ပြီးခဲ့တဲ့လက MWC မှာ မိတ်ဆက်ခဲ့တဲ့ nubia Pad 3D ကို ယခုအခါ ဥရောပ ၊ အရှေ့အလယ်ပိုင်း ၊ အာရှပစိဖိတ်နဲ့ အာဖရိကမှာရှိတဲ့ နိုင်ငံပေါင်း ၄၀ ကျော်အတွက် ZTE ရဲ့ တရားဝင် ဝဘ်ဆိုဒ်ကနေတစ်ဆင့် ကြိုတင် Pre-order မှာယူနိုင်ပြီ ဖြစ်ပါတယ်။

nubia Pad 3D
Photo : AndroidGuys

nubia Pad 3D ကို မီးခိုးရောင် ကာလာတစ်မျိုးတည်းနဲ့သာ ထုတ်ထားပြီး ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁,၁၉၉ ၊ ယူရို ၁,၂၉၉ ၊ ပေါင် ၁,၁၄၉ ခန့်ကျသင့်မယ်လို့ သိရပါတယ်။ သို့သော် အခုလက်ရှိ Pre-order မှာယူမယ့် သူတွေအနေနဲ့ ဒေါ်လာ ၁၀၀ ၊ ယူရို ၁၀၀ ၊ ပေါင် ၁၀၀ ခန့် လျော့ဈေးရရှိမှာဖြစ်ပြီး တက်ဘလက် အားသွင်းတဲ့ Charger ပါ လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။

nubia Pad 3D

Photo : GSMArena.com

မျက်နှာပြင်ကိုတော့ 12.4″ 120Hz 2,560×1,600-pixel LCD နဲ့ တည်ဆောက်ထားပါတယ်။ ၎င်းမျက်နှာပြင်ဟာ အချိန်နဲ့တစ်ပြေးညီ 2D ကနေ 3D ကို ပြောင်းလဲခြင်းအတွက် ပံ့ပိုးပေးထားတဲ့ 3D Lightfield Display တစ်ခုဖြစ်ပြီး မျက်မှန်မလိုပဲ 3D View ရုပ်ထွက်ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

nubia Pad 3D မှာ Snapdragon 888 SoC မောင်းနှင်ထားပြီး 8GB RAM / 256GB Storage နဲ့ Android 13 ကို အသုံးပြုထားပါတယ်။ ဘက်ထရီအနေနဲ့ကတော့ 3W Charging စနစ် ထောက်ပံ့ပေးထားတဲ့ ၉,၀၇၀ mAh ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။

Source : ZTE Devices

Pad 3D တက်ဘလက်မှာ ကင်မရာ ၄ လုံးပါရှိပြီး အရှေ့ဘက် (2x 8MP) ကင်မရာ ၂ လုံးနဲ့ ကျောဘက် (2x 16MP) ကင်မရာ ၂ လုံးစီထည့်သွင်း ပေးထားပါတယ်။ အရှေ့ဘက် ကင်မရာတွေက 3D မျက်မှန်မပါပဲ 3D View ကြည့်ရှု့နိုင်မှာဖြစ်ပြီး အနောက်ကင်မရာ တွေကတော့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို 3D View နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com