ယနေ့ခေတ်တွင် အမျိုးသမီးများသာမက အမျိုးသားများသည်လည်း မိမိရဲ့ အသားအရေကို ဂရုစိုက်တတ်လာကြပါတယ်။​ ဒီအချက်သည် ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး မိမိရဲ့ မျက်နှာ အသားအရေ ကို အမှန်တကယ် ဂရုစိုက်တဲ့ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အသားအရေ ကို  ကြမ်းတမ်းပျက်စီးသွားစေနိုင်တဲ့ မနက်ခင်း အမူအကျင့်တချို့ကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

မနက်စာအဖြစ် အုတ်ဂျုံများကို စားသုံးခြင်း

oat

အုတ်ဂျုံကို နွားနို့နှင့် ရောပြီး စားသုံးခြင်းသည် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး မနက်စာတစ်ခုပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့်လည်း ညီညွှတ်ပေမယ့် ရေရှည်ဆိုရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်နှင့် အသားအရေ ကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်တဲ့ မနက်ခင်း အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ မနက်စာအဖြစ် အုတ်ဂျုံ တစ်မျိုးတည်းကိုပဲ နေ့စဥ်ရက်ဆက်စားသုံးတဲ့အခါ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို အခြားသော အစားအစာများထံမှ အာဟာရဓာတ်များကို မရရှိတော့ဘဲ အသားအရေ ခြောက်သွေ့ခြင်း၊ ပျက်စီးကြမ်းတမ်းလာခြင်းတို့ကို ကြုံတွေ့ခံစားရနိုင်ပါတယ်။

မနက်ခင်းတွင် ရေအကြာကြီး ချိုးခြင်း

shower

မနက်ခင်းမှာ ရေနွေးနွေးဖြင့် ရေချိုးခြင်းသည် နွေးနွေးလေးနှင့် လူကို နေလို့ထိုင်လို့ ကောင်းသွားစေပါတယ်။ အထူးသဖြင့် ရာသီဥတု ချမ်းအေးတဲ့ နေ့မျိုးမှာဆို ပိုပြီးတော့ နေလို့ကောင်းသွားစေပါတယ်။ ဒါပေမဲ့ ရေနွေးဖြင့် ရေချိုးခြင်း အလေ့အကျင့်သင်လည်း ကွီးတို့ရဲ့ အသားအရေ အတွက် မကောင်းတဲ့ မနက်ခင်း အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ ရေနွေးပူက အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ပျက်စီးသွားစေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ ဒါ့အပြင် ရေနွေးဖြင့် မျက်နှာသစ်ခြင်းသည်လည်း မျက်နှာပေါ်က ဆံချည်မျှင်သွေးကြောလေးတွေကို ပျက်စီးသွားစေပြီး အသားအရေကို ကြမ်းတမ်းခြောက်သွေ့သွားစေပါတယ်။

ဗိုက်ထဲတွင် အစာမရှိသေးဘဲနဲ့ ကော်ဖီသောက်သုံးခြင်း

အသားအရေ မနက်ခင်း

မနက်စာ မစားသေးဘဲနဲ့ ကော်ဖီချည်းပဲ နေ့စဥ်ရက်ဆက် သောက်သုံးခြင်းသည်လည်း အသားအရေကို ခြောက်သွေ့စေပါတယ်။​ ကော်ဖီ သောက်သုံးခြင်းသည် ရေဓာတ်ခမ်းခြောက်စေပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များ အရေပြားမှတဆင့် ထွက်မသွားတော့ဘဲ ခန္ဓာကိုယ်ထဲတွင်သာ ပိတ်လှောင်နေတဲ့အတွက် အရေးအကြောင်းများ စတင်ပေါ်ပေါက်လာဖို့ လမ်းစဖွင့်ပေးလိုက်တာနဲ့တူပါတယ်။

အလုပ်မသွားခင်တွင် နေလောင်ကာခရင်မ် လိမ်းဖို့ မေ့ခြင်း

အသားအရေ မနက်ခင်း

နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ၊ နေလာင်ကာခရင်မ်သည် မဖြစ်မနေ လိမ်းပေးရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ရုံးသွားခါနီး မနက်မှာ မဖြစ်မနေ လိမ်းကျံပေးရမှာပဲ ဖြစ်ပါတယ်။ ဒီလို နေလောင်ကာခရင်မ် လိမ်းပေးခြင်းအားဖြင့် အသားအရေများကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ခရမ်းလွန် ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး အိုမင်းရင့်ရော်ခြင်းမှလည်း တားဆီးပေးပါတယ်။

မိမိအသားအရေနှင့် မသင့်တော်သည့် မျက်နှာသစ်ဆေး အသုံးပြုခြင်း

အသားအရေ မနက်ခင်း

မနက်ခင်း နိုးထလာတဲ့အခါ သင့်မျက်နှာက အဆီပြန်နေသလို ခံစားရပါက သင့်ရဲ့ မျက်နှာသစ်ဆေးမှာ တစ်ခုခုပြဿနာရှိနေပြီပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဝက်ခြံနှင့် အမဲစက်များသည် လုံးဝ သက်သာမလာဘဲ ပိုဆိုးလာတာမျိုး (သို့) အသားအရေက အရင်ကထက် ပိုမိုကြမ်းတမ်းခြောက်သွေ့လာတာမျိုးဆိုရင် ယခုလက်ရှိ သုံးနေတဲ့ မျက်နှာသစ်ဆေးကို ချက်ချင်း ပြောင်းလဲပစ်ဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဈေးကြီးပေးဝယ်ရတဲ့ မျက်နှာသစ်ဆေးဖြစ်နေပါစေ၊ ကိုယ့်ရဲ့ မျက်နှာလောက်တော့ ဘယ်အဖိုးတန်နိုင်ပါ့မလဲ။

Source: Brightside

Featured Image: Freepik