ဒီကမ္ဘာပေါ်မှာ လူတိုင်းက ချမ်းသာချင်ကြတာချည်းပါပဲ။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ချမ်းသာ ကြွယ်ဝခြင်းကို လူတိုင်းမပိုင်ဆိုင်နိုင်ကြပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ ချမ်းသာ ကြွယ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိမက်တစ်ခုတော့ မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုနဲ့ နည်းစနစ်တကျနဲ့ အချိန်တစ်ခု ရင်းနှီးမြှပ်နှံလိုက်ရင် မိတ်ဆွေတို့လည်း အနာဂတ် သူဌေးလောင်း တွေ ဖြစ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိတ်ဆွေတို့အတွက် ဘယ်လိုနည်းလမ်းတွေက အနာဂတ်မှာ ကြွယ်ဝချမ်းသာလာနိုင်မလဲဆိုတာ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ငွေကို စောစောစုပါ
Photo : Future
ကွီးတို့ရေ ချွေတာ စုဆောင်း သူဌေးလောင်းဆိုတာ ကြားဖူးကြတယ်မဟုတ်ပါလား။ ဒါကြောင့် အနာဂတ် မှာ သူဌေးလောင်း ဖြစ်ချင်ရင် ငွေကြေးကို ချွေတာပြီး စုဆောင်းရပါမယ်။ မိတ်ဆွေတို့ တစ်လျှောက် လုံး မစုဆောင်းခဲ့မိဘူးဆိုရင်တောင် အခုအချိန်က စပြီး အနည်းငယ်သော ပမာဏကနေ စတင်စုဆောင်းပါ။ ငွေကြေးကို စုဆောင်း တဲ့နေရာမှာ လစဉ်ဝင်ငွေထဲက မဖြစ်မနေ သုံးစွဲဖို့ လိုအပ်တဲ့ ငွေကြေး ပမာဏတစ်ခုကို ဖယ်ပြီးတာနဲ့ တန်းပြီး စုပါ။ လစဉ်ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကိုဖြစ်စေ ၊ ပမာဏ တစ်ခုကိုဖြစ်စေ စုပါ။ ပြီးမှသာ ကျန်ငွေထဲက သုံးစွဲပါ။ လစဉ်ဝင်ငွေကို အရင်စုဖို့မဖယ်ပဲ ပိုလျှံမှစုမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ လူ့သဘာဝအရ ကုန်အောင်သုံးမိတတ်လို့ပါ။ ထို့အပြင် စုငွေကိုကြိုတင် မဖယ်ထားတဲ့အတွက် လကုန်တဲ့အခါမှာ ကွီးတို့ စုချင်တဲ့ ငွေကြေးပမာဏအတိုင်း စုမိဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် ကိုယ်ပိုင်ဝင်ငွေရှိတဲ့ အချိန်ကစပြီး ငွေကိုစနစ်တကျနဲ့ စောစောစုဖို့ လိုပါတယ်။
မလိုအပ်သော အရာများမှာ ငွေကြေးသုံးစွဲ ခြင်းကို ရှောင်ပါ
Photo : Kiplinger
လူတော်တော်များများ မချမ်းသာရခြင်း အကြောင်းအရင်းများထဲက တစ်ခုကတော့ မလိုအပ်တဲ့ နေရာတွေမှာ ငွေကြေးသုံးစွဲလို့ပါပဲ။ မိတ်ဆွေတို့အနေနဲ့ ပစ္စည်းတစ်ခုခုကိုသော်လည်းကောင်း ၊ တစ်စုံတစ်ခုကို သော်လည်းကောင်း ဝယ်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ဒါကိုတစ်ကယ် လိုအပ်ရဲ့လား ၊ ဒါက မဖြစ်မနေလိုအပ်နေတဲ့ အရာလားဆိုတာ အနည်းဆုံး ၂ ခါလောက် ပြန်ဆန်းစစ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မိတ်ဆွေတို့ အမှန်ကယ်လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားပြီးသား ဖြစ်စေပါတယ်။ ဒါ့အပြင် မလိုအပ်သော အရာများမှာ ငွေကြေးသုံးစွဲမှုကို ကန့်သတ်ပြီးသားဖြစ်သလို ငွေကြေးနဲ့ ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းကိုလည်း ပျိုးထောင်ပြီးသား ဖြစ်စေပါတယ်။
အကြွေးယူခြင်းကို သတိထားပါ
Photo : Fortune India
အပေါ်မှာ ပြောခဲ့သလိုပဲ မလိုအပ်တဲ့ အရာများမှာ ငွေကြေးများ သုံးစွဲခြင်းနဲ့ ခေတ်ရေစီးကြောင်း အနောက်ကို လိုက်ခြင်းက မိတ်ဆွေတို့အတွက် ငွေကြေးကြပ်တည်းမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့အခါ အကြွေးတင်လာနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲပြီး အကြွေးထဲ နစ်နေပါက ငွေကြွေးကြွယ်ဝနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး ဖြစ်လာနိုင်တဲ့ အကြွေးယူခြင်းကို ရှောင်ကြဉ်ပါ။ ကိုယ်ပိုင်ဝင်ငွေကို စနစ်တကျ စီမံခန့်ခွဲပြီး အသုံးပြုပါ။
ငွေများများရှာပါ
Photo : Wall Street
ဒီအချက်ကတော့ ရှင်းပါတယ်။ မိတ်ဆွေတို့အနေနဲ့ အနာဂတ် သူဌေးလောင်း ဖြစ်ချင်ရင် ငွေကြေးကို စုဆောင်ပြီး စနစ်တကျ သုံးစွဲတတ်ရုံနဲ့ မပြီးပါဘူး။ အခုအချိန်ထဲက ငွေကို များများရှာရမှာပါ။ ဥမမာအားဖြင့် မိတ်ဆွေတို့က ကိုယ်ပိုင် လုပ်ငန်းလုပ်လျှင် ထိုလုပ်ငန်းကနေ ဝင်ငွေတိုးလာစေဖို့ ကြိုးစားပါ။ လေ့လာပြီး ရင်းနှီးမြှပ်နှံပါ။ အရောင်းအဝယ် လုပ်လျှင်လည်း ဝင်ငွေပိုတိုးအောင် နည်းလမ်းများကို တီထွင်ကြံဆပြီး ကြိုးစားရမှာပါ။ လစာ ပုံမှန်ရနေတဲ့ ဝန်ထမ်းဆိုလျှင်လည်း ကိုယ့်အရည်အချင်းကို မြှင့်တင်ပြီး ပိုမိုမြင့်မားပြီး လစာပိုကောင်းတဲ့ နေရာကို တက်လှမ်းရမှာပါ။ ထိုကဲ့သို့ ကိုယ့်ဝင်ငွေ တိုးလာအောင် ဖြည်းဖြည်းချင်း အုတ်မြစ်ချသွားပါ။
ရည်မှန်းချက် ပန်းတိုင်ထားရှိပါ
Photo : Forbes
မိတ်ဆွေတို့အနေနဲ့ ကိုယ်ရောက်ရှိချင်တဲ့ အနာဂတ်ကြွယ်ဝ ချမ်းသာမှုအတွက် ပန်းတိုင်ထားရှိဖို့ လိုပါတယ်။ နောက် ၅ နှစ် ၊ နောက် ၁၀ နှစ် စသည့်ဖြင့် အချိန်တစ်ခု သတ်မှတ်ပြီး ထိုအချိန်မှာတော့ဖြင့် ဘယ်လောက်အတိုင်းအတာထိ ချမ်းသာရမယ်ဆိုတဲ့ ပန်းတိုင်ကို ထားရှိပါ။ ထိုပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတဲ့ ယုံကြည်ချက်ဖြင့် မိတ်ဆွေတို့ လိုချင်တဲ့ ကြွယ်ချမ်းသာမှု ဆီသို့ လျှောက်လှမ်းပါ။
အခုဖော်ပြပေးလိုက်တဲ့ အချက်တွေကို လက်ရှိမှာ လိုက်နာကျင့်သုံးနေရင်တော့ မိတ်ဆွေတို့ဟာ သေချာပေါက် အနာဂတ် သူဌေးလောင်း တွေပါပဲ။
Source : Investopedia
Featured Photo : Uni Wide