တစ်ရက်တစ်ရက် အသက်ကြီးလာတာနဲ့အမျှ အချိန်ကုန်ပိုမြန်လာတယ်လို့ ခံစားမိကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ် တကယ်တော့ ဘဝကတိုတိုလေးရယ်ပါ။ လူငယ်ဘဝရဲ့ လန်းဆန်းတက်ကြွမှု ၊ ငယ်ရွယ်နုပျိုမှုတွေဟာ ကျွန်တော်တို့ဘဝမှာ နောက်ထပ်တစ်ကြိမ် ပြန်မရနိုင်ပါဘူး။ ဒါကြောင့်ပဲ လူငယ်ဘဝဆိုတဲ့ အချိန်ကာလ အခိုက်အတန့်ကို တန်ဖိုးရှိရှိနဲ့ လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းဖို့လိုပါတယ်။ အကယ်၍ အခုပြောပြမယ့်အရာတွေကို လူငယ်ဘဝ မှာမလုပ်ရင် ကွီးတို့ နောက်တစ်ချိန် အသက်ကြီးလာတဲ့အခါ သေချာပေါက် နောင်တရပါလိမ့်မယ်။
(၁) အလေ့အကျင့်ကောင်းတွေ မွေးမြူပါ
Photo : Inc. Magazine
ဘဝရဲ့ရလဒ်တိုင်းဟာ ကွီးတို့ချမှတ်တဲ့ ဆုံးဖြတ်တွေပေါ်မှာ မူတည်ပါတယ်။ တကယ်တော့ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခြင်းဟာ အလေ့အကျင့်ကောင်းတွေကနေ လာတာဖြစ်ပါတယ်။ ကွီးတို့ ဘဝတစ်လျောက်လုံးမှာ တိုးတက်အောင်မြင်ခြင်းနဲ့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ပိုင်ဆိုင်နိုင်ဖို့ လူငယ်ဘဝ ကတည်းက ကောင်းတဲ့အလေ့အကျင့်တွေကို မွေးမြူသွားသင့်ပါတယ်။
(၂) အကြောက်တရားတွေကို ကျော်လွှားလိုက်ပါ
Photo : 10 Most Today
ကျွန်တော်တို့ဘဝထဲက အကြောက်တရားတွေကို လူငယ်ဘဝ ကတည်းက မဖြေရှင်းဘူးဆိုရင် ရှေ့ဆက်လျောက်လှမ်းမယ့် ဘဝတစ်သက်တာလုံး အဲ့ဒီအကြောက်တရားက ကြီးစိုးသွားပါလိ့မ်မယ်။ ဥပမာ လူတွေနဲ့စကားပြောရတာ ကြောက်တယ်ဆိုရင် ဒီအကြောက်တရားကို ကျော်လွှားဖို့ ကိုယ့်ကိုယ်ကို စိန်ခေါ်လိုက်ပါ။ ဘဝကို လွတ်လပ်စွာအမြင့်ကို ပျံသန်းနိုင်ဖို့ အကြောက်တရားတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်လိုက်ဖို့ လိုပါတယ်။
(၃) ခရီးတွေသွားပါ
Photo : Lifehack
ခရီးသွားခြင်းက ကျွန်တော်တို့ဘဝအတွက် အတွေ့အကြုံကောင်းတွေ ၊ အသစ်သစ်သောအရာတွေ များစွာကို ပေးစွမ်းပါတယ်။ လူငယ်ဘဝ ဆိုတာ ခရီးတွေများများထွက် ၊ ပြင်ပလောကကြီးနဲ့ ထိပ်တိုက်တွေ့ဆုံပြီး အသစ်အဆန်းဆိုတဲ့အရာတွေကို စူးစမ်းလေ့လာဖို့ အကောင်းဆုံးအရွယ်ပါ။ တချိန်အသက်ကြီးလာတဲ့အခါကျရင် အိမ်ထောင်တာဝန် ၊ သားသမီးတာဝန်တွေနဲ့ ခရီးတစ်ခါထွက်ဖို့ ဘယ်လိုမှမလွယ်တော့ပါဘူး။ ဒါကြောင့် ငယ်တုန်းမှာ ခရီးတွေများများထွက်ပါ။
(၄) ကိုယ့်ကိုယ်ကို ဦးစားပေးပါ
Photo : Code of Living
ကိုယ့်ကိုယ်ကို ဂရုမစိုက်ရင် တခြားဘယ်သူတစ်ဦးတစ်ယောက်မှ ကွီးတို့ကိုလာပြီး ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ချစ်ဖို့ ၊ ဂရုစိုက်ဖို့ဟာ နံပါတ်တစ်အရေးကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ ကွီးတို့ဘဝရဲ့ အရာအားလုံးဟာ ကွီးတို့ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှုကနေ အရင်းတည်တာပါ။ ဒါကြောင့် လူငယ်ဘဝ ကတည်းက ကိုယ့်ကိုပျော်ရွှင်စေတဲ့ သူတစ်ယောက်အဖြစ် လေ့ကျင့်နေထိုင်သွား သင့်ပါတယ်။
(၅) ရူးမိုက်ကြည့်ပါ
Photo : The Odyssey Online
ကျွန်တော်တို့ဟာ အသက်ကြီးလာတာနဲ့အမျှ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုကို စတင်ရမယ် ဒါမှမဟုတ် အခြေကျတဲ့မိသားစု ဘဝတစ်ခုကို ဦးစီးဦးဆောင် ပြုရတော့မှာပါ။ ဒီလိုအချိန်မှာ ဘာပဲဖြစ်ဖြစ် ကွီးတို့ဘဝထဲက လွတ်လပ်မှုနဲ့ ရူးသွပ်မှုတွေကို ခဏနောက်ပို့ထားရမှာ အသေအချာပါပဲ။ ဒါကြောင့် ငယ်တုန်းပဲ စွန့်စားမှုနဲ့ ရူးသွပ်မှုတွေကို စိတ်အေးလက်အေး လုပ်ရမှာပါ။ ရူးမိုက်တယ်ဆိုရာမှာ ကိုယ့်ကိုယ်ကိုနဲ့ တခြားသူတွေကို ထိခိုက်စေမယ့်အရာတွေမပါပဲ စွန့်စားမှုနဲ့ ဝါသနာကို အခြေခံတဲ့အရာတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်ယောက်တည်း ခရီးတွေထွက်တာ ၊ ဝါသနာပါတဲ့အရာတွေကို ရူးရူးသွပ်သွပ်လုပ်ကြည့်တာမျိုးပါ။ ဒါတွေက တစ်ချိန်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ ဖြစ်လာမှာပါ။
Featured Photo : Key Person of Influence