အမျိုးသားတို့ရေ ကိုယ့်ပစ္စည်း အရွယ်အစားကြောင့် မျက်နှာငယ်နေရပြီလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေပြီလား။ လိင်မှုဆက်ဆံရေးတစ်ခုမှာ ကွီးတို့ ညီလေး ရဲ့ အရွယ်အစားကြောင့် စိတ်ဖိစီးမှု ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။ ဒီဆောင်းပါးလေးမှာ ကျန်းမာသန်စွမ်းတဲ့ အပြင် သဘာဝအတိုင်း ကွီးတို့ ညီလေး ရဲ့ အရွယ်အစားကို ကြီးထွားစေမဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း လုပ်ပါ
Photo : Yahoo Life UK
လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတာ ကွီးတို့ သိပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းက လိင်တံအရွယ်အစားကို သိသိသာသာ သက်ရောက်မှုရှိပြီး လိင်တံကို ရှည်စေကာ ကျန်းမာစေပါတယ်။ အခါအားလျော်စွာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်တွင်းအင်္ဂါများသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးကြောများကို သန်စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကောင်းမွန်စေပါတယ်။
ဆေးလိပ်မသောက်ပါနဲ့
Photo : NPR
ဆေးလိပ်သောက်ခြင်းက လိင်တံဆီသို့ သွေးစီးဆင်းတဲ့ သွေးကြောများအတွင်း ဆေးလိပ်ငွေ့အမှုန်အမွှားများ ရောက်ရှိစေတာကြောင့် လိင်တံအရွယ်အစားကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ ထို့အပြင် ဆေးလိပ်သောက်ခြင်းက နှလုံးရောဂါများဖြစ်ပွားခြင်းနဲ့ ဆက်နွှယ်နေသောကြောင့် လိင်တံအပါအဝင် ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများစွာသို့ သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် တင်းပြည့်ကျပ်ပြည့်နဲ့ ကျန်းမာသန်စွမ်းတဲ့ ကွီးတို့ ညီလေး ကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။
ရေနွေးနွေးနဲ့ ရေချိုးပါ
Photo : Time of India
ရေနွေးနွေးလေးနဲ့ ရေချိုးတာက ကွီးတို့ရဲ့ ခန္ဓာကိုယ်သာမက လိင်တံကိုပါ သွေးစီးဆင်းမှုကို တိုးလာစေနိုင်ပါတယ်။ ရေရဲ့ နွေးထွေးမှုက အင်္ဂါအစိတ်အပိုင်းများ အတွင်းသို့ သွေးများစီးဆင်းရန် ကူညီပေးနိုင်ပြီး လိင်တံ ကြီးထွားမှုကို အထောက်အကူ ပြုပါတယ်။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားပါ
Photo : Vivatuneuk
ကွီးတို့ရေ လိင်တံ ကျန်းမာပြီး ရှည်လျားစေရန်အတွက် Antioxidants ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ များများစားပေးဖို့ လိုအပ်ပါတယ်။ ထိုသစ်သီးနဲ့ ဟင်းသီးဟင်းရွက်များတွင် ပါဝင်တဲ့ ဒြပ်စင်များက သွေးကြောများတွင် ဖြစ်ပေါ်လာသော ဖရီးရယ်ဒီကယ်များ (ခန္ဓာကိုယ်ကို ပျက်စီးစေသော ဒြပ်စင်များ) ကို တိုက်ဖျက်ရာတွင် အလွန်အသုံးဝင်ပါတယ်။ ထို့အပြင် Antioxidants များက သွေးကြောများကို သန်မာစေရန် ကူညီပေးနိုင်ပါတယ်။ ကျွမ်းကျင်သူတွေ အဆိုပြုထားတဲ့ လိင်တံကို ကျန်းမာသန်စွမ်းပြီး ကြီးထွားစေမဲ့ အစားအစာ အချို့ကတော့
- ဟင်းနုနွယ်ရွက်
- ပန်းသီး
- မုန်လာဥနီ
- ထောပတ်သီး
- Oak
- ခရမ်းချဉ်သီး စတာတွေပဲ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုများကို လျှော့ချပါ
Photo : NBC Newa
စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကများက ကွီးတို့ရဲ့ လိင်မှုရေးရာမှာ ထိခိုက်စေသည်သာမက လိင်တံ အရွယ်အစားကိုပါ လျော့ကျစေနိုင်တယ်ဆိုတာ သိပါသလား။ ဒါကြောင့် ကွီးတို့အနေနဲ့ အတတ်နိုင်ဆုံး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကို လျှော့ချပါ။ စိတ်ပိုင်းဆိုင်ရာကို အထူးအလေးပေးပြီး ပြုမူနေထိုင်ပါ။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာလေးတွေကို အချိန်ပေးပြီး ပြုလုပ်ပါ။ ဒီနည်းလေးတွေကို အသုံးပြုခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်သည်သာမက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး လိင်တံ ကြီးထွား ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။
အခုဖော်ပြပေးလိုက်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းကောင်းတွေက တင်းပြည့်ကျပ်ပြည့်နဲ့ ကျန်းမာသန်စွမ်းတဲ့ ကွီးတို့ ညီလေး ကိုပျိုးထောင်ဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။
Source : Lybrate
Featured Photo : New York Post