နည်းပညာကြောင့် ပိုကောင်းလာသည်ဖြစ်စေ၊ အခြားသော ဆိုးကျိုးများရှိသည်ဖြစ်စေ၊ လွန်ခဲ့သော နှစ်ပေါင်းများစွာကစပြီး ကျွန်တော်တို့ရဲ့ ဘဝတွေကိုပြောင်းလဲစေခဲ့ပါတယ်။ နည်းပညာ ကြောင့် လူနေမှုဘဝတွေ ပိုမိုလွယ်ကူလာတယ်၊ ဆက်သွယ်ရေးတွေ ကောင်းမွန်းတိုးတက်လာတယ်၊ ဖျော်ဖြေရေး၊ ကျန်းမာရေး စတဲ့ နယ်ပယ်ပေါင်းစုံကို ပြောင်းလဲစေခဲ့တယ် ဆိုတာတော့ ငြင်းဖွယ်ရာမရှိပါဘူး။ လွန်ခဲ့တဲ့ ၂၅ နှစ်တာအတွင်း နည်းပညာက တော်တော်ပြောင်းလဲခဲ့ပြီး အခုလက်ရှိမှာလဲ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးတက်နေဆဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲစေခဲ့သော နည်းပညာများ ထဲမှ အချို့ကိုထုတ်နှုတ်ဖော်ပြချင်ပါတယ်။
Wi-Fi

Photo : Coffeeticks Malaysia
ကျွန်တော်တို့ ဖုန်းတွေ၊ လပ်တော့များ၊ ကွန်ပျူတာများနဲ့ ချိတ်ဆက်ပြီး အသုံးပြုနေတဲ့ အင်တာနက်ချိတ်ဆက်ရေး Wi-Fi မရှိလျှင် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာတွေမှာ တော်တော်ကို အကျိုးသက်ရောက်စေမှာပါ။ Wi-Fi ကို ၁၉၉၇ ခုနှစ်တွင် တီထွင်ခဲ့ပြီးနောက် သုံးစွဲသူများအတွက် ဖြန့်ချီခဲ့ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်တို့လက်ရှိ အိမ်တွေ၊ ကွန်ပျူတာတွေ၊ မိုဘိုင်းလ် ပစ္စည်းများစွာအပြင် ကားတွေမှာတောင် အသုံးပြုနိုင်နေပါပြီ။ ကျွန်တော်တို့ နေ့စဉ်ဘဝနဲ့ ပရော်ဖက်ရှင်နယ်ဘဝများအတွက် Wi-Fi ဟာ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော နည်းပညာများ ထဲက တစ်ခုပါ။
Voice Assistants

Photo : MSF Teach Days
လူတော်တော်များများ သဘောကျပြီး ကိုယ်နေထိုင်ရာအိမ်ကို Smart Home အဖြစ်ပြောင်းလဲချင်တဲ့သူတွေအတွက် Voice Assistants ကလည်း ရေပန်းစားလာလျက်ရှိပါတယ်။ ဥပမာအနေနဲ့ကတော့ Amazon ရဲ့ Alexa၊ Google ရဲ့ Assistant နှင့် Apple ရဲ့ Siri စသည်တို့ပဲ ဖြစ်ပါတယ်။ Voice Assistants မှာ ကိုယ့်အိမ်မှာရှိတဲ့ စက်ပစ္စည်းများကို ထိန်းချုပ်ရန်အတွက် အသုံးပြုပြီး ၎င်းတို့နဲ့ ချိတ်ဆက်ထားသော စပီကာများက ရာသီဥတုကို ပြောပြပေးခြင်း၊ သတင်းများကို ဖတ်ရှုပေးချခြင်းစတဲ့ အမျိုးမျိုးသော ဝန်ဆောင်မှုများနဲ့ “ကျွမ်းကျင်မှု” ပေါင်းထောင်ပေါင်းများစွာလည်း ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းတွင် Voice Assistants စက်ပေါင်း ၃.၂၅ ဘီလီယံကျော် အသုံးပြုခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နှစ်ဆကျော်ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။
Apps

Photo : The App Company
ကွီးတို့ရေ Android အတွက်ပဲဖြစ်ဖြစ်၊ iOS အတွက်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့လိုချင်တဲ့ Apps များကို အလွယ်တကူ ဒေါင်းလုဒ်ဆွဲလို့ရနေပါတယ်။ မိုဘိုင်းလ် Apps များက ကျွန်ုပ်တို့မီဒီယာအသုံးပြုမှု၊ ဆက်သွယ်မှုပုံစံ၊ သတင်းနှင့် တိုက်ရိုက်ကြည့်ရှုခြင်းဝန်ဆောင်မှုများမှ စာတိုပေးပို့ခြင်းနှင့် ဆိုရှယ်မီဒီယာအတွက် Apps များစွာက ကျွန်တော်တို့နေ့စဉ် ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ Apps များကနေလည်း ကျွန်တော်တို့နေ့စဉ်လှုပ်ရှားမှုအတွက် အကျိုးများစွာရရှိစေတာကတော့ အမှန်ပါပဲ။ Apple App Store မှာ Apps ပေါင်း ၂ သန်းကျော်ရှိပြီး ဝင်ငွေဒေါ်လာ ၅၀ ဘီလီယံခန့် ရရှိနေတယ်လို့ဆိုပါတယ်။
Robotic Process Automation

Photo : IT Business Edge
နောက်ထပ် ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ နည်းပညာများ ထဲမှာ Robotic Process Automation ကလည်းမပါမဖြစ်ပါပဲ။ လူသားလုပ်သားရှားပါးတာ၊ လူအတွက်အန္တရာယ်ရှိသော လုပ်ငန်းများမှာ နည်းပညာ သုံးစက်ရုပ်တွေ အသုံးချလာကြပါတယ်။ RPA ဟာ နည်းပညာဟာ ဆော့ဝဲလ်ကို သုံးပြီး အလိုအလျောက် အလုပ်လုပ်စေတဲ့ စနစ်ဖြစ်ပါတယ်။ လူသားတွေကဲ့သို့ အကြိမ်ကြိမ်အထပ်ထပ်လုပ်နေရတဲ့ လုပ်ငန်းတွေ လုပ်နိုင်အောင် နည်းပညာတွေ ထည့်ထားပါတယ်။ ဥပမာ ဘာသာပြန်၊ အချက်အလက် နဲ့ အီးမေးလ်ပို့ အက်ပလီကေးရှင်းတွေ သုံးထားပါတယ်။ တဖက်မှာတော့ RPA နည်းပညာ တိုးတက်လာတာနဲ့အတူ ကျွမ်းကျင်လုပ်သားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ခြိမ်းခြောက်လာနိုင်ပါတယ်။ RPA နည်းပညာဟာ ဆော့ဝဲလ်အင်ဂျင်နီယာ၊ ပရောဂျက်မန်နေဂျာ၊ စီးပွားရေး သုံးသပ်သူ၊ ဗိသုကာ ပညာရှင်တွေ ရဲ့ နယ်ပယ်မှာ တွင်ကျယ်စွာ အဿုံးပြုလျက်ရှိပါတယ်။
Facial Recognition

Photo : GoodCore Software
Facial Recognition ဆိုသည်မှာ ကျွန်ုပ်တို့ရဲ့ဘဝတွင် အမြဲတစေတိုးတက်နေသော အခန်းကဏ္ဍမှပါဝင်နေတဲ့ နည်းပညာနယ်ပယ်တစ်ခုပါတယ်။ ၎င်းက ကွီးတို့ရဲ့အထောက်အထားကို အတည်ပြုရန် မျက်နှာ၏အင်္ဂါရပ်များကို အသုံးပြုသည့် ဇီဝဗေဒဆိုင်ရာ အထောက်အထားစိစစ်ခြင်းပုံစံတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာကလည်း ဆက်လက်တိုးတက်လာနေပြီး ကိုယ်ပိုင်လုံခြုံရေးအတွက် အမှန်ပင်အရေးပါနေပါတယ်။ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေမှာပါ Facial Recognition ကို အသုံးပြုလာနိုင်ပြီ ဖြစ်ပါတယ်။ အချို့သောစနစ်များက ချို့ယွင်းချက် အနည်းငယ်ရှိနိုင်သော်လည်းပဲ ဈေးကွက်ကတော့ ရပ်တန့်ခြင်းမရှိပါဘူး။ Facial Recognition လုပ်ငန်းက အမေရိကန်တစ်နိုင်ငံထဲတွင် ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၃.၂ ဘီလီယံမှ မှ ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၇ ဘီလီယံခန့်တိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော နည်းပညာများ ထဲမှ ၅ ခုကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖော်ပြပေးပါဦးမယ်။
Source : CNET
Featured Photo : Bluesoft
