ဘရန်ဒီ သောက်ရတာလည်း ကြိုက်တယ်၊ ကော့တေး သောက်ရတာကိုလည်း ခုံမင်တယ်ဆိုတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဘရန်ဒီ နှင့် နွားနို့ တို့ကို အချိုးကျကျ ရောစပ်ထားကာ ဖျော်စပ်ထားတဲ့ ကော့တေး တစ်ခွက် ဖန်တီးပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘရန်ဒီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရမ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • Simple Syrup စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥအကာ တစ်လုံး (ကြက်ဥအလုံးကြီးကြီးလေးကို ရွေးချယ်ပါ။ ကြက်ဥအကာ မထည့်လည်း ရပါတယ်။ မိမိစိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။)

ဘရန်ဒီ နွားနို့

  • အလှဆင်ဖို့ရန်အတွက် ဇာတိဗ္ဗိုလ်မှုန့် အနည်းငယ်

အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်ပါ။​

ဘရန်ဒီ နွားနို့

၂။ Cocktail Shaker ထဲတွင် ရေခဲတုံးများထည့်ပါ။ ထို့နောက် ဘရန်ဒီ စားပွဲတင်ဇွန်း ၄ ဇွန်း ၊ ရမ် စားပွဲတင်ဇွန်း ၂ ဇွန်း ၊ နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်း ၊ Simple Syrup စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ကြက်ဥအကာ တစ်လုံး အစရှိသည်တို့ လိုအပ်ပါလိမ့်မယ်။

ကြက်ဥအကာကတော့ မကြိုက်ဘူးဆိုရင် မထည့်လည်း ရပါတယ်။

ဘရန်ဒီ နွားနို့

၃။ ထို့နောက် Cocktail Shaker ကို အဖုံးပိတ်လိုက်ကာ ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

Brandy milk cocktail

၄။ ပြီးသွားတဲ့အခါမှာတော့ မိမိကြိုက်နှစ်သက်ရာ ဖန်ခွက်ထဲ ထည့်လိုက်ပါ။ Cocktail Shaker ထဲက ရေခဲတုံးများကိုတော့ တစ်ခါတည်း ပေါင်းထည့်လို့လည်းရသလို ရေခဲတုံး မကြိုက်ပါက ဖယ်လိုက်လို့လည်း ရပါတယ်။​

၅။ အားလုံးပြီးသွားတဲ့အခါမှာတော့ ဇာတိဗ္ဗိုလ်မှုန့် အနည်းငယ် ဖြူးထည့်ကာ မိမိစိတ်ကြိုက် အလှဆင်နိုင်ပါတယ်။

ဒါဆိုရင်တော့ ဘရန်ဒီ နှင့် နွားနို့တို့ကို အချိုးကျကျ ပေါင်းစပ်ထားကာ ဖျော်စပ်ထားတဲ့ အလန်းစား ကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Brandy milk cocktail

တကယ်လို့ ကွီးတို့က နွားနို့ မကြိုက်ဘူးဆိုရင်လည်း နွားနို့အစား ပဲနို့တို့ အယ်လ်မွန်နို့ စသည်ဖြင့် မိမိစိတ်ကြိုက် အစားထိုး ပြောင်းလဲကာ အသုံးပြုနိုင်ပါတယ်။ မိမိ ကြိုက်နှစ်သက်ရာ အမြည်းလေးနဲ့ တွဲဖက်မြည်းစားနိုင်ပါတယ်။ အရသာကတော့ ဆွေမျိုးမေ့သွားလောက်အောင် စွဲမက်ဖွယ်ကောင်းတဲ့ အရသာတစ်ခုဖြစ်တယ်ဆိုတာကိုတော့ ကွီးတို့ကိုယ်တိုင် စမ်းသောက်ကြည့်မှ ခံစားသိမှာပါ။

Source: Thespruceeats

Featured Image: Thespruceeats