ဟင်းချက်တဲ့အခါမှာ ဟင်းခပ်အမွှေးအကြိုင်များသည် မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းများ ဖြစ်သလိုပဲ ဝီစကီ နှင့် ကော့တေး များ ဖျော်စပ်တဲ့အခါမှာလည်း Bitters များသည် မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

Bitters ဆိုတာက ဘာလဲ။

Bitters ဆိုတာကတော့ သစ်သီးရနံ၊ သစ်ဥ၊ သစ်ဖုနှင့် အခြား ဆေးဖက်ဝင် ဖျော်ရည်များ ရောစပ်ကာ ဖော်စပ်ထားတဲ့ အယ်လ်ကိုဟော ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။ ဝီစကီ နှင့် ကော့တေး များ ဖျော်စပ်တဲ့အခါ Bitters ထည့်ပြီး ဖျော်စပ်မယ်ဆိုရင်တော့ အနံ့အရသာက မွှေးပျံ့သွားမှာဖြစ်ပြီး သောက်သုံးရတာသည်လည်း ပိုမိုအရသာ ထူးကဲသွားမှာပဲဖြစ်ပါတယ်။

ဝီစကီ နှင့် ကော့တေး များ ဖျော်စပ်တဲ့အခါ လိုအပ်တဲ့ Bitters အမျိုးအစားများ အမျိုးမျိုးရှိတဲ့အနက် အသုံးအများဆုံး Bitters များကို ဖော်ပြပေးလိုက်ရပါတယ်။

Angostura Bitters

ingredients for cocktails

ဒီအမျိုးအစားကတော့ အသုံးအများဆုံး အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ Mahanttan ကော့တေး ဖျော်စပ်တဲ့အခါပဲဖြစ်ဖြစ် Old Fashioned ကော့တေး ဖျော်စပ်တဲ့အခါမှာပဲဖြစ်ဖြစ် မရှိမဖြစ် လိုအပ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၉ ဒေါ်လာ ပေးချေရမှာပဲဖြစ်ပါတယ်။

Regan’s Orange Bitters

ingredients for cocktails

သူ့ရဲ့ အနံ့ အရသာကတော့ လိမ္မော်ရနံ့ ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ Classic ကော့တေးမျိုး ဖျော်စပ်ချင်တဲ့အခါ အသုံးပြုရမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ၁၇ ဒေါ်လာ ဝန်းကျင် ပေးဝယ်ရမှာဖြစ်ပါတယ်။

Peychaud’s Aromatic Cocktail Bitters

ingredients for cocktails

နောက်အမျိုးအစားတစ်ခုကတော့ Best Spiced ဆိုပြီး တင်စားခေါ်ဝေါ်ရတဲ့အထိ နာမည်ကြီးတဲ့ Bitters တစ်မျိုးပဲဖြစ်ပါတယ်။ သူ့တန်ဖိုးကတော့ ဒေါ်လာ ၁၁ ပေးဝယ်ရမှာဖြစ်ပါတယ်။

The Bitter Truth Grapefruit Bitters

ဝီစကီ ကော့တေး Bitters

ဒီ Bitter အမျိုးအစားကို အသုံးပြုမယ်ဆိုရင်တော့ အစက် တစ်စက်မှ နှစ်စက်ခန့်အထိ ထည့်ရင် လုံလောက်ပါပြီ။ သူ့ကို ရေ၊ အယ်လ်ကိုဟော၊ သကြား၊ ဆေးဖက်ဝင်အရွက်နှင့် အမွှေးအကြိုင်များဖြင့် အဓိကထား ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂၀ ဖြစ်ပါတယ်။

Scrappy’s Bitters Chocolate Bitters

ဝီစကီ ကော့တေး Bitters

ချောကလက် အနံ့ သင်းသင်းလေးနဲ့ ကော့တေး ဖျော်သောက်ချင်တယ်ဆိုရင်တော့ Scrappy’s Bitters Chocolate Bitters ကို ရွေးချယ်သင့်ပါတယ်။ သူ့ရဲ့ ဝယ်ယူမယ်ဆိုရင်တော့ ၂၂ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။

Woodford Reserve Spiced Cherry Bitters

ဝီစကီ ကော့တေး Bitters

မချိုလွန်း၊ မချဥ်လွန်းတဲ့ အရသာရှိတဲ့ Bitter တစ်မျိုးဖြစ်ပါတယ်။ ချယ်ရီအရသာဖြစ်ပြီးတော့ ဝီစကီ ကော့တေးများ ဖျော်စပ်ဖို့ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။

Free Brothers Black Walnut Bitters

ဝီစကီ ကော့တေး Bitters

Classic ဆန်တဲ့ ကော့တေးမျိုး ဖျော်စပ်ချင်တယ်ဆိုရင်တော့ Free Brothers Black Walnut Bitters က မရှိမဖြစ်ပါပဲ။ ဒါပေမယ့် သင့်မှာ မြေပဲ (သို့) အခွံမာသီးများနှင့် ဓာတ်မတည့်ဘူးဆိုရင်တော့ ဒီအမျိုးအစားကို အသုံးမပြုသင့်ပါဘူး။

The Bitter Truth Cocktail Bitters Travel Set

ဝီစကီ ကော့တေး Bitters

Travel Set ဆိုတဲ့အတိုင်း ပုလင်းလေးက သေးသေးကွေးကွေးနဲ့ ခရီးသွားတဲ့အခါ ယူဆောင်သွားလို့ရအောင် ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ အမျိုးအစား စုံစုံလင်လင် ပါရှိပြီး လက်ဆောင်ပေးချင်တယ်ဆိုရင်လည်း ပေးလို့ရတဲ့အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၀ ဒေါ်လာ ရှိပါတယ်။

Source: Thespruceeats

Featured Image: Freepik