လူတိုင်းလူတိုင်းက ကျန်းမာရေးပြည့်စုံကောင်းမွန်ဖို့ အလိုရှိကြပါတယ်။ အာရုံခံစားမှုအင်္ဂါအားလုံး ကောင်းမွန်နေဖို့ လိုပါတယ်။ ကွီးရဲ့နားက ဦးနှောက်သို့ အသံနှင့် ဟန်ချက်ညီသော သတင်းအချက်အလက်များ ပေးပို့တဲ့ အလုပ်ကို လုပ်‌ဆောင်ပါတယ်။ ပြီးတော့ လိုအပ်တဲ့ တုန့်ပြန်မှုကို လုပ်ဆောင်ပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ကွီးတို့ရဲ့ နားက ဘာအသံမှ မကြားတော့ဘူးဆိုရင် ဘဝမှာ လုံးဝဆုံးရှုံးပြီလို့ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ နားကျန်းမာရေးက အမှန်တကယ်ပင် အရေးကြီးပါတယ်။ ကွီးတို့ရဲ့ အကြားအာရုံနဲ့ နား ကျန်းမာရေး ကို ဂရုစိုက်ဖို့နဲ့ သေချာစွာ ပြုမူနေထိုင်မှု အကြံပြုချက်တွေနဲ့ လိုက်နာရမဲ့ အချက်လေးတွေကို ပြောပြထားပါတယ်။

(၁) နားအတွင်းကို မဆွပါနဲ့

နား ကျန်းမာရေး

Photo : Value Hearing

ကွီးတို့ရေ နားအတွင်းပိုင်းက သိမ်မွေ့ပြီး ထိလွယ်ရှလွယ်ပါတယ်။ ဒါကြောင့် အတွင်းပိုင်းကို နှိုက်တာ၊ ဆွတာတွေကို လုံးဝမလုပ်ပါနဲ့။ မာကြောတဲ့အရာတွေ တခါတရံ သုံးနေကြ ဂွမ်းစတွေကတောင် နားရဲ့ အတွင်းပိုင်းကို ထိခိုက်စေနိုင်ပါတယ်။ နားချေးတွေကို ထုတ်တဲ့အခါ ထိခိုက်မှု မရှိအောင် သတိပြုပြီး နူးညံ့တဲ့ ဂွမ်းစတွေကို အသုံးပြုပါ။

(၂) နားများကို သန့်ရှင်းအောင် ထားပါ

နား ကျန်းမာရေး

Photo : New York Post

အကြားအာရုံနဲ့ နား ကျန်းမာရေး ကို ထိခိုက်စေတဲ့ အချက်တစ်ချက်ထဲမှာ နားကို သေချာစွာ သန့်ရှင်းရေးမလုပ်ခြင်းနဲ့ သန့်ရှင်းရေးလုပ်ပုံ မှားယွင်းခြင်းတို့ကြောင့် အများကြီးပါဝင်ပါတယ်။ နားပေါက်များက ကိုယ်တိုင်သန့်ရှင်းပြီး နားချေးတွေက အပြင်ဖက်ကို ရောက်စေပါတယ်။ နားချေး တွေက နားအတွင်းပိုင်းမှာ ရှိမနေပါဘူး။ ဒါကြောင့် ဝါဂွမ်းကို နားအတွင်းပိုင်းထိ ရောက်အောင် သုံးလိုက်တာနဲ့ ပိုဆိုးသွားတာပါပဲ။ နားရွက်များ သန့်ရှင်းနေစေဖို့အတွက် နားအတွင်းပိုင်းကို ရေလုံးဝမဝင်စေဘဲ နားရဲ့ မြင်နိုင်သော အစိတ်အပိုင်းများကို ဆပ်ပြာနဲ့ရေကို သုံးပြီး အပေါ်ယံ ဆေးကြောပါ။ သန့်စင်ပြီးပါက ရေခြောက်စေရန် သန့်ရှင်းသော မျက်နှာသုတ်ပုဝါကို အသုံးပြုပါ။ နားရွက်ကို ရေဝင်ပြီး ယားယံခြင်းမှ ရှောင်ရှားဖို့ ရေထဲမှာ နားရွက်ကို မစိမ်ပါနှင့်။ တစ်ခါတစ်ရံမှာ အချို့သော အခြေအနေများကြောင့် နားချေးများ သိသိသာသာ စုပုံနေတတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ကျွမ်းကျင်သူများရဲ့ အကူအညီနဲ့ နားသန့်ရှင်းရေး လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် ဒီနေ့ခေတ်မှာ နားကို မထိခိုက်စေဘဲ နားသန့်ရှင်းရေး ပြုလုပ်နိုင်တဲ့ နားကြတ်တံလို ပစ္စည်းလေးတွေကို အလွယ်တကူ ရရှိနိုင်နေပါပြီ။

(၃) ကျယ်လောင်သော အသံတွေကို သတိထားပါ

နား ကျန်းမာရေး

Photo : Health Blog

ပတ်ဝန်းကျင်က ဆူညံနေတဲ့အသံတွေကို သက်သာစေဖို့ လူတော်တော်များများက နားကြပ်ကို အသုံးပြုကြပါတယ်။ ဆူညံသံကြောင့် အကြားအာရုံဆုံးရှုံးခြင်းမှ ကာကွယ်ဖို့အတွက် အသုံးပြုတဲ့ နားကြပ်အမျိုးအစားက သက်သောင့်သက်သာရှိသော အဆင့်တွင် ထားရှိရန် အရေးကြီးပါတယ်။ ဖျော်ဖြေပွဲတွေ၊ မော်တော်ဆိုင်ကယ် ပြိုင်ပွဲတွေ သို့မဟုတ် နိုက်ကလပ်တွေလို အသံတွေ ကျယ်လောင် လွန်းသည့် နေရာများတွင် နားကြပ်တပ်ပါ။ ကျယ်လောင်သော ဆူညံသံများနဲ့ အချိန်အတော်ကြာ ထိတွေ့နေရသည့် အခြေအနေမျိုးမှာ နားကို အနားပေးဖို့ မမေ့ပါနဲ့။

(၄) နားကိုစစ်ဆေးပါ

EAR hEALTH

Photo : hearinginfo.net

ကွီးအနေနဲ့ အခြားသူတွေနဲ့ စကားပြောတဲ့အခါ ကြားဖို့ခက်ခဲတာ ၊ အခြားသူများပြောတာကို နားလည်မှုလွဲတာ သို့မဟုတ် အခြားသူစကားကို ထပ်ခါတလဲလဲ တောင်းဆိုနေရပြီဆိုရင် တဖြည်းဖြည်း အကြားအာရုံဆုံးရှုံးမှုကို ကြုံတွေ့ရနိုင်ပါတယ်။ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုလုပ်တဲ့အခါ နားများကို စစ်ဆေးခိုင်းပါ။ နောက်ထပ်စစ်ဆေးမှုလိုအပ်မယ်ဆိုရင် နားရောဂါဆရာဝန်များနဲ့ ပြသကုသမှု ခံယူပါ။ ကုသမှုမခံယူဘဲ အကြားအာရုံဆုံးရှုံးခြင်းက စိတ်ဓာတ်ကျခြင်းနှင့် စိတ်ကျရောဂါ အပါအဝင် အခြားသော ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နားနာခြင်း သို့မဟုတ် အကြားအာရုံ ပြောင်းလဲမှု တစ်ခုခု သတိပြုမိတာနဲ့ ကျွမ်းကျင်သူတွေနဲ့ ပြသဖို့ မမေ့ပါနဲ့။

(၅) စိတ်ဖိစီးမှု မဖြစ်ပါနဲ့

EAR health

Photo : Salon

ပြင်းထန်တဲ့ စိတ်ဖိစီးမှုက နားထဲတွင် အသံတွေကြားနေတယ် ထွက်နေတယ်လို့ အများအားဖြင့် သိကြသည့် Tinnitus ကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက အခြားကျန်းမာရေး ပြဿနာတွေအပြင် နားထဲတွင် အသံမြည်တာ၊ နားမကြားတာ၊ အာရုံစူးစိုက်မှု မလုပ်နိုင်တာ၊ အိပ်မပျော်တာနှင့် အကြားအာရုံ ဆုံးရှုံးတာတွေကို ဖြစ်စေနိုင်ပါတယ်။ Tinnitus မကြာခဏဖြစ်လာပါက ကွီးရဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ၊ လုပ်ရိုးလုပ်စဉ်ကိုပြောင်းလဲပါ။ ပင်ပင်ပန်းပန်းအလုပ်လုပ်ခြင်းမှ မကြာခဏအနားယူပါ။ အလွန်ကျယ်လောင်သော ပတ်ဝန်းကျင်ကို ရှောင်ပါ။ ကွီးနားထဲတွင် မကြာခဏ အသံထွက်နေတာ သို့မဟုတ် အသံမြည်နေရင် ဆရာဝန်နဲ့ ပြသပါ။

အထက်မှာ တင်ပြခဲ့တာတွေက ကျွမ်းကျင်သူတွေရဲ့ နား ကျန်းမာရေး နဲ့ ပတ်သက်ပြီး အကြံပြုချက်တွေ ဖြစ်ပါတယ်။ လိုက်နာဆောင်ရွက်ခြင်းက ကွီးအတွက် အကြားအာရုံ ကောင်းဖို့အတွက် အများကြီး အကျိုးပြုပါတယ်။

Source : Envolve

Featured Photo : Sacent