ကမ္ဘာကြီး တွင် နည်းပညာများ တစ်စထက် တစ်စ တိုးတက် ပြောင်းလဲ လာသည်နှင့်အမျှ လူသားများရဲ့ လူနေမှုဘဝ အဆင့်အတန်းသည်လည်း တဖြည်းဖြည်း မြင့်မားလာပါတယ်။ ၂၀၅၀ ဆိုရင်လည်း ကမ္ဘာကြီး က ဘယ်လိုမျိုး တိုးတက် ပြောင်းလဲ လာမလဲဆိုတာ ကျွန်တော်တို့လည်း မခန့်မှန်းနိုင်ပါဘူး။ ကျွန်တော်တို့ ခန့်မှန်းထားတာထက်ကို ပိုမိုတိုးတက်ပြောင်းလဲလာမှာကတော့ အမှန်ပါပဲ။
အခုဆက်လက်ဖော်ပြပေးမှာကတော့ ၂၀၅၀ မှာ ဘယ်လိုတွေ တိုးတက်ပြောင်းလဲလာမလဲဆိုတဲ့အရာတွေကို သိပ္ပံပညာရှင်တွေက ခန့်မှန်းဖော်ပြထားတာပဲ ဖြစ်ပါတယ်။
အာသာကထဲဆီသို့ လူသားများ လှည့်လည်ခရီးသွားနိုင်လာလိမ့်မယ်
Photo: CNN
Business Insider ဂျာနယ်ရဲ့ ပြောကြားချက်အရ ၂၀၅၀ ခုနှစ်မှာဆိုရင် အာကာသဆီ ခရီးသွားခြင်းသည် အကောင်အထည်ဖော်လာတော့မယ်လို့ ခန့်မှန်းထားကြပါတယ်။ သို့သော် အင်မတန် ချမ်းသာတဲ့ ကုမ္မဏီတွေသာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဥပမာ Jeff Bezo ရဲ့ Blue Origin နှင့် Elon Musk ရဲ့ SpaceX လို ကုမ္ပဏီမျိုးတွေ ဖြစ်ပါတယ်။
မောင်းသူမဲ့ယာဥ်တွေသည် ပိုပြီး လုံခြုံစိတ်ချရလာမယ်
ယနေ့ခေတ်မှာ Self-Driving ကားလိုမျိုး ကားအမျိုးအစားတွေသည် တစ်စထက် တစ်စ ဈေးကွက်ထဲ ထိုးဖောက်စပြုနေပြီ ဖြစ်ပါတယ်။ သို့သော် လူသားတွေအတွက် ဘေးကင်း လုံခြုံ စိတ်ချရခြင်းတော့ မရှိပါဘူး။ သို့သော် ၂၀၅၀ ကျရင်တော့ ကားမောင်းသူက မောင်းတဲ့သူ ထိုင်ခုံမှာ ထိုင်စရာမလိုတော့ဘဲ စိတ်အေးချမ်းသာစွာနှင့် သက်သောင့်သက်သာ လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပါတယ်။
အိုင်ဖုန်းတွေကို သစ်ပင်ရဲ့ စွမ်းအင်နဲ့ အားသွင်းလို့ရလာလိမ့်မယ်
Photo: Nytimes
သစ်တောများသည် ကျွန်တော်တို့လူသားတွေရဲ့ အနာဂတ်အတွက် စွမ်းအင် အရင်းအမြစ်ကြီးတစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် Bioo ကုမ္ပဏီက ထိုကဲ့သို့ လုပ်ဆောင်နိုင်အောင် ကြိုးပမ်းနေပြီပဲဖြ စ်ပါတယ်။ သူသည် ယခုအချိန်မှာ အပင်ရဲ့ နေရောင်ခြည်ကနေ အစာချက်တဲ့ စနစ်ကို အသုံးချကာ လျှပ်စစ်များ ထွက်လာအောင် လုပ်ဆောင်နိုင်နေတဲ့ Clean-Tech နည်းပညာ ကုမ္ပဏီပဲဖြစ်ပါတယ်။
လူသူ တစ်ခါမှ မရောက်ဖူးတဲ့နေရာတွေကို Drone နဲ့ သွားရောက်စူးစမ်းနိုင်လာမယ်
Photo: Dronesglobe
အချို့သော နေရာဒေသများသည် လူသားများ သွားရောက်ဖို့ရန်အတွက် မသင့်တော်ဘဲ အန္တရာယ်များလှပါတယ်။ သို့သော် ယခုအချိန်မှာတော့ Inkonova လိုမျိုး ကုမ္ပဏီတွေသည် ပျံသန်းနိုင်တဲ့ ဒရုန်းများ၊ ကားမောင်းနိုင်တဲ့ ဒရုန်းများ၊ တောင်ပေါ်တက်နိုင်တဲ့ ဒရုန်းများ၊ လေဆာ နည်းပညာကို အသုံးပြုကာ နေရာတစ်ခုကို Scan ဖတ်ပြီး 3D မြေပုံကို ဖန်တီးပေးနိုင်တဲ့ ဒရုန်းမျိုးကို စတင်တီထွင်နေကြပြီ ဖြစ်ပါတယ်။
လက်ရှိမှာ လူသားများ လုပ်ကိုင်နေတဲ့ အလုပ်အကိုင် ထက်ဝက်နီးပါးက ပျောက်ကွယ်သွားလိမ့်မယ်
Photo: Usatoday
AI နှင့် စက်ရုပ်များ အသုံးချမှု မြင့်မားလာသည်နှင့်အမျှ လက်ရှိမှာ လူသားများ လုပ်ကိုင်နေကြတဲ့ အလုပ်အကိုင် ထက်ဝက်နီးပါးက ၂၀၅၀ မှာ ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အနာဂတ်မှာ ကျနော်တို့ လူသားတွေရဲ့ လေ့လာမှု ပုံစံတွေကိုလည်း ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။
၂၀၅၀ က အခုနေ စဥ်းစားကြည့်ရင်တော့ အဝေးကြီး လိုသေးတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သို့သော် တစ်နှစ် တစ်နှစ်သည် ဟိုလှည့် ဒီလှည့်နဲ့ အချိန်တွေက အကုန်မြန်သွားပြီး နောက်ထပ် ၂၇ နှစ်လောက်ဆိုရင်ပဲ ၂၀၅၀ ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
ကွီးတို့ရော ၂၀၅၀ မှာ ဘယ်လိုအရာတွေ တိုးတက်ပြောင်းလဲလာမယ်လို့ ထင်ပါသလဲ။
Source: Apiumhub
Featured Image: Stories.uq.edu.au