Joggers ဘောင်းဘီတွေဟာ မူလက အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ရာတွင်၊ ပြေးလွှားရာတွက် အဆင်ပြေပြီး ပေါ့ပါးစေရန်နဲ့ သက်တောင့်သက်သာရှိစေရန် ရည်ရွယ်ထားတဲ့ ဘောင်းဘီ စတိုင်လ်ဖြစ်ပါတယ်။ အားကစားသမားများအတွက် မရှိမဖြစ် ဘောင်းဘီအမျိုးအစားလည်း ဖြစ်ပါတယ်။ ယနေ့ခေတ် ဖက်ရှင်ရေစီးကြောင်း အရ Joggers ဘောင်းဘီတွေက အမိုက်စား ဝတ်စားဆင်ယင်မှု ဖက်ရှင်တစ်ခု ဖြစ်လာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် လွတ်လပ်ပေါ့ပါးတဲ့ Joggers ဘောင်းဘီတွေကို စတိုင်လ်ကျကျ ဝတ်ဆင်နိုင်ဖို့ အိုင်ဒီယာ ကောင်းများကို ဝေမျှပေးချင်ပါတယ်။
တီရှပ်နဲ့ Joggers ဘောင်းဘီ
Photo : The Trend Spotter
Joggers ဘောင်းဘီလို ပေါ့ပေါ့ပါးပါး ဘောင်းဘီတွေကို တွဲဖက်ဝတ်ဆင်ဖို့ သိပ်ပြီး ခေါင်းစားစရာတော့ မလိုပါဘူး။ ကွီးတို့မှာ ရှိပြီးသား တီရှပ်တစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဒီစတိုင်လ်က ကွီးတို့ကို မယုံနိုင်လောက်အောင် ပေါ့ပါးလွတ်လပ်မှုကို ရစေပြီး သက်တောင့်သက်သာ ရှိစေပါလိမ့်မယ်။ ပေါ့ပါးတဲ့ Day Time Look အတွက်တော့ လုံးဝကို အဆင်ပြေတဲ့ တွဲဖက်မှုပါပဲ။ တစ်ချက်ကတော့ ကွီးတို့ရဲ့ တီရှပ်ကို အရမ်းမပွစေဘဲ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်နေတာမျိုးကို ရွေးချယ်ပါ။
ဂျင်းဂျက်ကတ်နဲ့ Joggers ဘောင်းဘီ
Photo : The Trend Spotter
Joggers ဘောင်းဘီတွေက ကွီးတို့ကို ပေါ့ပါးလွတ်လပ်တဲ့ စတိုင်လ်တင်မကဘဲ အမိုက်စား စတိုင်လ်ကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဒါကတော့ ဂျင်းဂျက်ကတ်နဲ့ Joggers ဘောင်းဘီ တွဲဖက်ဝတ်ဆင်မှုပါပဲ။ ဂျင်းဂျက်ကတ်ကို ကွီးတို့ ရွေးချယ်တဲ့ Joggers ဘောင်းဘီနဲ့ လိုက်ဖက်အောင် အရောင်မျိုးစုံ၊ ဒီဇိုင်းအမျိုးမျိုးနဲ့ တွဲဖက်ဝတ်ဆင်ကြည့်ပါ။ ကွီးတို့ စိတ်ကျေနပ်လောက်စေမဲ့ ကြည့်ကောင်းပြီး စတိုင်လ်ကျတဲ့ ပုံစံကို ပေးစွမ်းပါလိမ့်မယ်။
Hoodies နဲ့ Joggers ဘောင်းဘီ
Photo : Top Trend Guide
ကွီးတို့ရေ Joggers ဘောင်းဘီနဲ့ ပေါ့ပါးလွတ်လပ်မှုအပြင် စတိုင်လ်ကျမှုကိုပါ ထည့်ပေါင်းထည့်ပေးနိုင်မဲ့ အိုင်ဒီယာ ကောင်းတစ်ခုကတော့ Hoodies နဲ့ Joggers ဘောင်းဘီကို တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဒီအိုင်ဒီယာက ရိုးရိုးရှင်းရှင်း သူငယ်ချင်းတွေနဲ့ တွေ့ဆုံရာမှာ ဝတ်ဆင်လို့ရတဲ့ Street Style ဖက်ရှင်တစ်ခုပါပဲ။
ရှပ်အင်္ကျီနဲ့ Joggers ဘောင်းဘီ
Photo : The Trend Spotter
ပုံမှန်အားဖြင့် ရှပ်အင်္ကျီနဲ့ Joggers ဘောင်းဘီကို တွဲဖက် ဝတ်ဆင်မဲ့ အိုင်ဒီယာ ကို သိပ်သဘောကျကြမယ် မထင်ပါဘူး။ ဒါပေမဲ့ အမှန်တကယ် တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါ အံ့သြစရာကောင်းလောက်အောင် စမတ်ကျပြီး ပေါ့ပါးတဲ့ အမိုက်စား စတိုင်လ်ကို ပေးစွမ်းပါတယ်။
Biker Jackets နဲ့ Joggers ဘောင်းဘီ
Photo : The Trend Spotter
Joggers ဘောင်းဘီနဲ့ လုံးဝကိုလန်းတဲ့ အမိုက်စား ဝတ်စားဆင်ယင်မှုကတော့ Biker Jackets တွေနဲ့ တွဲဖက်ဝတ်ဆင်ခြင်းပါပဲ။ ဒီလို တွဲဖက်ဝတ်ဆင်မှုက လေးနက်ပြီး ခေတ်မှီတဲ့ စတိုင်လ်အပြင် အားကစားအသွင်အပြင်နဲ့ ပြတ်သားတဲ့ပုံစံကိုလည်း ထင်ဟပ်စေပါတယ်။
Blazer နဲ့ Joggers ဘောင်းဘီ
Photo : The Trend Spotter
Joggers ဘောင်းဘီများလို ပေါ့ပါးတဲ့ စတိုင်လ်နဲ့ Formal ဘက်ကို သွားတဲ့ Blazer တွဲဖက်မှုကလိုက်ဖက်ပါ့မလားလို့ ကွီးတို့ ထင်ကောင်းထင်နိုင်ပါတယ်။ လက်တွေ့မှာတော့ အံ့ဩစရာကောင်းလောက်အောင် လိုက်ဖက်တာတွေ့ ရမှာပါ။ ဒီလို Blazer နဲ့ Joggers ဘောင်းဘီ တွဲဖက်ဝတ်ဆင်မှုက ကွီးတို့ကိုထင်ရှားတဲ့ အသွင်အပြင်ပေးစွမ်းနိုင်ပါတယ်။
Source : The Trend Spotter
Featured Photo : Onpointfresh