ကျွန်တော်တို့ စားသောက်လိုက်တဲ့ အစားအစာတွေက ကိုယ်အလေးချိန် အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိတာ ကွီးတို့ သိပြီးသား ဖြစ်မှာပါ။ အစားအစာတွေအပြင် သောက်စရာများကပါ ကျွန်တော်တို့ရဲ့ ကိုယ်အလေးချိန် အတတ်အကျအပေါ် သက်ရောက်မှုရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဝိတ်ချ နေတဲ့ ကွီးတို့အတွက် လုံးဝကို ရှောင်သင့်တဲ့ အစားအစာ နဲ့ သောက်စရာများကို ဖော်ပြပေးချင်ပါတယ်။

အာလူးကြော်များ

ဝိတ်ချ အစားအစာ

Photo : NDTV Food

အာလူးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာဖြစ်ပေမဲ့၊ အာလူးကြော်တွေကတော့ ဝိတ်ချနေတဲ့ သူများအတွက် သတိထားရမဲ့ အစားအစာပါ။ အာလူးကြော်များက အရသာရှိပြီး များများစားရန် လွယ်ကူသဖြင့် အလွယ်တကူစားမိတတ်ပါတယ်။ ဒါပေမဲ့ အာလူးကြော်များမှာ ကယ်လိုရီများစွာ ပါဝင်ပါတယ်။ လေ့လာမှုတစ်ခုအရ အာလူးကြော်များက အခြားအစားအစာများထက် ထက်ပိုပြီး ကိုယ်အလေးချိန် တက်စေနိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ‌

ချောကလက်များ

ဝိတ်ချ အစားအစာ

Photo : The Spurce Eats

ချောကလက် ဘားတစ်ခုစီက ထုပ်ပိုးမှုမည်မျှပင်သေးငယ်ပါစေ၊ ပေါင်းထည့်ထားသော သကြားများ၊ သန့်စင်ထားသော ဂျုံမှုန့်၊ ဆီများ နှင့် အခြားအရာများ ပါဝင်ပါတယ်။ ဒါ့အပြင် ၎င်းတို့က ကယ်လိုရီများများ ပါဝင်တာကြောင့် ဝိတ်ချ နေတဲ့ ကွီးတို့ လုံးဝကို ရှောင်သင့်တဲ့ အစားအစာ တစ်ခုလို့ ပြောလို့ရပါတယ်။

ပီဇာနဲ့ အသားညှပ်ပေါင်မုန့်များ

ဝိတ်ချ အစားအစာ

Photo : TheFoodXP

ကျွန်တော်တို့ တော်တော်များများက ပီဇာကို ကြိုက်နှစ်သက်ကြသလို လွယ်လွယ်ကူကူ ရတဲ့ အသားညှပ်ပေါင်မုန့်များကိုလည်း မကြာခဏ စားမိတတ်ကြပါတယ်။ ပီဇာနဲ့ အသားညှပ်ပေါင်မုန့်များမှာ ကယ်လိုရီပါဝင်မှု မြင့်မားပြီး ဂျုံမှုန့်၊ ချိစ့်၊ ပြုပြင်ထားသော အသားများလည်း ပါဝင်ပါတယ်။ အကယ်၍ ကွီးတို့က ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေတယ်ဆိုရင် ဒီလို အစားအစာများကို မကြာခဏစားခြင်းကို လုံးဝ ရှောင်ရပါမယ်။

ချိစ့်

Cheese

Photo : Healthline

ကွီးတို့ရေ ချိစ့် သို့မဟုတ် ဒိန်ခဲစားခြင်းက ကျန်းမာရေး အကျိုးကျေးဇူးအချို့ ရှိသော်လည်း ကိုယ်အလေးချိန်လျှော့ချရန် ကြိုးစားနေချိန်တွင် ၎င်းတို့က ကောင်းမွန်သော ရွေးချယ်မှု မဟုတ်ပါ။ ချိစ့်မှာ အဆီနဲ့ ကယ်လိုရီပါဝင်မှု မြင့်မားပြီး ပုံမှန်စားရင် ကိုယ်အလေးချိန်တက်စေပြီး ကိုယ်အလေးချိန် လျှော့ချဖို့ ခက်ခဲစေမှာ သေချာပါတယ်။

ဘီယာ

beer

Photo : Atlanata Magazine

ဘီယာကြိုက်တဲ့ ကွီးတို့ရှိပါသလား။ အကယ်၍ ကွီးတို့က ဝိတ်ချဖို့ ကြိုးစားနေတယ်ဆိုရင် ဘီယာကို ဝိတ်ချနေစဉ် အတောအတွင်း ရှောင်ပါ သို့မဟုတ် ချင့်ချိန်သောက်သုံးပါ။ ဘီယာ ၁၂ အောင်စ သို့မဟုတ် ဘီယာတစ်ဘူးက ကွီးတို့ကို ကယ်လိုရီ ၁၀၀ ခန့်ထက်ပိုမပေးစွမ်းနိုင်ပါဘူး။ သို့သော် ကိုယ်အလေးချိန် လျှော့ချနေစဉ်အတွင်း များများသောက်သုံးမိပါက ကိုယ်အလေးချိန်လျှော့ချတဲ့ နေရာမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

Energy Drinks များ

energy drinks

Photo : Eat This, not That

ဝိတ်ချ နေတဲ့ ကွီးတို့ ရှောင်သင့်တဲ့ အစားအစာ နဲ့ သောက်စရာများထဲမှာ Energy Drinks များလည်း အပါအဝင်ဖြစ်ပါတယ်။ Energy Drinks များမှာ တတ်ကြွလန်းဆန်းစေတဲ့ ကဖိန်းဓာတ်အပါအဝင်၊ ဗီတာမင်များ၊ ဆေးဖက်ဝင်အပင်များ ဖြည့်စွက်စာများ၊ Creatine နဲ့ သကြားကဲ့သို့သော အခြားအရာများ ရှိတတ်ပါတယ်။ ဒါ့အပြင် ဒီလို Drinks တွေမှာ ကယ်လိုရီ အတိုင်းအတာ တစ်ခုထိ ပါဝင်နိုင်တာကြောင့် မသောက်ခင် ကယ်လိုရီ အညွှန်းကို သေချာစွာ ဖတ်ကြည့်ပြီး ရွေးချယ်နိုင်ပါတယ်။

Source : Web MD, FitterFly

Featured Photo : Mashed