ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးမှာ နေရာဒေသအလိုက် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင်‌ လှပတဲ့နေရာတွေ၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ထိုလှပတဲ့နေရာတွေကို ချစ်သူလေးနဲ့ အတူ အမှတ်တရတွေ ဖန်တီးရင်း ခရီးသွား ရတာဟာ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းစေမှာ အမှန်ပါပဲ။ ဒါကြောင့် ချစ်သူလေးနဲ့ ခြေဆန့်ချင်တဲ့ ကွီးတို့အတွက် ဒီဆောင်းပါးလေးကနေ ကမ္ဘာအနှံ့က လှပပြီး အိမ်မက်ဆန်တဲ့ နေရာ တွေကို ဝေမျှပေးချင်ပါတယ်။

ဂရိ

အိမ်မက်ဆန်တဲ့ နေရာ

Photo : Travel Passionate

ချစ်ရသူလေးနဲ့ ကမ္ဘာအနှံ့ ခြေဆန့်ဖို့ စဉ်းစားနေတယ်ဆိုရင် ပထမဆုံးဖော်ပြပေးချင်တဲ့ နေရာကတော့ ဂရိပဲဖြစ်ပါတယ်။ ဂရိရဲ့ ကြည်လင်ပြတ်သားတဲ့ ရှုခင်းတွေ၊ အပြာရောင်ပင်လယ်ပြင်၊ အဖြူရောင်အိမ်လေးများနဲ့ ထူးခြား မြင့်မားတဲ့ ချောက်ကမ်းပါးများပေါ်တွင် တည်ရှိနေတဲ့ ပင်လယ်မြို့များကလည်း ခရီးသွားချစ်သူ နှစ်ဦးအတွက် အိမ်မက်ဆန်ဆန် ဆွဲဆောင်နေပါတယ်။

ပေါ်တူဂီ

အိမ်မက်ဆန်တဲ့ နေရာ

Photo : GetByBus

ပေါ်တူဂီရဲ့ အိပ်မက်ကဲ့သို့ အလှတရားများကလည်း ကမ္ဘာတစ်ဝှမ်းမှ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နေပါတယ်။ ချစ်သူလေးနဲ့အတူ ပေါ်တူဂီမှာ ခရီးသွားရင်း စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုတွေ၊ ရင်သပ်ရှုမောဖွယ် ရှုခင်းများကို ခံစားနိုင်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီမှ ငေးမောချင်စရာ ကမ်းခြေများမှာလည်း ခရီးသွား ခြေရာလေးတွေ ချလို့ရပါတယ်။

အီဂျစ်

အိမ်မက်ဆန်တဲ့ နေရာ

Photo : Visa First

လှပပြီး အံ့အားသင့်ဖွယ် ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ အိမ်မက်ဆန်တဲ့ နေရာ တစ်ခုကို ဖော်ပြပါဆိုရင် အီဂျစ်ကတော့ မပါမဖြစ်ပါပဲ။ အီဂျစ်က ဖာရိုဘုရင်များရဲ့ စိတ်ဝင်စားဖွယ် သမိုင်းကြောင်းများ၊ ကြီးမားသော ပိရမစ်များနဲ့ Valley of the Kings သင်္ချိုင်းများကြောင့် ခရီးသွားများကြားမှာ ရေပန်းစားပါတယ်။ အီဂျစ်ရဲ့ နွေရာသီက မေလမှ သြဂုတ်လ အတွင်းဖြစ်တာကြောင့် အခုလို အချိန်လေးက လည်ပတ်လို့အကောင်းဆုံးပါပဲ။

အီတလီ

Photo : Sand in my suitcase

တကယ်ကို လှပပြီး ချစ်သူလေးနဲ့ မဖြစ်မနေ သွားရောက် လည်ပတ်သင့်တဲ့ အိမ်မက်ဆန်တဲ့ နေရာ လေးတစ်ခုကတော့ အီတလီက ဗင်းနစ်မြို့လေး ပဲဖြစ်ပါတယ်။ အီတလီနိုင်ငံ မြောက်ပိုင်း Veneto ဒေသရဲ့ မြို့တော်ဖြစ်တဲ့ ဗင်းနစ်မြို့ကို Adriatic ပင်လယ်ရှိ ရေကန်ကြီးအတွင်းရှိ ကျွန်းငယ်ပေါင်း ၁၀၀ ကျော်ပေါ်တွင် တည်ဆောက်ထားပါတယ်။ ဗင်းနစ်ရှိ အဓိက တူးမြောင်းသည် စိန့်မာ့ရင်ပြင်ကို ဖြတ်စီးဆင်းပြီး နှစ်မိုင်ရှည်လျားသော ဂရင်းတူးမြောင်းဖြစ်ပြီး ဗင်းနစ်ရဲ့ သမိုင်းဝင်ဗိသုကာ လက်ရာအချို့ကို စီတန်းထားကာ အလယ်ခေတ်မှသည် ခန့်ညားထည်ဝါမှုများကို ချစ်သူလေးနဲ့အတူ ကြည့်ရှုခံစားနိုင်ပါတယ်။

နယူးဇီလန်

Photo : Visa First

ချစ်သူလေးနဲ့ အိမ်မက်ဆန်တဲ့ နေရာလေးမှာ ခြေရာချဖို့ဆိုရင် နောက်ထပ် ရွေးချယ်စရာ တစ်ခုကတော့ နယူးဇီလန်ပဲ ဖြစ်ပါတယ်။ နယူးဇီလန်ရဲ့ တောင်ပိုင်းကျွန်းက ကြီးကျယ်ခမ်းနားသော တောင်တန်းများ၊ ရေခဲမြစ်များနှင့် စိမ်းလန်းစိုပြေသော သစ်တောများရှိပြီး မြောက်ပိုင်းကတော့ ၎င်းရဲ့ ရင်သပ်ရှုမောဖွယ် ကမ်းရိုးတန်းများကြောင့် လူသိများပါတယ်။ ကွီးရော ကွီးချစ်သူလေးကပါ သယာဝတရားကြီးကို ခံစားရင်း ခြေဆန့်မယ်ဆိုရင် နယူးဇီလန်က အကောင်းဆုံးပါပဲ။

Source : Visa First

Featured Photo : Santorini