အယ်လ်ကိုဟောဆိုရင် ခပ်ပြင်းပြင်းလေးမှ ထိမိတယ်ဆိုတဲ့ ကွီးတို့ရှိပါသလား။ ကမ္ဘာတစ်ဝှမ်းမှာ အဖျော်ယမကာ အမှတ်တံဆိပ် အမျိုးမျိုးကို အယ်လ်ကိုဟော ပါဝင်နှုန်း အချိုးအဆ အမျိုးမျိုးနဲ့ ထုတ်လုပ်ကြပါတယ်။ ကွီးတို့ လိုချင်တဲ့ အယ်လ်ကိုဟော အချိုးအဆအလိုက် အပျော့ဆုံးကနေ အပြင်းဆုံး Drinks တွေအထိ ကမ္ဘာ့တစ်ဝှမ်း ဈေးကွက်တွေမှာ ရရှိနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ တစ်ခွက်သောက်ပြီး ရှယ်ကို မူးသွားစေမဲ့ အယ်လ်ကိုဟော ပါဝင်နှုန်းမြင့်မားတဲ့ အပြင်းဆုံး Alcoholic Drinks တွေကို ဝေမျှပေးချင်ပါတယ်။

(၁) Spirytus

အပြင်းဆုံး Drinks

Photo : Food & Wine

ကွီးတို့အတွက် ပထမဆုံး ဖော်ပြချင်တဲ့ အပြင်းဆုံး Drinks တွေထဲက တစ်ခုကတော့ Spirytus ပဲ ဖြစ်ပါတယ်။ ၎င်းကို ပိုလန်နိုင်ငံမှာ ထုတ်လုပ်ပြီး New York ပြည်နယ်တွင် ရောင်းချရန် လွန်ခဲ့သည့် နှစ်အနည်းငယ်က ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ ၎င်းမှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၉၆ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၂) Everclear 190

အပြင်းဆုံး Drinks

Photo : Dirzly

အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ Everclear 190 မှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၉၅ ရာခိုင်နှုန်း ရှိပြီး အပြင်းဆုံး အဖျော်ယမကာတွေထဲက တစ်ခုပါ။ ၎င်းက အနံ့မရှိ၊ အရောင်မရှိ၊ အရသာ မရှိတဲ့ အဖျော်ယမကာတစ်ခုပါ။

(၃) Golden Grain

အပြင်းဆုံး Drinks

Photo : The Party Source

နောက်ထပ်ဖော်ပြချင်တဲ့ Golden Grain ကလည်း အမေရိကန်မှာ ထုတ်လုပ်တဲ့ အဖျော်ယမကာ တစ်မျိုးပါ။ သူ့မှာလည်း အယ်လ်ကို‌ဟော ပါဝင်နှုန်း ၉၅ ရာခိုင်နှုန်း ရှိပါတယ်။

(၄) Bruichladdich X4 Quadrupled Whiskey

Alcohol

Photo : altimate shop

ဝီစကီမှ ဝီစကီဆိုတဲ့ ကွီးတို့ရှိပါသလား။ ကွီးတို့ရော ဝီစကီထဲမှာ ဘယ်လောက် အယ်လ်ကိုဟော ပါဝင်နှုန်းအထိ သောက်ဖူးပါသလဲ။ အခုဖော်ပြပေးမဲ့ Bruichladdich X4 Quadrupled Whiskey မှာတော့ အယ်လ်ကိုဟော ပါဝင်နှုန်း ၉၂ ရာခိုင်နှုန်း ရှိပါတယ်။ ဒီ ဝီစကီကို စကော့တလန်နိုင်ငံမှာ ထုတ်လုပ်ပါတယ်။

(၅) River Antoine Royale Grenadian Rum

Alcohol

Photo : Difford’s Guide

ဒီ ရမ် ကိုတော့ Grenada မှာ ထုတ်လုပ်ပြီး လတ်ဆတ်သော ကြံရည်များမှ ရမ် ကို ထုတ်လုပ်ပါတယ်။ ဒီ ကြည်လင်နေတဲ့ ရမ်ရဲ့ အယ်လ်ကိုဟော ပါဝင်နှုန်းက ၉၀ ရာခိုင်နှုန်း ရှိပါတယ်။

(၆) Hapsburg Gold Label Premium Reserve Absinthe

Alcohol

Photo : Celtic Whiskey Shop

နောက်ထပ်ဖော်ပြချင်တဲ့ အပြင်းဆုံး Drinks တွေက တစ်ခုကတော့ Hapsburg Gold Label Premium Reserve Absinthe ပဲဖြစ်ပါတယ်။ ၎င်းကို ချက်သမ္မတနိုင်ငံမှာ ထုတ်လုပ်ပြီး “There are no rules” ဟူသော ‌ဆောင်ပုဒ်ဖြင့် ဈေးကွက်တင်ထားပြီး သူ့မှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၈၉.၉ ရာခိုင်နှုန်း ရှိပါတယ်။

ကွီးတို့ရော ဘယ်လောက် အယ်လ်ကိုဟော ပါဝင်နှုန်း ဘယ်လောက်ထိ အမြင့်ဆုံး သောက်ဖူးပါသလဲ။

Source : Food & Wine

Featured Photo : CGTN