ကွီးတို့ရဲ့ အပြုံး တစ်ချက်နဲ့ စကီလေးတွေကို ညှို့ငင် ဖမ်းစား ချင်တယ်ဆိုရင် ကွီးတို့ရဲ့ သွားတွေကို ကျန်းမာ ကြံ့ခိုင်ပြီး ဖြူဖွေး စင်ကြယ်နေအောင် ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ လူတိုင်းက ကျန်းမာ ကြံ့ခိုင်ပြီး ဖြူဖွေး ဝင်ပတဲ့ သွားတွေကို ပိုင်ဆိုင်နိုင်တာ မဟုတ်ပါဘူး။ ကိုယ့်သွားကို အမှန်တကယ် ဂရုစိုက်တဲ့သူတွေသာ ဒီလို ကံကောင်းမှုမျိုးကို ပိုင်ဆိုင်နိုင်တာပဲဖြစ်ပါတယ်။

ကွီးတို့လည်း ကိုယ့်ရဲ့ အပြုံး တစ်ချက်နဲ့ စကီလေးတွေကို ညှို့ငင် ဖမ်းစား ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို လိုက်နာကျင့်သုံးနိုင်ပါတယ်။

နာနတ်သီးများများ စားပါ

နာနတ်သီး

နာနတ်သီးထဲတွင် ပါဝင်တဲ့ Bromelain ခေါ် ဒြပ်ပေါင်းတစ်မျိုးသည် သွားကြွေလွှာများ မပျက်စီးအောင် ထိန်းသိမ်းပေးပြီး သွားများ ဝါကျဥ် စွန်းထင်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွားဖုံးများ ရောင်ရမ်း နာကျင်ခြင်းမှလည်း ကာကွယ်ပေးပြီး သွားနာခြင်း၊ သွားကိုက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သွားဖြူစေတဲ့ ထုတ်ကုန်ပစ္စည်းတွေပေါ် မပုံအပ်လိုက်ပါနဲ့

ဖြူဖွေးဥနေတဲ့ သွားတွေဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ မျိုးရိုးဗီဇအရ သွားတွေက ဝါကျဥ်ကျဥ်ဖြစ်နေမှာပါပဲ။ တချို့ကလည်း ဆင်စွယ်ရောင်လို သွားအရောင်မျိုး ပိုင်ဆိုင်ကြပါတယ်။ ထိုမှတဆင့် သွားက တဖြည်းဖြည်း အရောင်ပြောင်းကာ ဝါကျဥ်သွားတတ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ သွားတစ်ချောင်းနဲ့ တစ်ချောင်းသည်လည်း အရောင် မတူပါဘူး။ သွားတွေကို ဖြူဖွေးဥနေအောင် ပြုလုပ်မယ်ဆိုရင် ကွီးတို့ရဲ့ သွားကြွေလွှာတွေက ပျက်စီးသွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့သည် သွားတိုက်ဆေး ရွေးချယ်တဲ့အခါ မီးသွေးခဲပါတဲ့ သွားတိုက်ဆေးများနှင့် သွားဖြူအောင် ပြုလုပ်ပေးမယ်ဆိုပြီး ကြေညာထားတဲ့ သွားတိုက်ဆေးများကို ရှောင်ကြဥ်သင့်ပါတယ်။ ဘယ်လိုသွားတိုက်ဆေးမျိုးကို ရွေးချယ်ရမလဲဆိုတော့ ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးတွေကိုသာ ရွေးချယ်ရမှာဖြစ်ပါတယ်။

တံတွေး များများထွက်အောင် ပြုလုပ်ပါ

အပြုံး ဖမ်းစား

ခံတွင်းထဲမှာရှိတဲ့ တံတွေးတွေသည် ကွီးတို့ရဲ့ သွားကို အထောက်အကူ များစွာ ဖြစ်စေပါတယ်။ သွားတွေကို ဆေးကြောပေးပြီး မကောင်းတဲ့ ဘက်တီးရီးယားများကိုလည်း ဖယ်ရှားပေးပါတယ်။ တကယ်လို့ ခံတွင်းထဲမှာ တံတွေးတွေ နည်းပြီး ခြောက်ကပ်လာမယ်ဆိုရင်တော့ သွားနှင့် ခံတွင်းရှိ pH ပမာဏသည် ပြောင်းလဲသွားပြီး ဘက်တီးရီးယားများသည်လည်း သွားကြွေလွှာများကို ပျက်စီးအောင် ကြိုးစားလာတော့မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တာလုံးမှာ ရေများများ သောက်သုံးပေးတာမျိုး၊ ဒါမှမဟုတ် ပီကေ ဝါးပေးတာမျိုးကို ပြုလုပ်ပေးနိုင်ပါတယ်။

အိပ်ရာ မဝင်ခင် သွားတိုက်ပါ

အပြုံး ဖမ်းစား

တစ်နေ့လျှင် သွားနှစ်ကြိမ် တိုက်ခြင်းသည် အင်မတန်မှ အရေးကြီးပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အမူအကျင့်တစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က တစ်ကြိမ်ပဲ သွားတိုက်ဖြစ်မယ်ဆိုရင်တော့ ညအိပ်ရာ မဝင်ခင်မှာ တိုက်ပေးသင့်ပါတယ်။ ဒါ့အပြင် သွားတိုက်တဲ့အခါမှာ အနည်းဆုံး ၂ မိနစ်ပြည့်အောင် သွားတိုက်ပေးသင့်ပါတယ်။

သွားတိုက်တံဖြင့် အကြမ်းပတမ်း သွားမတိုက်ပါနဲ့

အပြုံး ဖမ်းစား

သွားတိုက်တဲ့အခါမှာ သွားတိုက်တံကို ဖိမယ့် လက်ရဲ့ ဖိအားကို သေချာ သတိပြုသင့်ပါတယ်။ အကြမ်းပတမ်းနဲ့ ဖိတိုက်မယ်ဆိုရင် သွားနဲ့ သွားဖုံးက ပျက်စီးသွားမှာပဲဖြစ်ပါတယ်။ အကောင်းဆုံးကတော့ လျှပ်စစ် သွားတိုက်တံကို အသုံးပြုတာပါပဲ။ လျှပ်စစ် သွားတိုက်တံနဲ့ သွားတိုက်တဲ့အခါ Timer လေးနဲ့ အချိန် မှတ်ထားပြီး အလိုက်သင့်လေး ရွေ့လျား ပေးလိုက်ရုံပါပဲ။ အကြမ်းပတမ်းကြီး ဖိစရာ မလိုတော့ သွားနှင့် သွားဖုံးအတွက်လည်း ကောင်းပါတယ်။ ရိုးရိုး သွားတိုက်တံနဲ့ တိုက်မယ်ဆိုရင်လည်း ကွီးတို့အနေနဲ့ သွားတိုက်တံကို ၃ လတစ်ကြိမ်ခန့် လဲပေးသင့်ပါတယ်။

ကွီးတို့အားလုံးလည်း မြန်မာ နှစ်သစ်မှာ အပြုံး တစ်ပွင့်နဲ့ ရှော်တီလေးတွေကို ဖမ်းစား နိုင်ကြပါစေလို့ တောင်းဆု ခြွေလိုက်ရပါတယ်။

Source: Brightside

Featured Image: Freepik