ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုအဓိက အကျိုးပြုနေတဲ့ အာဟာရဓာတ်တစ်မျိုး ရှိပါတယ်။ ဒါကတော့ Omega-3 Fatty Acids ဓာတ်ပါ။ Omega-3 Fatty Acids ဓာတ်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဆဲလ်တွေ ရှင်သန်ကြီးထွားဖို့နဲ့ ဇီဝဖြစ်စဉ်တိုးတက် ကောင်းမွန်စေဖို့ များစွာ အထောက်အပံ့ပေးပါတယ်။ လေ့လာမှုတွေအရ Omega-3 Fatty Acids ဓာတ်ကို ၆ ပတ်ထက်ပိုပြီး စားသုံးခြင်းကခန္ဓာကိုယ် ဇီဝဖြစ်စဉ်နှုန်းကို တိုးမြင့်စေပြီး ခန္ဓာကိုယ်တွင်း အဆီတွေကို လျော့ကျစေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါဆို Omega-3 Fatty Acids ဓာတ်ကို ကျွန်တော်တို့ ဘယ်ကရနိုင်မလဲ။ အဓိကအားဖြင့်တော့ အစားအစာနဲ့ ဖြည့်စွက်ဆေးဝါးတွေကနေ ရနိုင်ပါတယ်။ Omega-3 Fatty Acids ဓာတ်ဟာ ငါးနဲ့ ပင်လယ်စာတွေကနေ အများဆုံးရနိုင်ပြီး တခြားသော အစားအစာတွေ အများကြီးကနေလည်း ရနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ရုပ်ရော နာမ်ပါ ဖိုင်းချင်တယ်ဆိုရင်တော့ အခုပြောပြပေးမယ့် အစားအစာတွေကို စားပေးဖို့လိုပါလိမ့်မယ်။

(၁) ပဲပိစပ်


Photo : Dr. Axe

ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ပဲပိစပ်ဟာ Diets လုပ်သူတွေကြားမှာတော့ အရမ်းကိုနာမည်ကြီးပါတယ်။ ပဲပိစပ်နဲ့ ပဲပိစပ်ကနေထုတ်ထားတဲ့ ဆီတွေမှာ Omega-3 Fatty Acids ဓာတ် အများအပြားပါဝင်ပြီး ရုပ်ရော နာမ်ပါ ကျန်းမာရေးကို အကျိုးပြုတဲ့ တခြားသော အာဟာရဓာတ်ပေါင်းများစွာလည်း ပေါပေါများများ ရနိုင်ပါတယ်။

(၂) ဘယ်ရီသီး

Photo : Farmers’ Almanac

မတူညီတဲ့ ဘယ်ရီသီး အမျိုးအစားတွေ အထူးသဖြင့် တောရိုင်းဘယ်ရီသီးတွေမှာ Omega-3 Fatty Acids ဓာတ်ပမာဏ အများအပြား ပါဝင်တာ တွေ့ရပါတယ်။ ဘယ်ရီသီးတွေဟာ ကျန်းမာရေးနဲ့အလွန်ညီညွှတ်တဲ့အတွက် ညနေစာအဖြစ် စားသုံးနိုင်သလို ဖျော်ရည်အဖြစ်လည်း ဖျော်စပ်သောက်နိုင်ပါတယ်။

(၃) ဆန်ကြမ်း

Photo : Amy + Jacky

Wild Rice လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ပုံမှန်စားနေတဲ့ အဖြူရောင်ဆန် သို့မဟုတ် ဆန်လုံးညိုတို့နဲ့ မတူပါဘူး။ သူက မြောက်အမေရိကရဲ့ ရေတိမ်ပိုင်းတွေမှာ ပေါက်ရောက်လေ့ရှိတဲ့ ဆန်တစ်မျိုးပါ။ Wild Rice ၁၀၀ ဂရမ်မှာ Omega-3 Fatty Acids ဓာတ် ၃၀၀ မီလီဂရမ် (၀.၃ ဂရမ်) ပါဝင်ပါတယ်။

(၄) ချီယာစေ့ ၊ Flaxseed

Photo : One Green Planet

ချီယာစေ့ ၊ Flaxseed တို့လို အစေ့အဆန်တွေမှာ Omega-3 Fatty Acids ဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ဒီ အစေ့အဆန်တွေကနေ အဆီဓာတ်ကိုထုတ်ယူပြီး Omega-3 ဖြည့်စွက်စာ Supplements တွေ ထုတ်လုပ်ကြပါတယ်။ အသုပ်တွေ ၊ ဖျော်ရည်တွေနဲ့လည်း တွဲဖက်စားလို့ရပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူ ပြုပါတယ်။

(၅) ဟင်းနုနွယ်ရွက်

Photo : Health

ဟင်းနုနွယ်ရွက်ဟာ ဈေးသိပ်မကြီးပဲ Omega-3 Fatty Acids ဓာတ် ပေါပေါများများ ရနိုင်မယ့် စူပါအစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်ကို ကြော်ချက်စားတာ ၊ သုပ်စားတာအပြင် ကျန်းမာရေး Green Juice အနေနဲ့လည်း ဖျော်စပ်သောက်နိုင်ပါတယ်။

Featured Photo : Freepik