ဂိမ်း ဆော့ဖို့ရန်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Gaming ဖုန်းတွေသည် ဂိမ်းဆော့တဲ့အခါမှာ Performance အလန်းစားနှင့် ဆော့ကစားနိုင်ပေမယ့် ဖုန်း ဒီဇိုင်းပိုင်းကျတော့ ဂွမ်းသွားပြန်ပါတယ်။ ဂိမ်းဆော့ဖို့ သီးသန့်ရည်ရွယ်ထားတယ်၊ ဒီဇိုင်းကာလာအနေအထားက ဘယ်လိုလာလာ ကိစ္စမရှိဘူးဆိုရင်တော့ ကွီးတို့အတွက် Gaming ဖုန်းတွေက သင့်တော်ပါတယ်။

သို့သော် ဒီဇိုင်းပိုင်းကိုလည်း အသားပေးချင်တယ်၊ ဂိမ်း ဆော့တဲ့အခါမှာလည်း သွက်လက်ပေါ့ပါးတဲ့ Performance နှင့် ဆော့ကစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖုန်း များကို ရွေးချယ်နိုင်ပါတယ်။ အခုဖော်ပြမယ့် ဖုန်းတွေသည် ဂိမ်း ကစားဖို့သီးသန့်မဟုတ်ပေမယ့် ဂိမ်းဆော့လို့လည်းကောင်း Performance လည်း မြင့်တဲ့ အမိုက်စား စမတ် ဖုန်း တွေပဲဖြစ်ပါတယ်။

Sony Xperia 1 IV

ဂိမ်း Performance ဖုန်း

ဒီဖုန်း မော်ဒယ်ကတော့ ၂၀၂၂ ခုနှစ်၊ ဇွန်လက ထွက်ရှိခဲ့တာဖြစ်ပြီး အလေးချိန်ကတော့ ၁၈၅ ဂရမ်ပဲဆိုတော့ ပေါ့ပါးပါတယ်။ OS ကတော့ Android 12 ကို အသုံးပြုထားတာဖြစ်ပါတယ်။ စခရင်မ် အရွယ်အစားကတော့ ၆.၅ လက်မ ရှိပြီး Resolution ပိုင်းကတော့ 1644 x 3840 ဆိုတော့ ဂိမ်းဆော့ရတဲ့ ဖီလင်က ရှယ်ပါပဲ။ ဘက္ထရီပိုင်းကျပြန်တော့ 5000mAh ကို အသုံးပြုထားတာဆိုတော့ ဘက္ထရီအချိန်ကြာကြာနဲ့ ဂိမ်းဆော့လို့ရပါတယ်။ ဓာတ်ပုံရိုက်ချင်သူများအတွက်လည်း အကောင်းစား ကင်မရာများကို အသုံးပြုထားတဲ့အတွက်ကြောင့် ဓာတ်ပုံလည်းရိုက်၊ ဂိမ်းလည်းဆော့၊ ဘက်စုံသုံးနိုင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၉၈.၅၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။

iPhone 14 Pro Max

ဂိမ်း Performance ဖုန်း

လတ်တလောမှာ လူကြိုက်များနေတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ သူ့အလေးချိန်ကတော့ ၂၄၀ ဂရမ်ရှိပြီး iOS 16 ကို အသုံးပြုထားတာဖြစ်ပါတယ်။ စခရင်မ် အရွယ်အစားကတော့ ၆.၇ လက်မရှိပြီး ဘက္ထရီကတော့ 4323mAh ဖြစ်ပါတယ်။ Resolution အနေနဲ့ကတော့ 1290 x 2796 ရှိပြီး A16 Bionic ကို အသုံးပြုထားပါတယ်။ ဂိမ်း ဆော့တဲ့အခါမှာလည်း ပေါ့ပါးသွက်လက်တဲ့ Performance နဲ့ ဆော့ကစားနိုင်တဲ့ စမတ် ဖုန်း တစ်လုံးပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ကိုယ် ရွေးချယ်တဲ့ Storage အမျိုးအစားပေါ် မူတည်ပြီး ဒေါ်လာ အနည်းငယ် ကွာဟမှု ရှိပါလိမ့်မယ်။

Samsung Galaxy S22 Ultra

ဂိမ်း Performance ဖုန်း

ဒီအမျိုးအစားကတော့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး အလေးချိန်ကတော့ ၂၂၈ ဂရမ် လေးပါတယ်။ OS အတွက်ကတော့ Android 12 ဖြစ်ပြီး စခရင်မ် အရွယ်အစားအားဖြင့် ၆.၈ လက်မ​ ရှိပါတယ်။ Resolution ပိုင်းကတော့ 1440 x 3088 ဖြစ်ပြီး Storage ပိုင်းကတော့ 128GB ၊ 256GB ၊ 512GB နှင့် 1TB စသည်ဖြင့် အသီးသီး ရွေးချယ်စရာရှိပါတယ်။ သူ့ရဲ့ ဘက္ထရီကတော့ 5000mAh ကို အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် ဂိမ်းဆော့တဲ့အခါမှာလည်း အချိန်အကြာကြီး ဆော့ကစားနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၇၀၈ ဒေါ်လာကနေ Storage ပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုး ကွဲသွားမှာပဲဖြစ်ပါတယ်။

OnePlus 10T

OnePlus 10T

နောက်ထပ် ဂိမ်းဆော့လို့လည်းကောင်းပြီး ဒီဇိုင်းလည်း မိမိုက်နေတဲ့ ဖုန်းကတော့ OnePlus 10T

ပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက ထွက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ စခရင်မ် အရွယ်အစားကတော့ ၆.၇ လက်မရှိပါတယ်။ Resolution ကတော့ 1080 x 2412 ရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ အားသွင်းရတာလည်း မြန်ဆန်တဲ့အတွက်ကြောင့် ဂိမ်းဆော့ဖို့ရန်အတွက် အချိန်အကြာကြီး စောင့်စရာမလိုပါဘူး။

Poco F4 GT

Poco F4 GT

နောက်ထပ် အမျိုးအစားတစ်ခုကတော့ ဈေးကွက်ထဲမှာ တဖြည်းဖြည်း နာမည်ရလာပြီဖြစ်တဲ့ Poco အမျိုးအစားပဲ ဖြစ်ပါတယ်။ သူ့တန်ဖိုးကတော့ ဒေါ်လာ ၅၄၀ ဝန်းကျင် ရှိပါတယ်။ ဂိမ်းချစ်သူများအကြားလည်း နာမည်ကြီးတဲ့ စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ဘက္ထရီကတော့ 4700mAh ကို အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် ဘက္ထရီအတွက် ပူစရာမလိုဘဲ အေးအေးလူလူ ဂိမ်းဆော့နိုင်ပါတယ်။

Source: Techradar

Featured Image: Thesun.co.uk