ခင်ဗျားတို့ကို ကြည့်ရတာ ဝမ်းနည်းနေသလိုပဲ ဒါဆို ကျွန်တော်ဆော့နေကျ ဂိမ်း လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်နေရာတည်းမှာ ဆော့ကစားနိုင်မယ့် ဂိမ်းပေါင်း ၅၀၀ ကျော်တော့ မဟုတ်ဘူး။ အခုပြောပြမယ့် ဂိမ်းတွေက လူတွေရဲ့ဘဝတွေကို ရိုက်ချိုးမှာ မဟုတ်သလို ငွေကြေးဆုံးရှုံးမှု မရှိနိုင်တဲ့ ပျော်ရွှင်ဖွယ်ရာ သောကကင်း ဂိမ်းလေးတွေပါ။ ကဲဒါဆို ဘာဂိမ်းတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) Alien: Isolation

Source : Feral Interactive

ဒီဂိမ်းက သိပ္ပံစိတ်ကူးယဉ် ဇာတ်ကောင် Ellen Ripley ရဲ့အကြောင်းကို အခြေခံထားတဲ့ Survival Horror ဂိမ်း အမျိုးအစား ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ထိတ်လန့်ရင်ခုန်ဖွယ် ဆော့ကစားရမှာပါ။ iOS ရော Android မှာပါ ဆော့ကစားနိုင်မှာဖြစ်ပေမယ့် ၁၅ ဒေါ်လာဝန်းကျင်ခန့်တော့ ကျသင့်မှာဖြစ်ပါတယ်။ ဒီဂိမ်းရဲ့တစ်ခုတည်းသော အားနည်းချက်ကတော့ မော်ဒယ်မြင့်ဖုန်းတွေမှာသာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၂) Evoland 2

Source : Playdigious

Adventure ဂိမ်းတွေကို ဆော့ရတာ ကြိုက်တယ်ဆိုရင် Evoland 2 ကို Try ကြည့်ပါ။ ဂိမ်းတစ်ခုထဲမှာတင် မတူညီတဲ့ ဂရပ်ဖစ်စတိုင်တွေနဲ့ ပေါ့ပေါ့ပါးပါး ဆော့ကစားလို့ကောင်းတဲ့ ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းကလည်း ၈ ဒေါ်လာ ဝန်းကျင်ခန့်နဲ့ ဝယ်ဆော့ရမှာ ဖြစ်ပါတယ်။

(၃) Genshin Impact

Source : Genshin Impact

Free To Play ဆော့လို့ရမယ့် ဂိမ်း လေးလာပါပြီ။ ဒီဂိမ်းက Adventure ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပြီး Zelda: Breath of the Wild နဲ့ တော်တော်လေး ဆင်တူပါတယ်။ ဂိမ်းရဲ့ရုပ်ထွက်က တော်တော်လေးကောင်းပြီး Controls တွေလည်း ရှယ်မိုက်တဲ့အတွက် ဂိမ်းရဲ့စွန့်စားခန်းတွေထဲမှာ အချိန်ကြာကြာ စီးမျောနစ်ဝင်နေစေမှာ အသေအချာပါပဲ။

(၄) Guardian Tales

Source : Kakao Games

Guardian Tales ကတော့ Retro-Style စွန့်စားခန်း ဂိမ်း အမျိုးအစား ဖြစ်ပါတယ်။ Players တွေ အနေနဲ့ Puzzles တွေကို အဖြေရှာပြီး ဂိမ်းရဲ့လျို့ဝှက်နက်တဲ့ အပိုင်းတွေကို ဖော်ထုတ်ရင်း စိတ်ဝင်စားဖွယ် ကစားသွားရမှာ ဖြစ်ပါတယ်။ Story လည်းမိုက် Fun ဖြစ်စေမယ့် အရာလေးတွေလည်းလုပ်ရင်း ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားရမှာပါ။ ဒီဂိမ်းလေးကလည်း Free To Play ကစားနိုင်မှာ ဖြစ်ပါတယ်။

ကဲဒါဆို ကွီးတို့ အပင်ပန်းခံ ရှာထားရတဲ့ ချွေးနည်းစာ ငွေတွေကို ပြန်လမ်းမရှိတဲ့ ဂိမ်း ပေါင်း ၅၀၀ ကျော်မှာ အဆုံးရှုံးခံမလား ၊ အခုပြောပြတဲ့ စိတ်ဝင်စားစရာဂိမ်းလေးတွေပဲ ပျော်ပျော်ပါးပါး ဆော့မလား ရွေးလိုက်တော့နော်။

Featured Photo : Microsoft