ပေါင်းသင်းဆက်ဆံရေးလို့ ပြောလိုက်တဲ့နေရာမှာ ကျွန်တော်တို့ ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ ထိတွေ့ဆက်ဆံနေရတဲ့ လူများနဲ့ ဆက်သွယ်ပြောဆိုတဲ့ အခြေအနေအကုန်လုံး ပါဝင်ပါတယ်။ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ မိမိကိုယ်ပိုင်ဘဝမှာ ဖြစ်စေ၊ ပေါင်းသင်းဆက်ဆံတတ်ဖို့ လိုပါတယ်။ လူတစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံခြင်းပုံစံက ၎င်းအတွက် အကြီးမားဆုံး အားသာချက်ဖြစ်နိုင်သလို၊ အကြီးမားဆုံး အားနည်းချက်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီအချက်က လုပ်ငန်းခွင်မှာ သိသာတဲ့အချက်ပါ။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ ဆိုပါရစေ။ ဒါ့အပြင် ကောင်းတဲ့အချက်က ပေါင်းသင်းဆက်ဆံရေးကို ကောင်းမွန် ကျွမ်းကျင်လာအောင် ကိုယ်တိုင် လေ့ကျင့်ပျိုးထောင်လို့ ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပေါင်းသင်းဆက်ဆံရေး မှာ ကောင်းမွန်ကျွမ်းကျင်အောင် ကျင့်သုံးသင့်တဲ့ အချက်လေးတွေကို ကွီး တို့အတွက် ဝေမျှပေးချင်ပါတယ်။
နားထောင်ပါ
Photo : ThoughtCo
တစ်စုံတစ်ဦးနဲ့ စကားပြောဆိုရာမှာ မည့်သည့် အကြောင်းအရာမျိုးပဲ ဖြစ်ပါစေ၊ အာရုံစိုက်ပြီး အမှန်တကယ် နားထောင်ခြင်းက ကောင်းမွန်သော ဆက်သွယ်ရေးကို အထောက်အပံ့ ဖြစ်စေပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေးများ သို့မဟုတ် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေမှုများကို အာရုံပျံ့လွင့်ပြီး စကားဝိုင်းပေါ် အာရုံမရှိဖြစ်တတ်ပါတယ်။ ဒီအချက်ကို သတိထားပါ။ စကားဝိုင်း တစ်ခုမှာ အခြားသူတစ်ယောက် ပြောတာကို သေချာလေးလေးစားစား နားထောင်ပြီး အပြန်အလှန်ပြောဆိုခြင်းက တစ်ဖက်လူကို လေးစားရာလည်း ရောက်သလို ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးတဲ့ လိုက်နာကျင့်သုံးရမဲ့ အချက်လည်း ဖြစ်ပါတယ်။
Eye Contact ရှိပါစေ
Photo : 5 Radical Minutes
တစ်စုံတစ်ယောက်နှင့် စကားပြောသည့်အခါ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် အနေအထားကလည်း ဆက်သွယ်မှုပုံစံတစ်ခု ဖြစ်ပါတယ်။ မျက်လုံးချင်းဆုံခြင်းကဲ့သို့ ရိုးရှင်းသော အာရုံစိုက်မှု ကလည်း တစ်စုံတစ်ဦးကို လေးစားကြောင်းပြသနိုင်ပြီး နားထောင်နေကြောင်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ မျက်လုံးချင်းဆုံခြင်းက လူတစ်ယောက်ပြောနေတာကို အာရုံစိုက်နေဖို့ ကူညီပေးနိုင်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါ ဖုန်းကို အာရုံစိုက်နေခြင်း၊ အောက်သို့ငုံ့နေခြင်း၊ ဘေးပတ်ဝန်းကျင်ကို အာရုံပျံ့လွင့်နေခြင်းက ပေါင်းသင်းဆက်ဆံရေး မှာ ကွီး တို့ကို Pro မကျစေပါဘူး။
Body Language ပါရှိပါစေ
Photo : IONOS
မျက်နှာချင်းဆိုင် တွေ့ဆုံမှုများဖြစ်စေ၊ ဗီဒီယို ကွန်ဖရင့်များဖြင့် ဖြစ်စေ ပြောဆိုဆက်ဆံတဲ့ အခါ Body Language တစ်နည်းအားဖြင့် ခန္ဓာကိုယ် အနေအထား သို့မဟုတ် လက်ဟန် ခြေဟန်ထည့်သွင်းမှု ပုံစံကလည်း အရေးကြီးပါတယ်။ ကွီးတို့အနေနဲ့ စကားပြောဆိုသည့်အခါ ပွင့်လင်းပြီး ယဉ်ကျေးမှုရှိသော လက်ဟန်ခြေဟန် ဖြင့် တုန့်ပြန်ပြောဆိုခြင်းက ကွီးတို့ ပြောဆိုနေတဲ့ အကြောင်းအရာပေါ်မှာ အာရုံစူးစိုက်မှု အပြည့်ရှိကြောင့် ဖော်ပြပေးရာရောက်ပါတယ်။ ဒါ့အပြင် ကွီးတို့ အပြန်အလှန်ပြောဆိုရမှာလည်း သင့်တော်သော လက်ဟန်ခြေဟန် တစ်ခုခုကို အသုံးပြုကာ စကားဝိုင်းကို ပိုမိုတတ်ကြွ အသက်ဝင်အောင် ပြုလုပ်နိုင်ပါတယ်။
မေးခွန်းမေးပါ
Photo : Work It Daily
ကွီးတို့ရေ စကားဝိုင်းတစ်ခု၊ ပြောဆိုဆက်ဆံမှုတစ်ခုမှာ မေးခွန်းမေးခြင်းကလည်း ကျွန်တော်တို့ နားလည်မှုကို တိုးတက်စေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပေါင်းသင်း ဆက်ဆံရေးညံ့ဖျင်းခြင်း နှင့် လွဲမှားစွာ ပြောဆိုဆက်ဆံမှုများက ကျွန်တော်တို့ ပြောဆိုခဲ့တဲ့ စကားဝိုင်းကို သေချာနားမလည်မှုမရှိခြင်းရဲ့ ရလဒ်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မေးခွန်းမေးခြင်းကလည်း တစ်ဖက်သား ပြောစကားကို သေချာနားထောင်နေကြောင့် ပေါ်လွင်စေပါတယ်။
ရှင်းရှင်းလင်းလင်း အတိုချုံးပြီး ဖော်ပြပါ
Photo : Becas Santander
စကားဟာ ကျွံသွားရင်သော်လည်းကောင်း၊ လွန်သွားရင်သော်လည်းကောင်း ပြန်လည် ပြင်ဆင်ဖို့ မလွယ်ပါဘူး။ စကားတစ်ခု မှားသွားရင် ကွီးတို့တည်ဆောက်ထားတဲ့ ပေါင်သင်းဆက်ဆံရေး တစ်ခုလုံး ပျက်သုန်းတဲ့ အဆင့်ထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ စကားမပြောခင် စဉ်းစားပါ။ အရေးကြီးသော လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စများဆွေးနွေးပြောဆိုတဲ့ အခါမှာ မလိုအပ်တာတွေမပြောဘဲ ရိုးရိုးရှင်းရှင်းနဲ့ လိုရင်းကို အတိုချုံးဖော်ပြတတ်ပါစေ။
အပြုသဘောဆောင်သော စိတ်ထားရှိပါစေ
Photo : Cleverland HeartLab
ကွီးတို့ရေ အပျက်သဘောဆောင်သော အတွေးအမြင်များနဲ့ Negative Vibe ရှိသူများနဲ့ ဘယ်သူမှ ရေရှည်ပေါင်းသင်း ဆက်ဆံချင်မှာ မဟုတ်ပါဘူး။ သို့သော် အကောင်းမြင်စိတ်ရှိသူအတွက်တော့ လူ့အဖွဲ့အစည်းထဲမှာ ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ဖို့ မခက်ခဲပါဘူး။ ဒါ့အပြင် အကောင်းမြင်စိတ်ရှိခြင်းက ဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ အတွက်များစွာသော ကောင်းကျိုးကို ဖြစ်စေပါတယ်။
ပြုံးဖို့ မမေ့ပါနဲ့
Photo : Bethany Medical Clinic
နောက်တစ်ချက် အနေနဲ့ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ အပြင်လူမှုဘဝမှာ ဖြစ်စေ၊ တစ်စုံတစ်ဦးကို စစ်မှန်သော အပြုံးတစ်ခု ပေးဆောင်ခြင်းက တစ်ဖက်သားအတွက် စိတ်ခံစားချက် ကောင်းစေသလို ကွီးတို့အတွက် ကွီးတို့ကို နှစ်လိုဖွယ်ကောင်းတဲ့ ပုံရိပ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကွီးတို့အနေနဲ့ မကြာခဏ ပြုံးပြီး အပြုသဘောဆောင်တဲ့ သဘောထားနဲ့ ပြောဆိုဆက်ဆံတဲ့အခါ လူတွေက အပြုသဘော ပြောဆို တုံ့ပြန်လာပါလိမ့်မယ်။ ဒါကြောင့် ဒီအချက်ကလည်း ပေါင်းသင်းဆက်ဆံရေး တိုးတက်ကောင်းမွန်စေဖို့ ကွီး တို့ လိုက်နာသင့်တဲ့ အချက်တစ်ချက်ပါပဲ။
အခုဖော်ပြပေးလိုက်တဲ့ အချက်တွေကို လိုက်နာကျင့်သုံးနေရင်တော့ ပေါင်းသင်းဆက်ဆံရေး မှာ ကွီး တို့က ကျွမ်းကျင်တဲ့ ဆရာကြီးတွေပဲဗျ။
Source : Steps Group
Featured Photo : Kuzoo