နှစ်ရှည်လများ လူကြိုက်များကာ အောင်မြင်နေတဲ့ စီးရီးဇာတ်လမ်းတွဲတွေက အများကြီးပဲရှိပါတယ်။ ထိုအထဲမှာ ၁၉၇၇ ခုနှစ် ကတည်းကနေ ယနေ့ချိန်ထိ အောင်မြင်နေတဲ့ Star Wars ဇာတ်လမ်းတွဲသည်လည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဘယ်လောက်ထိတောင် အောင်မြင်လဲဆိုရင် Star Wars ထဲက ဇာတ်ကောင်တွေကို အသုံးပြုကာ အမိုက်စား ဂိမ်း တွေတောင် ဖန်တီးခဲ့လာကြပြီပဲ ဖြစ်ပါတယ်။
ကွီးတို့က Star Wars ဖန်လည်းဖြစ်တယ် ဂိမ်း ဆော့ရတာလည်း ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဂိမ်းတွေကို အပျင်းပြေ စမ်းဆော့ကြည့်နိုင်ပါတယ်။
Star Wars: Galaxy of Heroes

Photo: EA
Star Wars: Galaxy of Heroes ဂိမ်းကတော့ စတားဝါး ယူနီဗာ့စ်ထဲမှာ တည်ရှိနေတာဖြစ်ပြီး ဆော့ကစားမယ့်သူအနေနဲ့ Dark Side (သို့) Light Side နှစ်မျိုးထဲက မိမိကြိုက်နှစ်သက်ရာတစ်မျိုးကို ရွေးချယ်ပြီး ကလက်စီကြီးရဲ့ အရှင်သခင်ဖြစ်အောင် ကြိုးပမ်းနိုင်ပါတယ်။ ကွီးတို့အနေနဲ့ အခြားအဖွဲ့ကို နိုင်အောင် ဆော့ကစားဖို့ဆိုရင် နည်းဗျူဟာကျကျနဲ့ ဆော့ကစားတတ်ဖို့လည်း လိုအပ်သလို ကိုယ့် အဖွဲ့သားများနှင့် အပေးအယူမျှစွာ ဆော့ကစားတတ်ဖို့လည်း လိုအပ်ပါတယ်။
Star Wars: KOTOR II

Photo: GOG.com
ဒီဂိမ်းကတော့ ကွီးတို့တစ်ယောက်တည်း တိုက်ခိုက်ရမယ့် ဂိမ်းပဲဖြစ်ပါတယ်။ ဂိမ်းကတော့ Jedi သည် Sith Lords ရဲ့ အနိုင်တိုက်ခြင်းကို ခံလိုက်ရတဲ့ အချိန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Jedi နေရာကနေ ဆော့ကစားရမှာဖြစ်ပြီး ကိုယ် တစ်ယောက်တည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရမှာပဲဖြစ်ပါတယ်။
LEGO Star Wars: The Force Awakens

Photo: Store.playstation.
Star Wars ဂိမ်းကတော့ Warner Bros. Games ကနေ တီထွင်ထားတာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ စတားဝါး ယူနီဗာ့စ်ကြီးတစ်ခုလုံးကို Lego ပုံစံမျိုးနဲ့ မြင်တွေ့ရမှာဖြစ်ပြီး အရာအားလုံးသည် Lego ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပဟေဠိများကို အဖြေရှာရမှာဖြစ်ပြီး ကွီးတို့ ကြိုက်နှစ်သက်ရာ ကာရိုက်တာကို ရွေးချယ်နိုင်ပါတယ်။
Star Wars: Knights of the Old Republic

Photo: Steam
ဒီဂိမ်းကတော့ Galactic အင်ပါယာကြီး မပေါ်ပေါက်သေးခင် နှစ် ၄၀၀၀ ခန့်အချိန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Jedi ကာရိုက်တာပဲယူယူ Sith ကာရိုက်တာပဲယူယူ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ထိုဂိမ်းထဲတွင် ကွီးတို့အနေနဲ့ မြောက်များစွာသော ဂြိုလ်တွေဆီ သွားရောက်နိုင်ပြီး Malak ကို အနိုင်တိုက်နိုင်ပါတယ်။
Lego Star Wars: The Complete Saga

Photo: Steam
ဒီးဂိမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းပြီး ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ခေါင်းစဥ်အတိုင်းပဲ Graphic ဒီဇိုင်းတွေ အကုန်လုံးက Lego ပုံစံ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကာရိုက်တာ မျိုးစုံ ပြောင်းလဲကာ ဆော့ကစားနိုင်သလို Lego အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ ယူနီဗာ့စ်အနှံ့ သွားရောက်လည်ပတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခုဖော်ပြသွားတဲ့ Star Wars ဂိမ်း တွေအကုန်ုလံးကို Android မှာရော iOS မှာပါ ဆော့ကစားနိုင်ပါတယ်။ ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်ဂိမ်းတွေကို ဆော့ကစားဖူးပါသလဲ။
Featured Image: Starwars
