ကျွန်တော်တို့ဟာ နေ့စဉ်ဘဝမှာ တစ်နည်းမဟုတ်၊ တစ်နည်း စိတ်ဖိစီးမှုတွေ၊ အဆင်မပြေမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ကြုံတွေ့ရတဲ့အခြေအနေနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး စိတ်ဖိစီးမှု ပြင်းထန်တာနဲ့ လျော့ပါးတာသာ ကွာခြားမှုရှိပါတယ်။ လူတိုင်းနီးပါးကတော့ ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေ ကြုံတွေ့ဖူးကြမှာပါ။ စိတ်ဖိစီးမှုတွေဆိုတာ မလျော့ချဘဲ ရေရှည်ဖြစ်လာပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ကို လတ်တလော ကြုံတွေနေရတဲ့ Stress တွေ ယူပစ်သလို ပျောက်သွားစေဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

အသက်ရှုလေ့ကျင်ခန်းလုပ်ပါ

Stress ပျောက်သွားစေဖို့

Photo : The Migraie Relief

စိတ်ဖိစီးမှုတွေ မွန်းကြပ်နေပြီး ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေရင် အရင်ဆုံး လုပ်လက်စအလုပ်တွေကို ရပ်လိုက်ပါ။ ပြီးလျှင် မျက်လုံးလေးမှိတ်ပြီး သက်တောင့်သက်သာ ထိုင်ကာ အသက်ရှုလေ့ကျင့်ခန်းကို ပြုလုပ်ပါ။ ဖြည်းဖြည်းချင်း နက်ရှိုင်းစွာ အသက်ရှုခြင်းက သွေးဖိအားနှင့် နှလုံးခုန်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ငြိမ်သွားပြီး စိတ်ဖိစီးမှုများ လျော့ပါးသွားသလို ခံစားရတဲ့ အထိ အသက်ရှုသွင်း၊ ရှုထုတ် ဆက်တိုက်လုပ်ပေးပါ။ သဘာဝတရားကြီးနဲ့ ထိတွေ့ပြီး သန့်ရှင်းလတ်ဆတ်တဲ့လေတွေ တဝကြီးရှုလိုက်ခြင်းကလည်း စိတ်ဖိစီးမှုတွေကို သိသိသာသာလျော့ကျစေပါတယ်။

သီချင်းနားထောင်ပါ

Photo : Pexels

သီချင်းတွေ၊ ဂီတ သံစဉ်တွေက လူ့စိတ်ကိုလွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို အမြန်ဆုံး လျော့ချနိုင်ဖို့ သီချင်းလေးတွေ နားထောင်တာလည်း နည်းလမ်းကောင်းပါပဲ။ ကိုယ်အကြိုက်ဆုံးသီချင်း ဒါမှမဟုတ် စိတ်ပျော်ရွှင်စေမယ့် သီချင်းကို ခေတ္တနားထောင်နေလိုက်ပါ။ တကယ်ကို ထိရောက်တာ တွေ့ရပါလိမ့်မယ်။

ရယ်မောလိုက်ပါ

Stress ပျောက်သွားစေဖို့

Photo : Men’s Health

စိတ်ဖိစီးမှုကို လျင်လျင်မြန်မြန် လျှော့ချရန် လုပ်ဆောင်နိုင်တဲ့ အရာများစွာရှိတဲ့အထဲမှာ ရယ်မောခြင်းကလည်း အမှန်တကယ် ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးလာရင် ဟာသအချို့ ကြည့်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ ရယ်မောပျော်ရွှင်စရာတွေ မျှဝေပါ။ မိတ်ဆွေတို့ ရီမောတဲ့အခါတိုင်း ကိုယ်တွင်းအင်္ဂါများဆီသို့ အောက်ဆီဂျင်ပမာဏများလာပြီး၊ သွေးစီးဆင်းမှုကိုလည်းမြှင့်တင်ပေးကာ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ပါတယ်။ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ခြင်းက Stress တွေကို ယူပစ်သလို ပျောက်သွားစေဖို့ ကူညီပေးနိုင်ပါတယ်။

မျက်လုံးလေးများကို ခေတ္တမှိတ်ထားပါ

Stress ပျောက်သွားစေဖို့

Photo : OpenCoworking

ကွီးတို့အနေနဲ့ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ ကိစ္စတစ်ခုခုကြောင့် စိတ်ဖိစီးမှုတွေ များလာတဲ့အခါ အရာအားလုံးကို ခေတ္တမေ့ထားလိုက်ပြီး မျက်လုံးလေးများကို ပိတ်ကာ အနားယူလိုက်ပါ။ ထိုသို့ လုပ်ခြင်းအားဖြင့် စိတ်တည်ငြိမ်မှုနှင့် အာရုံစူးစိုက်မှုကို ပြန်လည်ရရှိစေပါတယ်။

အကြောဆန့်ပါ

Photo : The Physio Cpmpany

မိတ်ဆွေတို့အနေနဲ့ စိတ်ညစ်လာပြီ သို့မဟုတ် စိတ်ရှုတ်လာပြီဆိုတာနဲ့ ထိုစိတ်ဖိစီးစရာ အခြေအနေမှာပဲ ထိုင်မနေဘဲ ကိုယ်ခန္ဓာနဲ့ ခြေလက်များကို  ဆန့်ပြီး အကြောလျော့ခြင်းဖြင့် ကြွက်သားများ တင်းမာမှုကို လျော့ချလိုက်ပါ။ ဒီလို တင်းမာနေတဲ့ ကြွက်သားတွေကို လျော့ကျစေခြင်းဖြင့် စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့ကျသွားတာ တွေ့ရမှာပါ။

ခပ်သွက်သွက် လမ်းလျှောက်လိုက်ပါ

Photo : Healthline

Anxiety and Depression Association of America မှ လေ့လာမှုအချို့အရ ၁၀ မိနစ်ခန့် လမ်းလျှောက်ခြင်းသည် စိတ်တည်ငြိမ်စေရန်အတွက် လုံလောက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၄၅ မိနစ် သို့မဟုတ် ကြာကြာလမ်းလျှောက်ခြင်းကဲ့သို့ လှုပ်ရှားမှုများက စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချရန် အထောက်အကူဖြစ်နိုင်တယ်လို့ အချို့သောလေ့လာမှုများက အကြံပြုထားပါတယ်။ ဒါကြောင့် စိတ်ဖိစီးလာပါက အချိန်ခဏပေးပြီး ခပ်သွက်သွက်လမ်းလျှောက်ကြည့်ပါ။ နောက်တစ်ချက်အနေနဲ့ကတော့ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကလည်း စိတ်ဖိစီးမှုများနဲ့ စိုးရိမ်ပူပန်မှုများကို‌ လျော့ကျစေပါတယ်။

ကွီးတို့‌ရေ အခုဖော်ပြလိုက်တဲ့ နည်းလမ်းလေးတွေကို လုပ်ငန်းခွင်မှာ ဖြစ်စေ၊ လှုမှုပတ်ဝန်းကျင်မှာ ဖြစ်စေ ကြုံတွေ့လာရတဲ့ Stress တွေကို လျင်လျင်မြန်မြန် ပျောက်သွားစေဖို့ ဒါမှမဟုတ် သိသိသာသာလျော့သွားစေဖို့ အထောက်အကူပြုတာကြောင့် လိုက်နာကြည့်ဖို့ မမေ့ပါနဲ့နော်။

Source : Colorado

Featured Photo : Columbia