မွေးကတည်းကနေ အခုချိန်အထိ ရည်းစားမထားဖူးသေးတဲ့ FA ကွီးတို့ ရှိပါသလား။ ဘာ့ကြောင့် ခုချိန်ထိ ရည်းစားမရသေးပါလိမ့်လို့ ဦးနှောက်ခြောက်နေပါသလား။ ကိုယ့်ဘက်က ကောင်မလေးတွေ လိုချင်တဲ့ ပုံစံမျိုး မရှိသေးလို့လည်း ဖြစ်နိုင်သလို ကွီးတို့ ကိုယ်တိုင်ကလည်း ရည်းစားထားဖို့ အချိန်မပေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ အခုမှ ရည်းစားထားဖို့ တစ်ဖန်ပြန်လည်ကြံစည်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကိုသာ အသုံးပြုလိုက်ပါ။ ဒီနည်းလမ်းတွေကို အသုံးပြုလိုက်လို့ကတော့ Lisa တောင် ကွီးတို့ကို ရည်းစားတော် ချင်သွားပါလိမ့်မယ်။
ကွီးတို့ကို Lisa တောင် ရည်းစားတော် သွားစေချင်တယ်ဆိုရင် ကွီးတို့ရဲ့ ပုံပန်းသွင်ပြင်ကို အရင်ဦးဆုံး ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ ကွီးတို့ မျက်နှာပေါ်မှာ ဝက်ခြံက ဗရပွနဲ့ဆိုရင်တော့ ဘယ်လိုမှ ကြည့်ကောင်းနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ မျက်နှာက ဝက်ခြံတွေ ကင်းရှင်းပြီး နူးညံ့ချောမွတ်ဖို့ရန်အတွက် စကွင်းကဲပေးဖို့ လိုအပ်ပါတယ်။ ဒီနေ့ခေတ်မှာ မိန်းကလေးတွေတင်မကပါဘူး။ ယောကျာ်းလေးတွေလည်း စကွင်းကဲဖို့ လိုအပ်ပါတယ်။
ဓာတုပစ္စည်း ပါဝင်မှုများတဲ့ စကွင်းကဲပစ္စည်းများကို မကြိုက်နှစ်သက်ဘူး။ သဘာဝပစ္စည်းများနဲ့ပဲ စကွင်းကဲချင်တယ်ဆိုရင်တော့ ခရမ်းချဥ်သီးက အကောင်းဆုံးပါပဲ။ သူတို့မှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်က ဝက်ခြံများနှင့် အမဲစက်များကို တိုက်ဖက်ပေးပြီး အသားအရေကို တင်းရင်းစေကာ အရေးအကြောင်းများကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သူ့ထဲမှာ ပါဝင်တဲ့ Antioxidants က နေရောင်ကြောင့် အသားအရေ ပျက်စီးသွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေကိုလည်း ဖြူစင်ဝင်းပစေပါတယ်။
ကွီးတို့အနေနဲ့ ခရမ်းချဥ်သီးနဲ့ ပေါင်းတင်ချင်တယ်ဆိုရင်တော့ ပေါင်းတင်လို့ရတဲ့ နည်းလမ်းတွေ အများအပြားရှိပါတယ်။ ခရမ်းချဥ်သီးနဲ့ ပေါင်းတင်နိုင်တဲ့ နည်းလမ်းကောင်းများကို ကွီးတို့ လက်တွေ့ အသုံးချနိုင်ဖို့ရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။
နည်းလမ်း (၁)
ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ခရမ်းချဥ်သီးနှင့် သံပုယိုသီးတို့ လိုအပ်ပါလိမ့်မယ်။ ခရမ်းချဥ်သီးကို အနှစ်များရအောင် ချေလိုက်ပါ။ အနှစ်များက လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာလောက် ရသွားပြီဆိုရင်တော့ သံပုယိုရည် ၃ စက်၊ ၄ စက်ခန့်ဖြင့် ရောနှောလိုက်ပါ။ ထို့နောက် အမဲစက်ဖြစ်နေသော နေရာများပေါ်သို့ သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၂ မိနစ်လောက် ကြာသွားအောင် ထားထားလိုက်ပါ။ ပြီးရင်တော့ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးလိုက်ပါ။ ပြီးရင်တော့ အသားအရေကို မျက်နှာသုတ်ပုဝါဖြင့် ပုတ်ပေးလိုက်ပါ။ အရမ်းပတမ်း ပွတ်သုတ်စရာမလိုပါဘူး။ ထို့နောက် Moisturizer ခရင်မ်ဖြင့် လိမ်းကျံပေးလိုက်ပါ။ တစ်ရက်လျှင် ၁ ကြိမ်မှ ၂ ကြိမ်အထိ ပြုလုပ်ပေးရပါမယ်။
နည်းလမ်း (၂)
နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ ခရမ်းချဥ်သီးနှင့် ပျားရည် အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ ဒီပေါင်းတင်နည်းကတော့ အသားအရေကို နူးနူးညံ့ညံ့လေးဖြစ်သွားအောင် ကူညီပေးပြီး အသားအရေကို ရေဓာတ်ဖြည့်တင်းပေးမှာပဲ ဖြစ်ပါတယ်။
လိုအပ်မယ့် ပစ္စည်းများကတော့ ခရမ်းချဥ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပျားရည်နှင့် ခရမ်းချဥ်သီးအနှစ်တို့ကို သမအောင် ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ ညီညီညာညာ သုတ်လိမ်းပေးလိုက်ပါ။ ပြီးတဲ့နောက်မှာတော့ ၁၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။
ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်လျှင် ၂ ကြိမ်ခန့် အသုံးပြုပေးနိုင်ပါတယ်။ တစ်လခန့်ကြာတဲ့နောက်မှာတော့ အသားအရေက သိသိသာသာကို နူးညံ့သွားတာ တွေ့မြင်ရမှာဖြစ်ပါတယ်။
နည်းလမ်း (၃)
အရေးအကြောင်းများကြောင့် စိတ်ညစ်နေရတဲ့ ကွီးတို့ကတော့ ဒီပေါင်းတင်နည်းကို အသုံးပြုနိုင်ပါတယ်။ သူကတော့ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေကို အတွင်းပိုင်းအထိ အားပြန်ဖြည့်ပေးပါတယ်။
လိုအပ်မယ့် ပစ္စည်းများကတော့ ခရမ်းချဥ်သီး တစ်ခြမ်း၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဒိန်ချဥ် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများအားလုံးကို အနှစ်များဖြစ်သွားအောင် သမအောင် ချေမွလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ ညီညီညာညာ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့် ပေါင်းတင်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မျက်နှာသစ်ချလိုက်ပါ။
ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
ဒီနည်းလမ်းများကို အသုံးပြုမယ်ဆိုရင်တော့ ကွီးတို့ အသားအရေက နူးညံ့ချောမွတ်သွားမှာဖြစ်ပြီး Lisa ကတောင် ကွီးတို့ကို ရည်းစားတော် ချင်သွားမှာပဲ ဖြစ်ပါတယ်။
Source: Stylecraze
Featured Image: Freepik