လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခု လောက်ကစပြီး ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၂ ဆ နီးပါးအထိ တိုးလာတယ်လို့ လေ့လာမှုစစ်တမ်းတွေအရ သိရပါတယ်။ ဆီးချိုရောဂါဟာ အစားအသောက်နေထိုင်မှု ပုံစံတွေနဲ့ အများကြီး သက်ဆိုင်ပြီး မျိုးရိုးဗီဇနဲ့ အဝလွန်ရောဂါ ၊ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ပန်းသီးရှာလကာရည်ဟာ ဆီးချိုရောဂါ ဝေဒနာရှင်တွေအတွက်တော့ သဘာဝနတ်ဆေးလို့ ပြောလို့ ရပါတယ်။ ပန်းသီးရှာလကာရည်မှာ သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဆီးချိုရောဂါ အတွက် ပန်းသီးရှာလကာရည် ကို ဘယ်လိုဘယ်ပုံ အသုံးပြုနိုင်မလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ပန်းသီးရှာလကာရည် ဒိန်ခဲ နဲ့ ရေ

Photo : Pinterest

ပန်းသီးရှာလကာရည် ၊ ဒိန်ခဲနဲ့ ရေ အရောအစပ်ဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ရှိသူတွေအတွက် အကျိုးပြုပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဒိန်ခဲ ၁ အောင်စ

ပါဝင်ပစ္စည်းတွေ အားလုံးရောစပ်ပြီး သောက်ပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်ခန့် သောက်သုံးပေးပါ။ ရလဒ်ကို ဆရာဝန်နဲ့ စစ်ဆေးတိုင်ပင် ကြည့်နိုင်ပါတယ်။

သစ်ကြံပိုးခေါက်နဲ့ ပန်းသီးရှာလကာရည်

Photo : Pinterest

သစ်ကြံပိုးခေါက်ဟာ သွေးတွင်းဂလူးကို့စ်ကို လျှော့ချပေးနိုင်စွမ်း ရှိပြီး ပန်းသီးရှာလကာရည်နဲ့ ရောစပ်သောက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ ဆီးချိုရောဂါ ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သစ်ကြံပိုးခေါက်အမှုန့် စားပွဲတင်ဇွန်း တဝက်ခန့်

ပါဝင်ပစ္စည်းတွေအားလုံးကို ရောမွှေပြီး အစာစားပြီးနောက်မှာ ဖျော်ရည်ကိုသောက်နိုင်ပါတယ်။ တစ်ရက်ကို ၂ ကြိမ်ခန့် သောက်သုံးပေးပါ။

ပျားရည်နဲ့ ပန်းသီးရှာလကာရည်

Photo : Pinterest

ပျားရည်ဟာ ဆီးချိုရောဂါ ကို ထိန်းချုပ်ရာမှာ အထောက်အကူပြုနိုင်ကြောင်း သုတေသနပြုချက်အချို့က ဖော်ပြထားပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း မပြည့်တပြည့်
  • ရေ ခွက်တဝက်ခန့်

ပါဝင်ပစ္စည်းတွေအားလုံးကိုရောစပ်ပြီး အစာစားပြီးနောက်မှာ သောက်ပေးပါ။ တစ်ရက်ကို ၂ ကြိမ်ခန့် သောက်သုံးပေးနိုင်ပါတယ်။

Featured Photo : GOV.UK