာ ရှန်ပိန်ချစ်သူတို့ အမြဲရွေးချယ်လေ့ရှိပြီး မပါမဖြစ်ကတော့ Moet & Chandon Imperial ပဲ ဖြစ်ပါတယ်။ ဒီရှန်ပိန်ဟာ ပွဲအခမ်းအနား တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ သူရဲ့ စျေးနှုန်းကလည်း ဒေါ်လာ ၅၀ ဖြစ်ပါတယ်။
Source : Town and Country
Featured Photo : Abadestriana
