အမျိုးသားတို့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် လိင်မှုဆက်ဆံရေးမှာ ကိုယ်တိုင်ရော၊ ကိုယ့်ရဲ့လက်တွဲဖော်ပါ စိတ်ကျေနပ်မှုရဖို့ အာရုံစိုက်လေ့ရှိပါတယ်။ ဒီလို စိတ်ကျေနပ် ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဆက်ဆံရေးကို ပိုင်ဆိုင်ဖို့ဆို အလုံးစုံ ကျန်းမာရေးသာမက ကွီးတို့ရဲ့ ဖွားဖက်တော်လေး ကျန်းမာဖို့အတွက်ပါ အလေးပေး ဂရုပြုသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ ဖွားဖက်တော်လေး ကျန်းမာပြီး ရေရှည် စွမ်းဆောင် နိုင်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။
လုံခြုံသော လိင်ဆက်ဆံမှု ဖြစ်ပါစေ
Photo : 11Alive
ကွီးတို့ရေ လိင်မှုဆက်ဆံရေးမှာ လုံခြုံပြီး အန္တရာယ်ကင်းတဲ့ ဆက်ဆံရေးဖြစ်ဖို့ အလွန် အရေးကြီးတဲ့ အချက်က အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့ပါပဲ။ ကွန်ဒုံးအသုံးပြုခြင်းကြောင့် မလိုလားအပ်တဲ့ မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများကို အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းပါ
Photo : NBC News
ကွီးတို့ရဲ့ ဖွားဖက်တော်လေး ရေရှည် စွမ်းဆောင် နိုင်ဖို့ဆိုရင် ကျန်းမာသော ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ လိုပါတယ်။ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းက ကိုလက်စထရော မြင့်မားခြင်း၊ သွေးတိုးခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါ နှင့် လိင်အင်္ဂါမသန်စွမ်းမှု စတာတွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းဖို့အတွက်ဆို ကိုယ်လက်လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို ဂရုတစိုက် စားသုံးရမှာ ဖြစ်ပါတယ်။ ဒီအချက်က အိပ်ရာပေါ်က ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာရောက်သလို အလုံးစုံ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
သန့်ရှင်းရေးကို ဂရုပြုပါ
Phoot : Medium
လိင်အင်္ဂါနဲ့ ၎င်းတစ်ဝိုက် သန့်ရှင်းရေးကို ဂရုပြုသင့်ပါတယ်။ သန့်ရှင်းရေးလုပ်ပါက လိင်အင်္ဂါသာမက လိင်တံထိပ်ဖျားကိုပါ ထည့်သွင်းပြီး ဆေးကြောသန့်စင် သင့်ပါတယ်။ ဒါ့အပြင် ကပ်ပယ်အိတ်နှင့် အရေပြားအနှံ့ကိုလည်း ဆေးကြောဖို့ မမေ့ပါနဲ့။
ဆေးလိပ်ဖြတ်ပါ
Photo : Makati Medical Center
ကွီးတို့ရဲ့ ဖွားဖက်တော်လေး ကျန်းမာပြီး ရေရှည် စွမ်းဆောင် နိုင်ဖို့ဆိုရင် ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းက ရောဂါများစွာကို ဖြစ်ပွားစေသည်သာမက လိင်အင်္ဂါ ချို့ယွင်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းက လိင်တံဆီသို့ သွေးစီးဆင်းတဲ့ သွေးကြောများအတွင်း ဆေးလိပ်ငွေ့အမှုန်အမွှားများ ရောက်ရှိစေတာကြောင့် လိင်တံအရွယ်အစားကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။
ဆရာဝန်နဲ့ ပြသပါ
Photo : Proactive Men’s Medical
လိင်တံနဲ့ လိင်အင်္ဂါတစ်လျှောက် လိင်အင်္ဂါလုပ်ဆောင်မှု၊ သုတ်လွှတ်ခြင်း သို့မဟုတ် ကြုံတွေ့ရတဲ့ လက္ခဏာအသစ်များ၊ ပုံမှန်မဟုတ်တဲ့ အခြေအနေများ စတာတွေ ခံစားနေရပြီလား။ ဒါ့အပြင် ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ ပုံမှန်မဟုတ်သော လိင်တံကွေးကောက်ခြင်း၊ လိင်တံ သို့မဟုတ် လိင်အင်္ဂါတွင် အဖုအထစ်များ ပေါ်ပေါက်လာခြင်း၊ သုက်လွှတ်စဉ်အတွင်း နာကျင်မှု ခံစားရခြင်း၊ ပြင်ပမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းစတာတွေ ခံစားနေရပြီဆိုလျှင်လည်း လုံးဝ မပေါ့ဆပါနဲ့။ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ ဖွားဖက်တော်လေး ကျန်းမာသန်စွမ်းပြီး ရေရှည်မှာ စွမ်းဆောင်နိုင်ဖို့ လိုက်နာ ဂရုပြုရမဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကဲ…….ကွီးတို့ရေ အိပ်ရာပေါ်မှာ အစွမ်းပြနိုင်ဖို့ လုံးဝ မပေါ့နဲ့ဗျို့။
Source : MAYO Clinic
Featured Photo : MensXP