Brandy Alexander ကော့လ်တေးဟာ ၂၀ ရာစုအတွက် စွဲမက်ဖွယ်ကောင်းသော ကော့တေးလ် တစ်မျိုးဖြစ်ပြီး ယနေ့ထက်တိုင် လူကြိုက်များလျက်ရှိပါတယ်။ သူ့ရဲ့ အရသာက အလွန်အမင်းချိုမြိန်ခြင်းမရှိသော်လည်းပဲ အရသာရှိပြီး ရိုးရှင်းသော ပါဝင်ပစ္စည်း သုံးမျိုးကြားရှိ ပြီးပြည့်စုံသော မျှတမှုကို ခံစားနိုင်ပါတယ်။ ဒီကော့လ်တေးကို အချိုပွဲအနေနဲ့လည်း သုံးဆောင်လို့ရသလို အစားအစာများနဲ့လည်း တွဲဖက်သုံးဆောင်လို့ ရပါတယ်။ ကွီးတို့အတွက် ဒီ Brandy Alexander ကော့လ်တေး ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ဒီကော့လ်တေးကို ဖျော်စပ်ဖို့အတွက် ဘရန်ဒီ အမျိုးအစားတော်တော်များများက အဆင်ပြေပါတယ်။ ကွီးတို့စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သင့်တင့်လျောက်ပတ်ပြီး စျေးနှုန်းအသင့်အတင့်ရှိသော ဘရန်ဒီကို ရွေးချယ်ပါ။

ကော့လ်တေးဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့

Brandy Alexander ကော့လ်တေး
Photo : The Spruce Eats
(၁) ဘရန်ဒီ ၁ အောင်စ
(၂) အနက်ရောင် Crème de cacao liqueur ၁ အောင်စ
(၃) ခရင်မ် ၁ အောင်စ
(၄) အလှဆင် ရန်အတွက် လတ်လတ်ဆတ်ဆတ် ခြစ်ထားသော Nutmeg
(၅) ရေခဲများ စသည်တို့လိုအပ်ပါတယ်။

Crème de cacao liqueur ကတော့ ကိုကိုးစေ့အရသာဖျော်ရည်တစ်မျိုးဖြစ်ပြီး အဖြူရောင် (အကြည်) နှင့် အနက်ရောင် ဆိုပြီး ၂ မျိုးရရှိနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေ အသင့်ဖြစ်ပြီဆိုရင်တော့ Brandy Alexander ကော့လ်တေး ဖျော်စပ်ဖို့အဆင်သင့်ဖြစ်ပါပြီ။ ဖျော်စပ်ပုံကတော့

၁။ ပါဝင်ပစ္စည်းအားလုံးကိုယူပြီး အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပါ။

Brandy Alexander ကော့လ်တေး

Photo : The Spruce Eats

၂။ ထို့နောက် ရေခဲအပြည့်ထည့်ထားသော ကော့လ်တေး Shaker ထဲသို့ ဘရန်ဒီ ၊ အနက်ရောင် Crème de cacao liqueur နဲ့ ခရင်မ်တို့ကို လောင်းထည့်လိုက်ပါ။ ပြီးလျှင် ကော့လ်တေး Shaker ကို သေချာစွာလှုပ်ခါပါ။

Cocktail

Photo : The Spruce Eats

၃။ ရရှိလာသော ကော့လ်တေးကို အအေးခံထားသော ကော့လ်တေးဖန်ခွက် ထဲသို့လောင်းထည့်လိုက်ပါ။ နောက်ဆုံးအနေနဲ့ လတ်လတ်ဆတ် ဆတ် ခြစ်ထားသော Nutmeg အမှုန့်များကို ကော့လ်တေးပေါ်သို့ ဖြူးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဘရန်ဒီ အဓိကပါဝင်တဲ့ Brandy Alexander ကော့လ်တေး တစ်ခွက်ရပါပြီ။

cocktail

Photo : iStock

ဒီကော့လ်တေးကို ကွီးတို့ကျင်းပမဲ့ ပါတီပွဲတွေမှာပဲ ဖြစ်ဖြစ် ၊ ညစာစားပွဲတွေမှာပဲ ဖြစ်ဖြစ် အချိုပွဲအနေနဲ့ တည်ခင်းဧည့်ခံလို့ရသလို ၊ အစားအစာတစ်မျိုးမျိုးနဲ့လည်း တည်ခင်းလို့ရပါတယ်။

Source : The Spruce Eats

Featured Photo : Cocktail