လူငယ်ဘဘာဝ ကလပ်တွေ၊ Nightlife တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖူးမှာပါ။ ဘော်ဒါတွေနဲ့အတူ ကလပ်မှာ ပျော်ပျော်ပါးပါး ကဲရတာဟာ အသက်ကြီးလာတာနဲ့အမျှ ပြန်မရနိုင်တဲ့ လူငယ်ဘဝ အမှတ်တရတွေ ဖြစ်လာမှာပါ။ ကလပ်တွေမှာ Nightlife ကို ဖြတ်သန်းတာ ပြဿနာတော့ မဟုတ်ပါဘူး။ သို့သော်လည်း ဘေးအန္တာရာယ်ကင်းကင်း ပျော်ခဲ့ရဖို့တော့ အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာ စာရေးသူက Club မှာ အပီအပြင်ကဲမယ် ဆိုတဲ့ ကွီးတို့အတွက် သိထားရမဲ့ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

အနည်းဆုံး အယုံကြည်ဆုံး သူငယ်ချင်းတစ်ယောက်ကို ခေါ်သွားပါ

Club အပီအပြင်ကဲမယ်

Photo : Story Block

ကွီးတို့ရေ ကလပ်တွေကို သွားတဲ့အခါ တစ်ယောက်တည်း ဘယ်တော့မှ မသွားပါနဲ့။ ကလပ်ကို ပထမဆုံးသွားမဲ့သူဆို ဒီအချက်ကပိုပြီး အရေးကြီးပါတယ်။ ဘော်ဒါတွေ အုပ်စုလိုက်နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် ကွီးတို့ အရင်းနှီးဆုံး ဘော်ဒါတစ်ယောက်နဲ့ အတူတူသွားပါ။ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ အန္တရာယ်မဖြစ်အောင် တစ်ဦးနဲ့တစ်ဦး စောင့်ကြည့်နိုင်ပြီး အကူအညီဖြစ်စေပါတယ်။ ဒါပေမဲ့ ကွီးတို့ ကိုယ်တိုင် သတိထားတာ အကောင်းဆုံးပါပဲ။

အရေးကြီး ပစ္စည်းများကို သတိထားပါ

Club အပီအပြင်ကဲမယ်

Photo : Expat Guide Korea

ကွီးတို့ရဲ့ ဖုန်းပိုက်ဆံအိတ်စသည်တို့ကို လည်း မပျောက်ရှစေရန် သေချာထိန်းသိမ်း ယူဆောင်သွားဖို့လိုပါတယ်။ ပြီးလျှင် တစ်စုံတစ်ခုဆိုလျှင် အရေးပေါ်ဆက်သွယ်နိုင်ရန်အတွက် စာရွက်ထဲမှာ ရေးမှတ်ထားပြီး သေချာသိမ်းဆည်းပါ။ ဒါမှသာ ကွီးတို့ဖုန်းပျောက်သွားပါက တစ်စုံတစ်ယောက်ထံ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ သေးငယ်ပြီး လုံခြုံတဲ့ ပိုက်ဆံအိတ် ကိုသာ ယူဆောင်သွားပါ။ ကိုယ်နဲ့ မကွာ ရှိပါစေ။

အပြန်အတွက် စီစဉ်ထားပါ

Club အပီအပြင်ကဲမယ်

Photo : Wien.info

Club မှာ အပီအပြင်ကဲမယ် ဆိုတဲ့ ကွီးတို့ရေ ကလပ်ကနေ အသွားအပြန်အတွက် ကြိုတင် ပြင်ဆင်ထားဖို့က အရေးကြီးပါတယ်။ ကလပ်မှာ အနည်းနဲ့အများတော့ အယ်လ်ကိုဟော သောက်မိမှာပါ။ ဒါကြောင့် ဘယ်တော့မှအပြန်ကို ကိုယ်တိုင်ကားမမောင်းပါနဲ့။ ယုံကြည်စိတ်ချရသော အငှားယာဉ်များကို အသုံးပြုပါ။ ဒါမှမဟုတ် အပြန်အတွက် ကားစီစဉ်ထားရှိပါ။

သေချာစွာဝတ်စားဆင်ယင်ပါ

ကလပ်

Photo : Deep in the mix

အဝတ်အစားကို သေချာ ဝတ်စားသွားပါ။ ဖက်ရှင်ကျကျ ဝတ်ထားရင် ကွီးတို့ကို အများစုက အသိအမှတ်ပြုမှာပါ။ တချို့ Club တွေမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ ရှိပါတယ်။ ဒါဆိုရင်တော့ ထိုသတ်မှတ်ချက်တွေ အတိုင်း ဝတ်စားဆင်ယင်ဖို့ လိုပါတယ်။ ကွီးတို့ ကခုန်မှာ ဖြစ်တဲ့ အတွက် ချွေးထွက်နိုင်တာကြောင့် အဝတ်အစားကို သေချာရွေးချယ်ပါ။

အပြုအမူကို ထိန်းသိမ်းပါ

ကလပ်

Photo : New York Post

ကွီးတို့ရေ Club မှာပျော်လို့ ကဲလို့ရပါတယ်။ သို့သော်လည်း ကွီးတို့ရဲ့ အပြုအမူကို သေချာထိန်းသိမ်းဖို့ လိုပါတယ်။ လူအများနဲ့ဆိုင်တဲ့နေရာဖြစ်တဲ့အတွက် တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူတာမျိုး၊ အထူးသဖြင့် အမျိုးသမီးတွေကို စိတ်အနှောင့်အယှက်ပေးတာမျိုးတွေကို ရှောင်ပါ။ ဒါ့အပြင် အပျော်လွန်တာမျိုး၊ အလွန်အကျွံသောက်တာမျိုး လည်းရှောင်ရပါမယ်။ အလွန်အကျွံ သောက်ထားမိရင် ကိုယ်မသိလိုက်ဘဲ အမှားပြုလုပ်မိနိုင်ပါတယ်။ ဒီလိုအချက်တွေက ကွီးတို့အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေတဲ့ အချက်တွေပါပဲ။

ရန်ပွဲများမှာ ဝင်မပါနဲ့

ကလပ်

Photo : The Injury Firm

ကလပ်တွေ၊ ဘားတွေမှာ လူတော်တော်များများ သောက်စားပျော်ပါးကြတဲ့အတွက် ရန်ဖြစ်ဖို့ လွယ်ကူပါတယ်။ ကွီးတို့အနေနဲ့ ရန်ပွဲတစ်ခုခုကို တွေ့ရင် ဝင်မပါပါနဲ့။ ဘား၊ ကလပ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးများ ကို အကြောင်းကြားပါ။ ကိုယ်တိုင်လည်း ရန်မဖြစ်မိအောင် သတိထားဆင်ခြင် သင့်ပါတယ်။

Club မှာ အပီအပြင်ကဲမယ် ဆိုတဲ့ ကွီးတို့ရေ ဒီအချက်လေးတွေ သိထားရင် ကွီးတို့အတွက် အမှန်တကယ်ကို အထောက်အကူပြုမှာ အသေအချာပါပဲ။

Featured Photo : Hotels