ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံး စိတ်အပန်းဖြေနည်းကတော့ ခရီးသွားခြင်းပဲဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့ပဲ ခရီးသွားသွား၊ မိသားစုလိုက်ပဲ ခရီးသွားသွား၊ ချစ်သူလေးနဲ့ပဲ ခရီးသွားသွား အဓိကကတော့ စိတ်ဖိစီးစရာများ ပြေပျောက်ပြီး ခွန်အားသစ်မွေးဖို့ပဲ ဖြစ်ပါတယ်။ ရိုးရိုးနေရာဒေသတွေဆိုရင်တော့ ဘယ်သူနဲ့သွားသွား အဆင်ပြေပေမယ့် ရိုဆန် တဲ့ နေရာ တွေဆီ ခရီးသွားမယ်ဆိုရင်တော့ ကိုယ့် ရှော်တီ လေးနဲ့ အတူတူ သွားမှ ပြီးပြည့်စုံမှာမဟုတ်လား။
ကွီးတို့ရော ရိုမန့်တစ်ဆန်တဲ့ နေရာတွေကို ရှော်တီနဲ့ မသွားဘဲ ဘော်ဒါတွေနဲ့ သွားချင်တာလား။
နိုးပါ… ရိုဆန် တဲ့ နေရာ ကို ရှော်တီ လေးနဲ့ အတူတူ သွားမှာ ချစ်ကြည်နူး တစ်တီတူးရင်း ရိုမန့်တစ်ဆန်တဲ့ အချိန်လေးကို အတူတူ ကုန်ဆုံးနိုင်မှာပဲဖြစ်ပါတယ်။
ဘာလီ
Source: Ayana
ဘာလီရှိ ကမ်းခြေတွေကတော့ ကမ်းခြေချစ်သူများအကြား နာမည်ကြီးပါတယ်။ သူ့ကို ဘယ်လောက်ထိ ရိုမန့်တစ်ဆန်သလဲဆိုတာ Rating ပေးရမယ်ဆိုရင်တော့ ၅ မှတ်မှ အမှတ်ပြည့် ၅ မှတ်ရမှာပဲ ဖြစ်ပါတယ်။ ကမ်းခြေအလှတွေက ကွီးတို့ကို ရင်သပ်ရှုမောရအောင် ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။
ပဲရစ်
Source: VnExpress
ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ဖက်ရှင်နဲ့ပဲ ပတ်သက်ရင်ပဲဖြစ်ဖြစ်၊ အနုပညာ ယဥ်ကျေးမှုနဲ့ ပတ်သက်ရင်ပဲဖြစ်ဖြစ် ခေတ်ရှေ့ပြေးနေတဲ့ မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပဲရစ်မြို့ထဲမှာ လည်ပတ်မယ်ဆိုရင်တော့ လည်ပတ်စရာနေရာတွေက အများကြီးပဲဖြစ်ပါတယ်။ အီဖယ်တာဝါဆီမှာပဲ တစ်မြို့လုံးကို ဆီးကြည့်ချင်သလား၊ ဒါမှမဟုတ် ပြတိုက်တွေဆီ သွားလည်ကာ အနုပညာလက်ရာများကို ကြည့်ရှုလေ့လာချင်ပါသလား။ ကွီးတို့ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။
ဖူးခက်
Source: Forevervacation
ဖူးခက်ကမ်းခြေသည်လည်း ကမ္ဘာလှည့် ခရီးသွားများအကြား နာမည်ကြီးတဲ့ ကမ်းခြေတစ်ခုပဲဖြစ်ပါတယ်။ ဖူးခက် ကမ်းခြေမှာ အပန်းဖြေ အနားယူရတာ ငြီးငွေ့နေတဲ့အခါ ဖူးခက်မြို့ထဲမှာ ချစ်သူလေးနဲ့အတူတူ လက်ချင်းချိတ်ကာ လျှောက်လည်နိုင်ပါတယ်။ ဖူးခက်မြို့ထဲမှာဆိုရင် ပြတိုက်ကြီးလည်း ရှိသလို လည်ပတ်စရာ ဖူးခက် ညဈေးလည်း ရှိပါသေးတယ်။
လပ်စ်ဗေးဂတ်စ်
Source: Uk.hotels
လပ်စ်ဗေးဂတ်စ်ကတော့ အမေရိကန်ပြည်ထောင်စု၊ Nevada ပြည်နယ်အတွင်းရှိ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ နာမည်အကြီးဆုံး Resort မြို့တစ်မြို့လို့လည်း တင်စားခေါ်ဝေါ်ကြပြီး ညအလှကို ပီပီပြင်ပြင် ခံစားနိုင်စေမယ့် မြို့တစ်မြို့ပဲဖြစ်ပါတယ်။ ဈေးဝယ်ထွက်ချင်သလား၊ ဒါမှမဟုတ် အဆင့်မြင့်မြင့် စားသောက်ဆိုင်မှာ ညစာ စားချင်ပါသလား။ ဒါမှမဟုတ် ကာစီနိုရုံမှာ တစ်ပွဲလောက် ပျော်ပျော်ပါးပါး ဝင်နွှဲချင်ပါသလား။ ကွီးတို့စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။
ဗင်းနစ်
Source: Travellersworldwide
ရိုဆန် တဲ့ နေရာ တွေကို ရှော်တီ လေးနဲ့ လျှောက်လည်ချင်တယ်ဆိုရင် အီတလီနိုင်ငံရှိ ဗင်းနစ်မြို့ကိုလည်း မေ့ထားလို့မရပါဘူး။ ထိုမြို့လေးသည် လမ်းမကြီး မရှိဘဲ တူးမြောင်းများဖြင့်သာ ဆက်သွယ်ထားတာပဲဖြစ်ပါတယ်။ Adriatic ပင်လယ်ပေါ်ရှိ ကျွန်းပေါင်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားတဲ့ နေရာလေးဖြစ်ပြီး ခရီးသွားများအကြားလည်း နာမည်ကြီးတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ ရှော်တီလေးနဲ့ ခရီးထွက်မယ်ဆို ဘယ်နေရာတွေဆီ သွားလည်ချင်ပါသလဲ။
Source: Edreams.
Featured Image: Freepik