သူငယ်ချင်းကို ချစ်သူအဖြစ် ရွေးချယ်မလားဆိုတဲ့ မေးခွန်းက တော်တော်လေး အမြင်ကွဲလွဲစရာ ရှိပါတယ်။ တစ်ချို့ကလည်း ကြိုက်စရာလူမရှိရင်တောင် တစ်သက်လုံး FA အဖြစ်ခံမယ် သူငယ်ချင်းနဲ့တော့ မတွဲနိုင်ဘူးလို့ ယတိပြတ်ပြောကြသလို တချို့ကလည်း တစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်း သိနေတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေကနေ ချစ်သူအဖြစ် အဆင့်တက်တာက ပိုကောင်းတယ်လို့ ဆိုကြပါတယ်။ ဘယ်လိုပဲ အမြင်တွေမတူပါစေ Relationship တစ်ခု တည်ဆောက်တော့မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှ ၊ နားလည်မှုရှိရှိနဲ့ ချစ်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ကွီးတို့အနေနဲ့ အခင်ဆုံး သူငယ်ချင်း ကို ချစ်သူ အဖြစ်ရွေးချယ်မယ်ဆိုရင်တော့ အခုပြောပြမယ့် ကောင်းကျိုးတွေ ရနိုင်ပါတယ်။
(၁) ငယ်ချစ်သံယောဇဉ်က ပိုခိုင်မာတယ်
Photo : Zoosk
ငယ်ကအချစ် နှစ်တစ်ရာမမေ့သာ ဆိုသလိုပါပဲ နှစ်တွေအကြာကြီး တူလာကြတဲ့ စုံတွဲတော်တော်များများဟာ ကျောင်းသားဘဝထဲက စချစ်ခဲ့ကြသူတွေပါ။ ငယ်ချစ်သံယောဇဉ်က တခြား Relationship တွေထက် ပိုခိုင်မာမှုရှိတယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပါပဲ။
(၂) ယုံကြည်မှု ပိုရှိတယ်
Photo : Promescent
Relationship တိုင်းမှာ Trust က အရေးကြီးဆုံးပဲ မဟုတ်လား။ သူငယ်ချင်း ဆိုတဲ့ရင်းနှီးမှုကနေ အစပြုလာတဲ့ ချစ်ခြင်းမှာ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိနားလည်မှုတွေ အများကြီးပါဝင်နေတဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှု တည်ဆောက်ကြရာမှာ ပိုပြီး လွယ်ကူအဆင်ပြေစေပါတယ်။
(၃) အထာတွေ ထားဖို့မလိုဘူး
Photo : DatingScout
တစ်ယောက်ကိုတစ်ယောက် အထင်ကြီးဖို့ ဟိတ်ဟန်ကြီးတွေလုပ်နေရတာမျိုး သူငယ်ချင်း စုံတွဲတွေမှာ မရှိပါဘူး။ ကုန်ကုန်ပြောရရင် ဒီနေ့ရေမချိုးလာဘူးဆိုတာကအစ ပွင့်ပွင့်လင်းလင်းနဲ့ အရှိကိုအရှိအတိုင်း ပြောဆိုဆက်ဆံလို့ရတာလည်း သူငယ်ချင်း ကနေ ချစ်သူ ဖြစ်လာကြသူတွေပဲ ရနိုင်တာပါ။ ကိုယ့်ရဲ့လက်ရှိပုံစံအတိုင်းပဲ ပြုမူနေထိုင်နိုင်ပြီး တဖက်လူအကြိုက်ဖြစ်အောင် ဟန်ဆောင်နေရတာမျိုး မရှိတဲ့ ချစ်ခြင်းလောက် ပိုကောင်းတာရှိနိုင်မယ် မထင်ပါဘူး။
(၄) နားလည်မှု ပိုရှိတယ်
Photo : The Everygirl
တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျသိနေတဲ့ သူငယ်ချင်း ချစ်သူ တွေမှာ နားလည်မှုဆိုတာ တည်ဆောက်ဖို့ သိပ်မခက်ပါဘူး။ ဘယ် Relationship မဆို လူတစ်ယောက်ရဲ့ ကောင်းကွက် ၊ ဆိုးကွက် ၊ အားသာချက် ၊ အားနည်းချက်တွေကို လက်ခံနားလည်ပေးနိုင်မှသာ နားလည်မှုရှိတဲ့ ချစ်ခြင်းမေတ္တာတစ်ခု ပုံဖော်နိုင်မှာပါ။
(၅) Chemistry ပိုမိတယ်
Photo : verilymag.com
အနည်းဆုံးတော့ အကြိုက် ၊ စရိုက် ၊ ဝါသနာလေးတွေမှာ တစ်ခုခု တူညီကြလို့ပဲ သူငယ်ချင်း တွေဖြစ်လာကြတာ မဟုတ်လား။ တစ်ယောက် Type နဲ့ တစ်ယောက် တစ်ထပ်တည်းတူမနေရင်တောင် အများကြီး ညှိနှိုင်းစရာမလိုပဲ စိတ်တူကိုယ်တူ ရှိနိုင်ပါတယ်။ ဒီအချက်ပဲ ကောင်းတူဆိုးဖက် လက်တွဲနိုင်တဲ့ Chemistry ပိုမိတဲ့ ချစ်သူ တွေ ဖြစ်လာစေမှာပါ။
သူငယ်ချင်း အရင်းခေါက်ခေါက်ကို ချစ်သူ အဖြစ်ရွေးချယ်တာ ကောင်းလား/ မကောင်းလား ကွီးတို့ရော ဘယ်လိုထင်ပါသလဲ ???
Featured Photo : Cosmo.ph