ကွီးတို့ စိတ်ထဲမှာ ကိုယ့်ရဲ့ ညီလေးကို ဆန္ဒပြည့်ဝအောင် မဖြည်းဆည်းပေးနိုင်ဘူးလို့ ခံစားနေရပါသလား။ ဒါမှမဟုတ် တစ်ခါ တစ်ခါ ဇာတ်လမ်းစဖို့ကို တော်တော်ကြီး အရှိန်ယူနေရပါသလား။ ဒီလိုခံစားချက်မျိုး ခံစားနေရခြင်းက ကွီးတို့ ညီလေး ကျန်းမာရေးအတွက် မကောင်းသလို သူ့ကို စိတ်ညစ် အောင် ပြုလုပ်မိနေတာပဲ ဖြစ်ပါတယ်။
ဘယ်လိုလက္ခဏာတွေက ကွီးတို့ရဲ့ ညီလေး စိတ်ညစ် နေကြောင်းကို ပြသနေပါသလဲ
အလွန်အမင်း ဒေါသထွက်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ကျရောဂါ ခံစားနေရခြင်း၊ စိုးရိမ်ပူပန်မှု များနေခြင်း၊ အတူနေစဥ်အတွင်း ဆန္ဒမပြည့်ဝမှု များလာခြင်း အစရှိတဲ့ အချက်များကို ခံစားနေရပါက ကွီးတို့ရဲ့ ညီလေးက အခြေအနေ မကောင်းတော့ပါဘူး။ ကြာလာရင် မျိုးပွားအင်္ဂါ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
ဘာ့ကြောင့် ဒီလိုမျိုး ခံစားနေရသလဲ
စိတ်ဖိစီးမှုများကြောင့်လည်း ဖြစ်နိုင်သလို ကိုယ့်ရဲ့ ပါတနာနဲ့ ဆက်ဆံရေး မကောင်းလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရည်းစားဟောင်းဆီက ရရှိတဲ့ Trauma များကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါ့အပြင် လက်ရှိ ချစ်သူနဲ့ အသားချင်း ထိတွေ့မှု (လုံးဝ) မရှိလို့လည်း ဖြစ်နိုင်ပါတယ်။
ကိုယ့်ရဲ့ အခြေအနေပေါ် မူတည်ပြီး ဖြေရှင်းရမယ့် နည်းလမ်းတွေကလည်း အမျိုးမျိုး ကွဲပြားသွားမှာပဲ ဖြစ်ပါတယ်။
ဒါဆိုရင် ကွီးတို့ ညီလေးကို စိတ်ပျော်အောင် ဘယ်လို ထားရမလဲ။
Cardio လေ့ကျင့်ခန်း များများ ပြုလုပ်ပါ
အပြေးလေ့ကျင့်ခန်းများသည်လည်း ကွီးတို့ရဲ့ စိတ်ညစ်စရာများကို အဝေးသို့ လွင့်သွားအောင် ကူညီပေးပါတယ်။ ပြေးနေစဥ်အတွင်းမှာ ခန္ဓာကိုယ်ထဲကနေ Endorphins များ ထုတ်လွှတ်ပေးပြီး စိတ်ခံစားချက်များကို ကောင်းမွန်လာစေပါတယ်။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာသန်စွမ်းပြီး ဖျတ်လတ်ပေါ့ပါးလာအောင် ကူညီပေးပါတယ်။
ကိုယ့်ရဲ့ ပါတနာနဲ့ Sex ကိစ္စချည်းသပ်သပ်မဟုတ်ဘဲ ပုံမှန်အတိုင်း အထိအတွေ့ရှိဖို့လည်း လိုအပ်ပါတယ်
ကိုယ့် ကောင်မလေးရဲ့ လက်ကလေးကို ကိုင်ထားတာမျိုး၊ သူ(မ)ကို ဖက်ထားလိုက်တာမျိုး၊ ဆံပင်လေး သပ်ပေးလိုက်တာမျိုး အစရှိတဲ့ အသားချင်း ထိတွေ့ခြင်းကိုလည်း ပုံမှန်အတိုင်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ တစ်ယောက်နဲ့ တစ်ယောက် အထိအတွေ့ များလာပြီး ကွီးတို့ရဲ့ ညီလေးကလည်း သူ့ရဲ့ လုပ်စရာရှိတာတွေကို ဆက်လက် လုပ်ဆောင်ချင်စိတ် ရှိလာမှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံဖို့ မရှက်ပါနဲ့
ကွီးတို့ရဲ့ Relationship တစ်ခုကို ခိုင်မြဲလာအောင် ပြုလုပ်ပေးတဲ့ နည်းလမ်းကောင်း တစ်ခုကတော့ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခြင်းပဲ ဖြစ်ပါတယ်။ လိင်ကိစ္စမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ မရှက်ပါနဲ့။ ဒီလိုမျိုး ကိစ္စတွေဆိုတာ လူ့သဘာဝပဲမို့ ရှက်နေစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံမှသာလျှင် ကိုယ့်ရဲ့ ပါတနာကို ဘာကို လိုချင်နေသလဲ၊ ဘာကို လိုအပ်နေသလဲ စတာတွေကို သိရှိနိုင်မှာ ဖြစ်ပြီး ဖြည့်ဆည်းသင့်တန် ဖြည့်ဆည်း၊ ပြောင်းလဲသင့်တန် ပြောင်းလဲရမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေကို သိထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ Relationship ကလည်း စိတ်ချမ်းသာစရာ ဖြစ်နေမှာ ဖြစ်တာကြောင့် ကွီးတို့လည်း စိတ်ချမ်းသာ၊ ညီလေးလည်း ပျော်လာမှာပဲ ဖြစ်ပါတယ်။
Source: Prioritymensmedical
Featured Imag: Freepik