စမတ်ဖုန်းတွေပေါ်မှာ ပါဝင်လာတဲ့ ကင်မရာတွေဟာ ယခင်နှစ်တွေကထက်စာရင် အများကြီး ပိုပြီးကောင်းမွန်လာတာကို တွေ့ရပါတယ်။ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း ကင်မရာအရည်အသွေးကို အကောင်းဆုံး မြှင့်တင်ပြီး သူ့ထက်ငါအပြိုင် ကင်မရာကောင်းတဲ့ ဖုန်းတွေကို ထုတ်လာကြပါတယ်။ အသုံးပြုတဲ့ User တွေအနေနဲ့လည်း ဖုန်းတစ်လုံးအသစ်ဝယ်တဲ့အခါ ကင်မရာစွမ်းဆောင်ရည်ကို ကြည့်ပြီး ရွေးချယ်ဝယ်ယူလာကြပါတယ်။ အလားတူ ဖုန်းမှာပါဝင်တဲ့ ကင်မရာ ဟာ့ဒ်ဝဲနဲ့ တွဲဖက်ပြီး AI နဲ့ အခြားသော နည်းပညာမြင့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ Third-Party ကင်မရာ Apps တွေလည်း တစ်နေ့ထက်တစ်နေ့ များစွာ ထွက်ပေါ်လာနေပါတယ်။ ဒီထဲကမှ ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးတာ ၊ ဓာတ်ပုံပြုပြင်တာအပြင် အလန်းစား လုပ်ဆောင်ချက်တွေ ထည့်သွင်းထားတဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ကင်မရာ နဲ့သက်ဆိုင်တဲ့ Apps ၄ ခု အကြောင်းကို ပြောပြပေးချင်ပါတယ်။

(၁) Adobe Lightroom

Source : Adobe Photoshop Lightroom

Adobe Lightroom ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ နည်းပညာမြင့် Photo Editing Apps တစ်ခု ဖြစ်ပါတယ်။ ကင်မရာရိုက်ကူးတဲ့ သီးသန့် App တစ်ခု မဟုတ်ပေမယ့်လည်း ၎င်းမှာ Built-In ကင်မရာ App တစ်ခုပါရှိပါတယ်။ ဓာတ်ပုံပြင်တာ ၊ အလင်းအမှောင်ချိန်တာတွေအပြင် တခြားသော Modes တွေနဲ့ အမိုက်စား Presets တွေလည်း အများကြီး ပါပါတယ်။ Adobe Lightroom ဟာ ယခုအချိန်မှာ မိုလ်ဘိုင်းဖုန်းတွေအတွက် အကောင်းဆုံး Photo Editor Apps တွေထဲက တစ်ခု ဖြစ်ပြီး ဓာတ်ပုံ ဝါသနာပါသူတိုင်း ရှိထားသင့်တဲ့ App တစ်ခုဆိုလည်း မမှားပါဘူး။

(၂) Filmic Pro

Source : FiLMiC Pro

Filmic Pro ကတော့ Android ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် ကင်မရာ Apps အသစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီ App ဟာ လစဉ်ကြေးပေးသွင်းပြီး သုံးရတဲ့ App တစ်ခုဖြစ်ပေမယ့် စုံလင်ထူးခြားပြီး Unique ဖြစ်တဲ့ Features တွေအများကြီး ပါပါတယ်။ အလင်းအမှောင် ၊ ကာလာနဲ့ ကင်မရာမြင်ကွင်းတွေကို စိတ်ကြိုက် ချိန်ညှိလို့ရသလို တခြားသော စိတ်ဝင်စားဖို့ကောင်းတဲ့ လုပ်ဆောင်ချက်တွေလည်း အများကြီးပါပါတယ်။ အခုလက်ရှိမှာ အသုံးပြုသူတွေရဲ့ Feedback တွေအတိုင်း Developers ဘက်က အကောင်းဆုံး App ကို ပြင်ဆင်ပြီး Update လုပ်ပေးနေပါတယ်။ Filmic Pro ကတော့ ကင်မရာနဲ့ နီးစပ်သူတိုင်း စမ်းသုံးကြည့်ရမယ့် Apps စာရင်းမှာ ပါပါတယ်။

(၃) SayCheese

Source : Yoav Franco

SayCheese ကတော့ တခြားသော ကင်မရာ Apps တွေနဲ့ မတူညီတဲ့ထူးထူးခြားခြား App တစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ အမိုက်စား စုံလင်တဲ့ Function တွေပါရှိတဲ့ Remote Camera App တစ်ခုပါ။ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ ဖုန်းနဲ့ ချိတ်ဆက်ပြီး ကိုယ့်ဖုန်းပေါ်မှာရှိတဲ့ App ထဲကနေ တဆင့် ဓာတ်ပုံရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အဖွဲ့လိုက်ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာရိုက်ပေးမယ့်သူ တစ်ယောက်ယောက်မရှိတဲ့အချိန်မျိုးတွေမှာ အထာကျကျ App လေးသုံးပြီး အဝေးကနေ ဓာတ်ပုံရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။ စထွက်ချင်းမှာ လိုအပ်ချက်တွေရှိပေမယ့် အခုနောက်ပိုင်းမှာတော့ Update အသစ်တွေထပ်ပေးနေပြီး အရင်ကထက်စာရင် တော်တော်လေးကို ကောင်းမွန်လာပြီလို့ ပြောရမှာဖြစ်ပါတယ်။

(၄) Snap Camera HDR

Source : Martin Johnson

Snap Camera HDR ကတော့ အပျော်တမ်း ဓာတ်ပုံဆရာတွေ သုံးသင့်တဲ့ App တစ်ခု ဖြစ်ပါတယ်။ သူက Manual ကင်မရာ Controls တွေ ၊ 4K ဗီဒီယို ရိုက်ကူးမှုတွေ ၊ RAW ပုံတွေ ၊ HDR နဲ့ File Size ရွေးချယ်နိုင်မယ့် Options တွေအများကြီး ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် Fun Shooting Modes ၊ Effects ၊ ဓာတ်ပုံဘောင် ၊ ကာလာ Effects နဲ့ Vignettes တွေလည်း ပါဝင်ပါတယ်။ Manual Controls တွေကလည်း တော်တော်လေး ကောင်းမွန်ပြီး အမိုက်စား Filter တွေလည်း ပါရှိပါတယ်။ Snap Camera HDR ဟာ Pro Version မဝယ်မှီ Free Version အနေနဲ့လည်း စမ်းသုံးကြည့်လို့ရတဲ့ အကောင်းဆုံး ကင်မရာ Apps တစ်ခု ဖြစ်ပါတယ်။

Featured Photo : Android Authority