၂၀၂၂ ခုနှစ်အတွင်း အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Laptop တွေက ဘယ်အမျိုးအစားတွေ ဖြစ်မလဲ။ ကွီးတို့အနေနဲ့ Laptop အသစ်တစ်လုံး ဝယ်ပြီး Upgrade လုပ်ဖို့ စဥ်းစားနေတယ်ဆိုရင်တော့ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ Laptop တွေကို သေသေချာချာ လေ့လာထားဖို့ လိုအပ်ပါလိမ့်မယ်။

၂၀၂၂ ခုနှစ် တစ်နှစ်တာလုံးအတွင်း အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Laptop အမျိုးအစားများကတော့ …

Apple MacBook Air M1 2020

၂၀၂၂ Laptop

Photo: Techradar

ဒီနှစ်ထဲမှာ M2  မော်ဒယ်အမျိုးအစား အသစ်ထွက်လာတယ်ဆိုပေမယ့်လည်း ကွီးတို့အနေနဲ့ ဈေးသက်သာတာမျိုးကိုပဲ ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ၉၉၉ ဒေါ်လာ ကုန်ကျမယ့် M1 အမျိုးအစားကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ ဘက္ထရီကလည်း ၁၈ နာရီတောင် အသုံးခံတာကြောင့် ရုံးသမားတွေရော ကျောင်းသမားတွေအတွက်ပါ သင့်တော်ပါတယ်။

Dell XPS 13

၂၀၂၂ Laptop

Photo : CNET

MacBook Air M1 ကို မဝယ်ချင်ဘူး၊ သူ့ထက် ဈေးသက်သာတာမျိုးကို ဝယ်ချင်ပြီး MacBook လိုမျိုးလည်း သုံးရတာ ပေါ့ပေါ့ပါးပါးနဲ့ အသုံးခံတာမျိုးကို လိုချင်တယ်ဆိုရင်တော့ Dell XPS 13 အမျိုးအစားရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၄၉ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

HP Pavilion Aero 13

၂၀၂၂ Laptop

Photo: Financialexpress

ဒေါ်လာ ၁၀၀ အောက် အကောင်းစား လက်ပ်တော့မျိုးကို ဝယ်ယူချင်ပါသလား။ ဒါဆိုရင်တော့ ဒီအမျိုးအစားလေးကို ရွေးချယ်သင့်ပါတယ်။ အလေးချိန်က ၂ ပေါင်ခန့်သာ လေးပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၈၉၀ ပတ်ချာလည်ပဲ ရှိတာပါ။

Apple MacBook Air M2

၂၀၂၂ Laptop

Photo: Theguardian

M1 ရဲ့ ဒီဇိုင်းကို မကြိုက်ဘူးဆိုရင်တော့ ဒီဇိုင်းအသစ်ဖြစ်တဲ့ M2 ကို ရွေးချယ်နိုင်ပါတယ်။ သူ့ဘက္ထရီကတော့ M1 ထက် ၄ နာရီပိုခံပါတယ်။ ဈေးနှုန်းကတော့ ၁၁၉၉ ဒေါ်လာကနေ စတင်ဝယ်ယူနိုင်ပါတယ်။

Lenovo Yoga 7i Gen 7 (14-inch)

Lenovo Yoga 7i Gen 7 (14-inch)

Photo: Amazon

၂၀၂၂ ခုနှစ်အတွင်း အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ နောက်ထပ် အမျိုးအစာတစ်ခုကတော့ Lenovo Yoga 7i Gen 7 (14-inch) ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀၀ ပေးဝဘ်ရမှာဖြစ်ပါတယ်။ ဖန်ရှင်အမျိုးအစားလည်း စုံလင်ပြီး ဘက္ထရီကတော့ ၁၂ နာရီနဲ့ ၄၅ မိနစ်ခန့်အထိ ခံပါတယ်။

Dell Inspiron 16 Plus

Dell Inspiron 16 Plus

Photo: Expertreviews

ဗွီဒီယိုတွေကို Edit လုပ်ရတယ်၊ ဖန်တီးရတယ်ဆိုတဲ့ ကွီးတို့အတွက်ကတော့ ဖန်ရှင် နည်းတဲ့ လက်ပတော့တွေနဲ့ သင့်တော်မှာမဟုတ်ပါဘူး။​ ဖန်ရှင်နှင့် စွမ်းဆောင်ရည်မြင့်မားတဲ့ လက်ပ်တော့လည်းဖြစ်ရမယ် ပိုက်ဆံချွေတာတဲ့အနေနဲ့ ဘက်ဂျက်လက်ပ်တော့လည်း ဖြစ်ရမယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀၀ ဝန်းကျင်ပါ။

Microsoft Surface Pro 8

Microsoft Surface Pro 8

Photo: Theverge

Surface ရဲ့ အမာခံ ပရိသတ်တွေအတွက်ကတော့ Surface Pro 8 လေးရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၇၀၊ ၈၀၀ ဝန်းကျင်ရှိပါတယ်။ ပေါ့ပေါ့ပါးပါးနှင့် စွမ်းဆောင်ရည် မြင့်မားတာမျိုးကို လိုချင်ရင်တော့ ဒီအမျိုးအစားက သင့်တော်ပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ အခြားသော အသုံးအဆောင် ပစ္စည်းပစ္စယတွေကို သပ်သပ်ထပ်ဝယ်ရမှာဆိုတော့ ဒေါ်လာ ၇၇၀ ၊ ၈၀၀ ထက် ပိုကုန်မယ်ဆိုတာကိုတော့ ထည့်တွက်ထားရမှာဖြစ်ပါတယ်။

ကွီးတို့ရော လက်ပ်တော့ အသစ်ဝယ်မယ်ဆိုရင် ဘယ်မော်ဒယ်အမျိုးအစားကို ရွေးချယ် ဝယ်ယူမယ်လို့ စဥ်းစားထားပါသလဲ။

Source: Cnet.com

Featured Image: Nytimes