နိုဝင်ဘာလသည် ဂိမ်းချစ်သူများအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ လတစ်လပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုဝင်ဘာ လအတွင်းမှာ အလန်းစား ဂိမ်းအသစ် များကို မိတ်ဆက်ပေးမှာကြောင့်ပဲ ဖြစ်ပါတယ်။

Harvestella

Harvestella

Photo: Pockettactics

ဒီဂိမ်းကတော့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ဗွီဒီယိုဂိမ်း အမျိုးအစားဖြစ်ပြီး Square Enix ကနေ ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားကတော့ အက်ရှင်ဂိမ်း၊ စွန့်စားခန်းများ ပါဝင်ပြီး ပြဇာတ်ဆန်ဆန် ဇာတ်လမ်းဇာတ်အိမ်အမိုက်စားဖြင့် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

God of War Ragnarok

God of War Ragnarok

Photo: PlayStation

God Of War Ragnarok ကတော့ နိုဝင်ဘာလ ၉ ရက်နေ့မှာာ ထွက်ရှိမှာ ဖြစ်ပါတယ်။ Action-Adventure ဗွီဒီယိုဂိမ်းဖြစ်ပြီး Santa Monica စတူဒီယိုကနေ ပုံဖော်ထားကာ Sony Interactive Entertainment က ဖြန့်ချီသွားမှာဖြစ်ပါတယ်။ PlayStation 4 နှင့် PlayStation 5 တို့မှာ ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။

Company Of Heroes 3

နိုဝင်ဘာ ဂိမ်းအသစ်

Photo: Steam

အတိုက်အခိုက်ဂိမ်းကို နည်းဗျူဟာကျကျနဲ့ ဆော့ကစားချင်သူများအတွက် Company of Heroes 3 ဂိမ်း အသစ်ထွက်ရှိလာဖို့ရှိပါတယ်။ Company Of Heroes 2 ရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဂိမ်းရဲ့ နောက်ခံဆက်တင်ကတော့ ဒုတိယကမ္ဘာစစ်တုန်းက စစ်ပွဲကို အခြေခံက ဇာတ်လမ်းဖွဲ့စည်း တည်ဆောက်ထားတာဖြစ်ပါတယ်။ အချို့ကလည်း ဒီဗွီဒီယိုဂိမ်းသည် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ထွက်ရှိမယ်လို့ ပြောကြပြီး အချို့ကလည်း နောက်နှစ်အစောပိုင်းကျမှ ထွက်ရှိမှာဖြစ်တယ်လို့ ကောလဟလ ထွက်ရှိနေပါတယ်။

The Dark Pictures: The Devil In Me

နိုဝင်ဘာ ဂိမ်းအသစ်

Photo: IGN

ဒီဂိမ်းကတော့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထွက်ရှိမှာပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကို ဆော့ကစားနိုင်မယ့် Platforms များကတော့ PlayStation 4 ၊ PlayStation 5 ၊ Xbox One ၊ Xbox Series X ၊ Series S နှင့် Microsoft Windows လပ်တော့များတွင် ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။ အမေရိကန်ရှိ ပထမဦးဆုံး ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်တဲ့ Henry Howard Holmes အကြောင်းကို အခြေခံထားတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ အမိုက်စား ဂိမ်းအမျိုးအစားတစ်ခုဖြစ်တာကြောင့် ကွီးတို့အားလုံးလည်း နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Warhammer 40,000L Darktide

နိုဝင်ဘာ ဂိမ်းအသစ်

ဒီဂိမ်းကတော့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စတင်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ အက်ရှင်ဗွီဒီယိုဂိမ်းဖြစ်ပြီး Warhammer 40,000 ယူနီဗာ့စ်ဆိုတဲ့ ဆက်တင်ချိန်ထားတာ ဖြစ်ပါတယ်။ Adventure အမျိုးအစားလည်း ဖြစ်တာကြောင့် ဆော့ကစားရတာ စိတ်ဝင်စားဖို့ကောင်းပါလိမ့်မယ်။ စစထွက်ချင်းမှာတော့ Microsoft Windows များတွင် ဆော့ကစားနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ Xbox Series X/S တို့တွင် ဆော့ကစားနိုင်အောင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အခုဖော်ပြပေးသွားတာကတော့ နိုဝင်ဘာ လအတွင်းမှာ ထွက်ရှိလာမယ့် အလန်းစား ဂိမ်းအသစ် များပဲဖြစ်ပါတယ်။ ကွီးတို့ရော ဒီဂိမ်းများထဲက ဘယ်ဂိမ်းအမျိုးအစားကို စိတ်ဝင်စားပါသလဲ။

Source: Gamerant

Featured Image: FlexJobs