ကော့လ်တေး ချစ်သူကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ရှန်ပိန် နဲ့ ဖျော်စပ်ထားတဲ့ အမိုက်စား ကော့လ်တေး အမျိုးအစားတွေကို ပြောပြပေးပါမယ်။ ဧည့်ခံပွဲတွေနဲ့ ဒင်နာပါတီလို ပွဲအခမ်းအနားတွေမှာ တည်ခင်းလို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အရသာရှိပြီး ထူးကဲဆန်းသစ်တဲ့ ရှန်ပိန် ကော့လ်တေးတွေကို မြည်းစမ်းကြည့်လိုက်ရအောင်ပါ။

(၁) Kir Royale

Photo : A Couple Cooks

Kir Royale ကတော့ နာမည်ကြီး ပြင်သစ်ကော့လ်တေး တစ်မျိုးပါ။ Crème de cassis Liqueur နဲ့ ရှန်ပိန်စတဲ့ ပါဝင်ပစ္စည်း ၂ မျိုးတည်းကို ပေါင်းစပ်ဖျော်ထားတာ ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းပြီး ချိုမြလန်းဆန်းတဲ့ အမိုက်စား ရှန်ပိန်ကော့လ်တေး တစ်မျိုးဖြစ်ပါတယ်။ ‌

(၂) French 75

Photo : A Couple Cooks

French 75 ကတော့ Gin ၊ သံပုရာရည် ၊ Simple Syrup နဲ့ ရှန်ပိန်တို့ ပေါင်းစပ်ဖျော်ထားတဲ့ Classic ကော့လ်တေး တစ်မျိုးဖြစ်ပါတယ်။ French 75 ကော့လ်တေးဟာ ၁၉၁၅ ခုနှစ်ကတည်းက ပဲရစ်မှာရှိတဲ့ Harry’s New York Bar မှာ စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ လူကြိုက်များသလောက် အရသာရှိတဲ့ စွဲမက်ဖွယ် ရှန်ပိန်ကော့လ်တေးတစ်ခွက်ပါ။

(၃) Pomegranate Mimosa

Photo : A Couple Cooks

Pomegranate Mimosa ကိုတော့ Pomegranate ရှန်ပိန် ကော့လ်တေး သို့မဟုတ် Pomegranate Prosecco Sparkler လို့လည်း ခေါ်ပါတယ်။ ချိုမြိန်တဲ့ သလဲသီးဖျော်ရည်နဲ့အတူ Orange Juice ၊ ရှန်ပိန်တို့နဲ့ ပေါင်းစပ်ဖျော်ထားပါတယ်။ စွဲမက်ဖွယ်အရောင်နဲ့ လူကြိုက်များတဲ့ အကောင်းဆုံး ရှန်ပိန် ကော့လ်တေးတွေထဲက တစ်မျိုးဖြစ်ပါတယ်။

Featured Photo : Delish