ကွီးတို့က ဉာဏ်ကောင်း တဲ့သူဆိုရင်တော့ အခုဖော်ပြပေးမယ့် ဒီဇိုင်းများကို နမူနာပုံစံ မမြင်ခင်ကတည်းက ဘယ်လို တီထွင် နိုင်မလဲဆိုတာကို အော်တိုသိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုး ဖန်တီးနိုင်ခြင်းသည်လည်း ဉာဏ်ကောင်း ပြီး မပျင်းမရိတဲ့လူတွေသာ တီထွင် နိုင်တာပါ။

ကွီးတို့လည်း အိမ်တွင်းအောင်းနေရတာ ပျင်းနေတယ်ဆိုရင် အခုဖော်ပြပေးမယ့် ဒီဇိုင်းများကို လက်တည့်ဆန်းပြီး ကိုယ့်အိမ်မှာပါ အလွယ်တကူ တီထွင်ဖန်တီးနိုင်ပါတယ်။ ကွီးတို့အိမ်ကလည်း ပစ္စည်းပစ္စယများ သူ့နေရာနှင့်သူ အစီအစဥ်ကျသွားပြီး ပိုက်ဆံ အကုန်အကျလည်း သက်သာသွားမှာပဲ ဖြစ်ပါတယ်။

ငှက်လှောင်အိမ်ပုံ စာအုပ်စင်

ဥာဏ်ကောင်း တီထွင်

ဒီစာအုပ်စင်လေးကတော့ သေးသေးကွေးကွေးလေးနဲ့ ကွီးတို့အိမ်ကို အလွယ်တကူ အလှဆင်နိုင်တဲ့ စာအုပ်စင်လေးပဲ ဖြစ်ပါတယ်။ အိမ်နံရံမှာ ကပ်ရိုက်ထားတဲ့အတွက်ကြောင့် နေရာ အများကြီးလည်း မယူပါဘူး။ ကွီးတို့ ကိုယ်တိုင် ဖန်တီးနိုင်တဲ့ အတွက်ကြောင့် ပိုက်ဆံအကုန်အကျလည်း သက်သာပါတယ်။

လှေကားထစ်ပုံ စာအုပ်စင်

ဥာဏ်ကောင်း တီထွင်

ဒီစာအုပ်စင်ကို ဖန်တီးဖို့ကလည်း လွယ်လွယ်လေးပါပဲ။ အရင်ဦးဆုံး လေးထောင့်ပုံး ပုံသဏ္ဍာန် ပုံး ၁၀ ပုံးခန့် ရိုက်ထားလိုက်ပါ။ ပုံးများအားလုံးသည် ဆိုဒ်တူ ဂိုက်တူဖြစ်ဖို့ လိုအပ်ပါတယ်။

အားလုံး ညီညီညာညာ ထူရိုက်ပြီးသွားတဲ့အခါမှာတော့ ပုံပါအတိုင်း နေရာတကျ စီထားလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့စိတ်ကြိုက် စာအုပ်များနှင့် အခြားပစ္စည်း ပစ္စယများကို စီစီရီရီထားနိုင်ပြီပဲ ဖြစ်ပါတယ်။

အိမ်ရှေ့ မြေကွက်လပ် အလွတ်မှာ ဧည့်ခန်းတစ်ခု ဖန်တီးမယ်

ဥာဏ်ကောင်း တီထွင်

အရင်ဦးဆုံး နေရာ ရွေးချယ်ပါ။

ထို့နောက် မြေကြီးညီအောင် မြေညှိပါ။ တစ်ဖန် အုတ်မြစ်ချထားလိုက်ပါ။

ဥာဏ်ကောင်း တီထွင်

ထို့နောက် ဟိုဘက် ဒီဘက်ကို အလျားလိုက် သစ်သားပြားများ ထိုးတင်ပါ။ ထိုသစ်သားပေါ်ကနေ သစ်သားပြားများ အစီအရီထားရိုက်ပါ။

diy

ထို့နောက် မိမိ လိုချင်တဲ့ အရောင်တစ်မျိုးမျိုးရွေးချယ်ကာ ဆေးသုတ်ပါ။ တံခါးအရောင်ကိုလည်း တစ်ရောင်တည်းဖြစ်သွားအောင်လို့ အရောင်ညှိပါ။

ဆေးခြောက်သွားတဲ့အခါမှာတော့ ကွီးတို့စိတ်ကြိုက် လှလှပပ အလှဆင်လို့ ရပါပြီ။

diy

ဒါဆိုရင်တော့ ပိုက်ဆံ အကုန်အကျ သက်သက်သာသာနဲ့ အေးအေးဆေးဆေး အနားယူနိုင်တဲ့ နေရာတစ်ခု ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source: Homedepot

Featured Image: Mydecorative