ကွီးတို့ရေ လူတိုင်းဟာ အသက်ရှည်ရှည် နေလိုကြပါတယ်။ အသက်ရှည် အနာရောဂါကင်းပြီး ချမ်းသာကြွယ်ဝရင်တော့ လောကနိဗ္ဗာန်လို့ ပြောကြပါတယ်။ ဒါကြောင့် အသက်ရှည်အာင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းကြပါတယ်။ အသက်ရှည်ဖို့အတွက် မိမိကျန်းမာရေးကို ဂရုစိုက်ရမည်သာမက ပတ်ဝန်းကျင်အခြေအနေတွေ၊ ကိုယ့်ရဲ့ နေထိုင်မှုအလေ့အကျင့်တွေကလည်း အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ အတွက် ကွီးတို့ သိထားသင့်တဲ့ အချက်များ တစ်နည်းအားဖြင့် လိုက်နာရမဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းများ ပြုလုပ်ပါ

အသက်ရှည်ရှည် နေထိုင်နိုင်ဖို့

Photo : CBS News

ကွီးတို့ရေ အသက်ကြီးလာတာနဲ့အမျှ ကွီးရဲ့ ဗီဇခရိုမိုဆုန်းတွေရဲ့ အဆုံးတွေဟာ ပိုတိုလာပါတယ်။ ဒီလို ဖြစ်လာရင် ဖျားနာရန် အလားအလာ ပိုများစေပါတယ်။ သို့သော် လူနေမှုပုံစံပြောင်းလဲမယ်ဆိုရင် ခရိုမိုဇုန်းတွေကို ပိုရှည်စေသော အင်ဇိုင်းကို အားကောင်းစေနိုင်ပါတယ်။ ဒါ့အပြင် အစားအသောက်နှင့် လေ့ကျင့်ခန်း များက ခရိုမိုဇုန်းတွေကို ကာကွယ်ရန် ကူညီပေးနိုင်ကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။ ဆိုလိုတာက ကွီးရဲ့ ကျန်းမာသောအလေ့အကျင့်များက ဆဲလ်အဆင့်တွင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်တယ်။ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ အတွက်လည်း ‌အထောက်အကူပြုပါလိမ့်မယ်။

မိတ်ဆွေဖွဲ့ပါ

အသက်ရှည်ရှည် နေထိုင်နိုင်ဖို့

Photo : Banyan Treatment Centers

လူမှုဆက်ဆံရေးနယ်ပယ်မှာ မိတ်ဆွေအပေါင်းအသင်းများခြင်းက အောင်မြင်မှုရစေပါတယ်။ ဒါ့အပြင် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံပြီး ကောင်းမွန်တဲ့ အချိန်တွေကုန်ဆုံးခြင်းက စိတ်ကိုပျော်ရွှင်စေပြီး အသက်ပိုရှည်စေရန် ကူညီပေးနိုင်ပါတယ်။ လေ့လာမှု ဒါဇင်ပေါင်းများစွာက ခိုင်မာသော လူမှုဆက်ဆံရေးနှင့် အသက်ပိုရှည်ခြင်းကြား ပြတ်သားသော ဆက်စပ်မှုရှိကြောင်း ဆိုထားပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အချိန်ပေးခြင်းဖြင့် အသက်ရှည်စေနိုင်ပါတယ်။

သူငယ်ချင်းကောင်းတွေကို ရွေးချယ်ပါ

အသက်ရှည်ရှည် နေထိုင်နိုင်ဖို့

Photo : Psychology Today

ကွီးတို့ရဲ့သူငယ်ချင်းများရဲ့ အလေ့အထက ကွီးအ‌ပေါ် သက်ရောက်မှု အနည်းအများဖြစ်စေပါတယ်။ ဒါကြောင့် ကျန်းမာသောဘဝနေထိုင်မှုပုံစံရှိသော သူငယ်ချင်းများကို ရှာဖွေပေါင်းသင်းသင့်ပါတယ်။ ကွီးမှာ အဝလွန်နေတဲ့ သူငယ်ချင်းရှိခဲ့မယ်ဆိုရင် သူ့အပြုအမူက ကူးစက်ပြီး ကွီးလည်း ပေါင်ချိန် တက်လာနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကလည်း လူမှုဆက်ဆံရေးမှတစ်ဆင့် ကူးစက်တတ်သလို ဆေးလိပ်ဖြတ်မယ်ဆိုရင်လည်း သူငယ်ချင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

အသက်ရှည်ရှည် နေထိုင်နိုင်ဖို့

Photo : Beaufort Memorial Hospital

ဆေးလိပ်သောက်ခြင်းက ကွီးရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တာကို ရပ်လိုက်တာနဲ့ အသက်ကို ပိုရှည်စေနိုင်ကြောင်း အံ့ဩဖွယ်တွေ့နိုင်ပါတယ်။ အင်္ဂလန်က နှစ် (၅၀) ကြာ လေ့လာမှုတစ်ခုရဲ့ အဆိုအရ အသက် (၃၀) နှစ်မှာ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်ကွီးတို့ကို (၁၀) နှစ် အသက်ပိုရှည် စေနိုင်တယ်လို့ ပြောပါတယ်။ အလားတူ အသက် (၄၀) ၊ (၅၀) သို့မဟုတ်(၆၀) မှာ ဆေးလိပ်ဖြတ်ပါက ကွီးဘဝအတွက် (၉) နှစ်၊ (၆) နှစ် သို့မဟုတ် (၃) နှစ် အသီးသီး တိုးလာနိုင်တယ်လို့ သိရပါတယ်။ ဆေးလိပ်ဖြတ်ခြင်းက အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ အတွက် ကွီးတို့ သိထားသင့်တဲ့ အချက် ဖြစ်ပါတယ်။

လှုပ်လှုပ်ရှားရှားနေပါ

longlife

Photo : Calisthenics Family

ဒီအတွက် အထောက်အထားကတော့ ရှင်းပါတယ်။ လေ့ကျင့်ခန်းလုပ်သူတွေက လေ့ကျင့်ခန်းမလုပ်တဲ့သူတွေထက် ပျမ်းမျှအားဖြင့် အသက်ပိုရှည်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်းသည် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါ၊ ကင်ဆာပုံစံအချို့နှင့် စိတ်ဓာတ်ကျခြင်းတို့ ဖြစ်နိုင်ခြေကို လျော့နည်းစေ ပါတယ်။ အသက်ကြီးလာတဲ့အခါ ဉာဏ်ရည်ထက်မြက်အောင် ကူညီပေးနိုင်ပါတယ်။ တစ်ပတ်လျှင် အလယ်အလတ်လေ့ကျင့်ခန်း နှစ်နာရီခွဲ လောက်လုပ်ပြီး သွေးပူလေ့ကျင့်ခန်း (၁၀) မိနစ် ပေါင်းထည့် ထားသရွေ့ ကောင်းတဲ့ အကျိုးကျေးဇူးကိုဖြစ်စေပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းက ကွီးတို့ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ အတွက် မဖြစ်မနေ ပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပါ။

ခွင့်လွှတ်တတ်ပါစေ

longlife

Photo : Conselling Today

ကွီးတို့ အနေနဲ့ အာဃာတတွေကို စွန့်လွှတ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အံ့ဩစရာ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ခွင့်မလွှတ်နိုင်တဲ့ အနေအထားက ကွီးရဲ့ ရင်ထဲမှာ တအုံနွေးနွေး မကျေမချမ်း ဖြစ်စေပြီး နာတာရှည် ဒေါသတရားကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ကျန်းမာရေး ညံ့ဖျင်းခြင်းနှင့် အခြားသော ပြဿနာများနှင့် ဆက်စပ်နိုင်ပါတယ်။ ခွင့်လွှတ်ခြင်းက စိုးရိမ်ပူပန်မှုကို လျှော့ချပေးကာ သွေးပေါင်ချိန်ကို လျော့ကျစေပြီး အသက်ရှုရလွယ်ကူစေပါတယ်။ အသက်ကြီး လာသည်နှင့်အမျှ ကောင်းမွန်တဲ့ အကျိုးတရားကို တိုးလာစေပါလိမ့်မယ်။ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့အတွက် ကွီးတို့ သိထားသင့်တဲ့ အချက်များထဲမှာ ခွင့်လွှတ်တတ်ခြင်းလည်း ပါဝင်ပါတယ်။

စိတ်ဖိစီးမှု မဖြစ်အောင် နေပါ

longlife

Photo : Verywell Mind

စိတ်ဖိစီးမှုကို လုံးလုံးလျားလျား ရှောင်နိုင်မှာ မဟုတ်ပေမယ့် ထိန်းချုပ်ဖို့ နည်းလမ်းတွေကိုတော့ သိဖို့လိုပါတယ်။ ယောဂလုပ်တာ၊ တရားထိုင်တာ သို့မဟုတ် အသက်ပြင်းပြင်းရှူတာတွေ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ တစ်နေ့ကို မိနစ်အနည်းငယ်လောက် ပုံမှန်လုပ်မယ်ဆိုရင် စိတ်ဖိစီးမှုကို ကောင်းကောင်းထိန်းနိုင်ပြီး အသက်ရှည်ဖို့ အထောက်အကူပြုပါတယ်။

ကွီးတို့ရေ ဘဝမှာ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့အတွက် သိထားသင့်တဲ့ အချက်တွေကို လိုက်နာခြင်းဖြင့် ကျန်းမာသက်ရှည်စွာ နေနိုင်တယ်ဆိုတာ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

Source : Web MD

Featured Photo : Cleverand Clinic