တစ်နှစ်ပြီး တစ်နှစ် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူသုံးကုန်ပစ္စည်း အမျိုးမျိုးသည်လည်း တစ်မျိုးပြီးတစ်မျိုး တီထွင်ဆန်းသစ်လာခဲ့ပါတယ်။ တီထွင်ဖန်တီးမှုရဲ့ နောက်ကွယ်မှာ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ ကောင်းကျိုးကတော့ အဆင့်မြင့် လူနေမှု ဘဝ ကို ပိုင်ဆိုင်နိုင်ပြီး တစ်ဖက်မှာလည်း ပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံ ထိခိုက်စေတာမျိုးလည်း ရှိပါတယ်။

ဒါဆိုရင် ပတ်ဝန်းကျင်ကို ကယ်တင်ဖို့အတွက် အဆင့်မြင့် လူနေမှု ဘဝ ကို စွန့်လွှတ်ပစ်ရမှာလား။

မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို ဘေးမဖြစ်စေတဲ့ Eco-Friendly ပစ္စည်းတွေကို ရွေးချယ်မယ်ဆိုရင် အဆင့်မြင့်မြင့်လည်း နေထိုင်နိုင်မယ့်အပြင် ပတ်ဝန်းကျင်ကိုလည်း ကယ်တင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

Eco-Friendly Laptop ကွန်ပျူတာများ

လူနေမှု ဘဝ

အမေရိကန် ကွန်ပျူတာ ဘရန်းတွေဖြစ်ကြတဲ့ Apple ၊ Dell ၊ Lenovo နှင့် အခြားသော အာရှကုမ္ပဏီတွေဖြစ်တဲ့ Asus နှင့် Fujitsu တို့သည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းစေတဲ့ ပစ္စည်းများကို ထုတ်လုပ်လျက်ရှိပါတယ်။ ထို Laptop များသည် Biofuel ၊ OLEDS နှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းစေတဲ့ ဘက္ထရီတွေကို ထုတ်လုပ်လျက်ရှိပါတယ်။ ထိုလက်ပ်တော့များသည် ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းစေပြီး သုံးရတာလည်း အဆင့်မြင့်မြင့်နဲ့ သုံးနိုင်တာဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။

ဝိုင်ဖိုင်ကို အခြေခံကာ ထုတ်လုပ်ထားတဲ့ LED မီးလုံး (သို့) Philips Hue Bridge

လူနေမှု ဘဝ

ဒီမီးလုံးတွေသည် လျှပ်စစ်စွမ်းအားကို အများကြီး မဆွဲပဲ နည်းနည်းလေးသာ အသုံးပြုတဲ့အတွက်ကြောင့် Eco-Friendly လို့ ခေါ်ရခြင်းဖြစ်ပါတယ်။ ထိုမီးလုံးတွေရဲ့ အားသာချက်ကတော့ ကွီးတို့ လိုချင်တဲ့ အရောင်ကို စိတ်ကြိုက် ပြောင်းလဲနိုင်ပြီး အလင်း အမှောင် Brightness ကိုလည်း စိတ်ကြိုက် ညှိယူနိုင်ပါတယ်။ Philips Hue ကတော့ နမူနာ ဒီဇိုင်းဖြစ်ပြီး သူကတော့ ဝိုင်ဖိုင်နဲ့ ချိတ်ထားရုံနဲ့တင် မီးလင်းတဲ့ LED မီးလုံးပဲဖြစ်ပါတယ်။

Fairphone

လူနေမှု ဘဝ

Photo: Forbes

Fairphone ဆိုတာကတော့ Dutch လျှပ်စစ်ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး သူ့ရဲ့ ဒီဇိုင်းပိုင်းကလည်း အထာကျကျ မိမိုက်နေပါတယ်။ ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်ကလည်း ကောင်းမွန်လှပါတယ်။ ဘာ့ကြောင့် ထုတ်လုပ်သလဲဆိုရင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမှုကို လျော့ချဖို့ရန်အတွက် ထုတ်လုပ်ရခြင်းဖြစ်ပါတယ်။ ကွီးတို့လည်း သဘာဝပတ်ဝန်းကျင်ကို ကယ်တင်ချင်တယ်ဆိုရင်တော့ ဒီလိုဖုန်းမျိုးကို ရွေးချယ်သင့်ပါတယ်။

Nimble

Nimble

Photo: Shadesofgreen

Nimble ကတော့ ပါဝါဘန့်ခ်များ၊ အားသွင်းကြိုးများ၊ ဝါယာကြိုးများနှင့် အခြားသော လျှပ်စစ်ပစ္စည်း လူသုံးကုန်များကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ပစ္စည်းများအားလုံးကို Recycled နှင့် Renewable ပြန်လည်ပြုလုပ်ထားတဲ့ ပစ္စည်းများနှင့် ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပစ္စည်းများကို ထုတ်ပိုးရာမှာလည်း ပလပ်စတစ် မပါစေဘဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Featured Image: Abt