ကိုယ်တိုင် ကျင်းပမဲ့ ပါတီမှာ ဖြစ်စေ၊ မိသားစု ဒင်နာမှာဖြစ်စေ ညစာမစားခင် တည့်ခင်းဧည့်ခံ သုံးဆောင်ဖို့ အရသာရှိတဲ့ ကော့လ်တေး တစ်မျိုးမျိုးကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ စွဲမက်ဖွယ် အရောင်အဆင်းနဲ့ ဂန္တဝင်ကော့လ်တေး တစ်ခုဖြစ်တဲ့ The Negroni Cocktail က စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ကို အရသာရှိပြီး အရောင်အဆင်းလှပတဲ့ ဒီ ဂန္ထဝင် The Negroni ကော့လ်တေး ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ဂန္ထဝင် The Negroni ကော့လ်တေး ကော့လ်တေး ဖျော်စပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို အရင်ဆုံး ဖော်ပြပေးပါမယ်။

Photo : The Spruce Eats
- ဂျင် ၁ အောင်စ
- Sweet Vermouth ၁ အောင်စ
- Campari ၁ အောင်စ
- ရေခဲများ
- လိမ္မော်သီး
- အလှဆင်ရန်အတွက် လိမ္မော်သီးစိပ် သို့မဟုတ် လိမ္မော်ခွံကို လိမ်ပြီးလှီးထားပါ။
ဒီကော့လ်တေးမှာ ပါဝင်တဲ့ Sweet Vermouth ဆိုတာကတော့ ဆေးဖက်ဝင်အပင်များပါဝင်ပြီး အနံ့ အရသာရှိသော ဝိုင်တစ်မျိုး ဖြစ်ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းမှာ ကော့လ်တေးများ အတွက် အဓိကပါဝင်ပစ္စည်းအဖြစ် Bartenders များအကြား ရေပန်းစားလာခဲ့ပြီး အသုံးပြုလာခဲ့ပါတယ်။ နောက်ထပ် ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Campari ဆိုတာကတော့ ခါးသော ဆေးဖက်ဝင် အပင်များနဲ့ အသီးအနှံများကို အရက်နဲ့ ရေတွင် ပြုတ်ပြီး ပြုတ်ရည်မှ ရရှိလာတဲ့ အယ်လ်ကိုဟော အရည်တစ်မျိုး ဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်း နှစ်မျိုးလုံးက ကော့လ်တေးကို အနံ့အရသာနဲ့ ပြည့်စုံကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဒီကော့လ်တေးမှာ ထည့်သွင်းမဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ ဂျင်ကို အရည်အသွေးမြင့်ပြီး အမျိုးအစားကောင်းမွန်သော ဂျင် ကို ရွေးချယ်သင့်ပါတယ်။
ပါဝင်ပစ္စည်းတွေ စုံလင်ပြီဆိုရင်တော့ ကော့လ်တေး ဖျော်စပ်ဖို့ အသင့်ဖြစ်ပါပြီ။ ဖျော်စပ်ပုံကတော့
(၁) အရင်ဆုံး ပါဝင်ပစ္စည်းများကို တစ်နေရာတည်းတွင် စုလိုက်ပါ။

Photo : The Spruce Eats
(၂) The Negroni ကော့လ်တေးကို တည့်ခင်းဧည့်ခံတဲ့နေရာမှာ Old-Fashioned ဖန်ခွက်ကို အသုံးပြုပါတယ်။ ဒါကြောင့် Old-Fashioned ဖန်ခွက်တစ်ခုထဲတွင် ရေခဲများဖြင့် ဖြည့်ပါ။ ပြီးလျှင် ဖန်ခွက်ထဲသို့ ဂျင်၊ Sweet Vermouth နဲ့ Campari တို့ကိုလောင်းထည့်ပါ။

Photo : The Spruce Eats
(၄) ပြီးလျှင် သေချာစွာ မွှေပါ။

Photo : The Spruce Eats
ဖန်ခွက်အပေါ်မှ လိမ္မော်သီးကို ညင်သာစွာ ညှစ်ပါ။ နောက်ဆုံးအနေဖြင့် အလှဆင်ရန်အတွက် လိမ္မော်သီးစိပ် သို့မဟုတ် လိမ်ပြီး လှီးထားသော လိမ္မော်ခွံလေးဖြင့် အလှဆင်ပါ။ ဒါဆိုရင်တော့ ပါတီပွဲတွေ၊ ဒင်နာပွဲတွေမှာ ညစာမတိုင်ခင် တည့်ခင်းဧည့်ခံနိုင်တဲ့ စွဲမက်ဖွယ် အရောင်အဆင်းနဲ့ ဂန္ထဝင် The Negroni ကော့လ်တေး တစ်ခွက်ရပါပြီ။
Source : The Spruce Eats
Featured Photo : European Bartender School
