ဒီဇိုင်းဆန်းဆန်းနဲ့ ခေတ်မှီ ဆန်းပြားတဲ့ ဖုန်းတွေကို သုံးချင်တယ်ဆိုရင်တော့ နောက်ဆုံးပေါ် ဖုန်းတွေကိုသာ ဝယ်သုံးသင့်ပါတယ်။ ဖုန်းအသစ်တွေသည် နှစ်တိုင်းဆိုသလို အသစ်အသစ်တွေက ထွက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့် ကွီးတို့ ကြိုက်နှစ်သက်တဲ့ ဖုန်းကို ဝယ်ယူတဲ့အခါ ဘယ်လိုအမျိုးအစားကို ဦးစားပေး ဝယ်ယူချင်သလဲဆိုတာ သေသေချာချာ လေ့လာသင့်ပါတယ်။

ခေတ်မှီ ဆန်းပြားတဲ့ နောက်ဆုံးပေါ် ဖုန်းတွေက အများကြီးပဲဆိုတော့ ကွီးတို့ စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ဖို့ရန်အတွက် အခုပဲ လေ့လာကြည့်လိုက်ပါ။

iPhone 13

iPhone 13

iPhone 13 က 14 နဲ့ ယှဥ်ရင် ဒေါ်လာ ၁၀၀ သက်သာပြီး 14 မဝယ်ချင်တဲ့ သူတွေအတွက်တော့ ၁၃ က ရွေးချယ်သင့်တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ၆၉၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပြီး Performance ပိုင်းကလည်း 14 နဲ့ ထူးမခြားနားပါပဲ။ 14 မှာကတော့ Upgrade ကို မဆိုစလောက်လေး မြင့်ထားတာဖြစ်ပါတယ်။

Samsung Galaxy S23 Plus

Samsung Galaxy S23 Plus

Samsung ဖန်တွေအတွက် ၆.၆ လက်မ စခရင်မ်ရှိတဲ့ Samsung Galaxy S23 Plus ရဲ့ ဒီဇိုင်းကလည်း မိမိုက်နေမှာပဲဖြစ်ပါတယ်။ ဘက္ထရီသက်တမ်းကလည်း ရှယ်ကောင်းပြီး Snapdragon Processor ကို အသုံးပြုထားပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၀၀၀ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။

iPhone 14 Pro & Pro Max

ခေတ်မှီ နောက်ဆုံးပေါ်

Dynamic Island ပါတဲ့ အမျိုးအစားကိုမှ အသုံးပြုချင်တယ်ဆိုရင်တော့ iPhone 14 Pro နဲ့ Pro Max ကို ဝယ်ယူသင့်ပါတယ်။ 14 Pro ကတော့ ၉၉၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပြီး Pro Max ကတော့ ၁၀၉၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။

Samsung Galaxy S23 Ultra

ခေတ်မှီ နောက်ဆုံးပေါ်

လေးထောင့်စပ်စပ် ဒီဇိုင်းလေးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Samsung Galaxy S23 Ultra ကို အသုံးပြုသင့်ပါတယ်။ သူ့ဒီဇိုင်းကတော့ ကင်မရာ အကြီး သုံးလုံးနှင့် အသေး ၂ လုံးတို့ကို မျဥ်းပြိုင်ပုံသဏ္ဍာန် တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ ၆.၈ လက်မ စခရင်မ် အရွယ်အစားရှိပြီး S Pen Stylus ကို Built-In အနေနဲ့ ထည့်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀၀ ပေးဝယ်ရမှာဖြစ်ပါတယ်။

Google Pixel 6A

ခေတ်မှီ နောက်ဆုံးပေါ်

ဈေးသက်သာတဲ့ ဒေါ်လာ ၅၀၀ အောက်ဖုန်းကို ဝယ်ချင်တယ်ဆိုရင်တော့ Google Pixel 6A ကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ၄၄၉ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ ၆.၁ လက်မ OLED စခရင်မ်ကို သုံးထားပြီး ကင်မရာကလည်း အမိုက်စား၊ ဘက္ထရီ သက်တမ်းကလည်း အကြာကြီးခံတဲ့အတွက်ကြောင့် သုံးပျော်တဲ့ စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

OnePlus 11

ခေတ်မှီ နောက်ဆုံးပေါ်

OnePlus 11 ဒီဇိုင်းကတော့ ထူးခြားလှပတဲ့ ဒီဇိုင်းလေးနဲ့ လာပါတယ်။ သူ့ရဲ့ ကင်မရာ ဒီဇိုင်းကတော့ ကင်မရာလေးလုံးကို အနောက်မှာ စက်ဝိုင်းထဲ ထည့်ထားတဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။ Fast Wired Charging စနစ်ဖြစ်ပြီး သူ့ရဲ့ စခရင်မ်ကတော့ ၆.၇ လက်မရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၉၉ ပေးချေရမှာဖြစ်ပါတယ်။

ကွီးတို့ရော ခေတ်မှီ ဆန်းပြားတဲ့ နောက်ဆုံးပေါ် ဖုန်းအမျိုးအစား အများအပြားရှိတဲ့အနက် ဘယ်ဖုန်းကို ကိုင်ချင်ပါသလဲ။

Source: Theverge

Featured Image: Nextpit