ကော့တေးချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ အရသာ စွဲမက်ဖွယ်ကောင်းတဲ့ Brandy Crusta ကော့တေး တစ်ခွက် ဖျော်စပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ဒီကော့တေး ဖျော်စပ်တဲ့အခါ အသုံးပြုရမယ့် ဘရန်ဒီအမျိုးအစားသည် သက်တမ်းရင့် ဘရန်ဒီ အမျိုးအစားကို အသုံးပြုမယ်ဆိုရင် အရသာကို ပိုမိုထူးကဲကောင်းမွန်မှာပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- သကြား အနည်းငယ်
- သက်တမ်းရင့် ဘရန်ဒီ စားပွဲတင်ဇွန်း ၃ ဇွန်း
- Simple Syrup စားပွဲတင်ဇွန်း ၁ ဇွန်း
- Cointreau စားပွဲတင်ဇွန်း ၁ ဇွန်း

- Maraschino Liqueur စားပွဲတင်ဇွန်း တစ်ဝက်
- Angostura Aromatic Bitters ၂ စက်ခန့်
- အလှဆင်ဖို့ရန်အတွက် လိမ္မော်ခွံ အနည်းငယ်
အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့် ပြင်ထားလိုက်ပါ။

၂။ မိမိကြိုက်နှစ်သက်ရာ ကော့တေး ဖန်ခွက်တစ်ခွက်ကို အဆင်သင့် ပြင်ထားပါ။ ထို့နောက် သန့်ရှင်းတဲ့ အဝတ်စကို သံပုယိုရည်ထဲ ထည့်နှစ်ပြီးနောက် ခွက်ရဲ့ နှုတ်ခမ်းဝကို ပွတ်တိုက်ပေးလိုက်ပါ။

၃။ ထို့နောက် ခွက်နှုတ်ခမ်းရဲ့ အပြင်ဘက်ကို သကြားများဖြင့် ကပ်ပေးလိုက်ပါ။ ထို့နောက် စောစောက သံပုယိုရည် ဆွတ်ထားသော အဝတ်ကို အသုံးပြုကာ သကြားများ မညီမညာ ကပ်နေပါက လိုက်လံ သုတ်ပေးနိုင်ပါတယ်။

၄။ ထို့နောက် ကော့တေး ရှိတ်ကာထဲတွင် ကျန်ရှိနေတဲ့ သံပုယိုရည်၊ သက်တမ်းရင့် ဘရန်ဒီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ Simple Syrup စားပွဲတင်ဇွန်း ၁ ဇွန်း၊ Cointreau စားပွဲတင်ဇွန်း ၁ ဇွန်း၊ Maraschino Liqueur စားပွဲတင်ဇွန်း တစ်ဝက် နှင့် Angostura Aromatic Bitters ၂ စက်ခန့်တို့ထည့်ပါ။ ထို့နောက် ရေခဲတုံးများပါ ထည့်လိုက်ပါ။ ပြီးတဲ့အခါမှာတော့ Cocktail Shaker ရဲ့ အဖုံးကို လုံအောင် ပိတ်ပြီးနောက် ၁၀ စက္ကန့်ခန့် ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ရပါမယ်။
၅။ ရရှိလာတဲ့ ကော့တေးဖျော်ရည်များကို စောစောက ကော့တေးဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။

၆။ နောက်ဆုံးမှာတော့ လိမ္မော်ခွံဖြင့် အလှဆင်ပေးလိုက်နိုင်ပါပြီ။
ဒါဆိုရင်တော့ ကွီးတို့အားလုံး ကြိုက်နှစ်သက်မယ့် Brandy Crusta ကော့တေး တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

တကယ်လို့ ကွီးတို့က ဒီကော့တေး အရောင်ကို မကြိုက်ဘူး အပြာရောင် ကော့တေးအဖြစ် ပြောင်းလဲချင်တယ်ဆိုရင်လည်း အလွယ်လေးပါပဲ။ Cointreau အစား Blue Curaçao ကို အစားထိုး အသုံးပြုလိုက်ရုံပါပဲ။ ကျန်တဲ့အဆင့်တွေကတော့ စောစောက ပြုလုပ်ပုံ ပြုလုပ်နည်းတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ် သောက်သုံးပြီးတဲ့အခါ မြည်းစမ်း ခံစားကြည့်ရတဲ့ အတွေ့အကြုံလေးကို ပြန်လည် ဝေမျှပေးခဲ့နိုင်ပါတယ်။
Source: Thespruceeats
Featured Image: Thespruceeats
