လိင်မှုကိစ္စက ပျော်စရာပါ။ ဒါပေမယ့် ကိုယ့်လိုအင် ၊ သူ့လိုအင်ကို သေချာသိနားလည်ထားဖို့ လိုပါတယ်။ အမျိုးသား အများစုကတော့ ကြာကြာစွမ်းဆောင်နိုင်တာ ၊ ညီလေးအရွယ်အစား ဒါတွေက လိင်မှုကိစ္စမှာ ကိုယ့်ရဲ့ပါတနာအတွက် စိတ်ကျေနပ်မှု ပေးနိုင်မယ့် အရာတွေအဖြစ် သတ်မှတ်ထား ကြပါတယ်။ တကယ်တော့ အတိုင်းအတာတစ်ခုအထိ မှန်နိုင်ပေမယ့် သာယာကြည်နူးဖွယ် လိင်မှုဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့ လေဒီ တွေ အမှန်တကယ် လိုချင်တောင့်တဲ့ အရာတွေက သပ်သပ်ရှိနေပါသေးတယ်။ ကွီးတို့ရဲ့ ချစ်သူ ၊ လက်တွဲဖော်ပါတနာနဲ့ အိပ်ရာထက်မှာ ပျော်ပါးချိန်တိုင်း အချစ်နတ်ဘုရားတပါးလို ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် လျှို့ဝှက် လက်နက် အကြံပြုချက်တွေကို သိထားဖို့လိုပါမယ်။

(၁) သန့်ရှင်းမှုဟာ ပထမပါ

Couple

Photo : HealthyWomen

အိပ်ရာထက်မှာ အမျိုးသားတစ်ယောက်ရဲ့ ဆွဲဆောင်မှုဟာ Fresh And Clean ဖြစ်နေဖို့ပါပဲ။ ချစ်တင်းနှောတဲ့အခါ ချွေးနံတထောင်းထောင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းနေမယ်ဆိုရင် တဖက်ပါတနာရဲ့ စိတ်ဆန္ဒတက်ကြွမှုကို လျော့ကျစေမှာ အမှန်ပါ။ ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ် တစ်ကိုယ်ရည်သန့်ရှင်းမှု အပြည့်ရှိအောင် ပြင်ဆင်ပြီးမှ ချစ်ပွဲဝင်ပါ။

(၂) ခလုတ်တွေ ဖွင့်ပါ

Couple

Photo : Health

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ Erogenous Zones လို့ခေါ်တဲ့ ခံစားမှု အထိအရှလွယ်တဲ့ လျို့ဝှက် ခလုတ်နေရာတွေ အများကြီးရှိပါတယ်။ သူမရဲ့ ရင်ခုန်သံစည်းချက်နဲ့ ဦးနှောက်လှုံ့ဆော်မှုကို တပြိုင်နက်တည်း နိုးကြားတက်ကြွလာစေမယ့် လိင်ကိစ္စနဲ့ဆိုင်တဲ့ ခလုတ်တွေပါ။ နှုတ်ခမ်း ၊ လည်တိုင် ၊ နားရွက်အနောက်ဘက် ၊ ရင်ညွှန့် ၊ ဝမ်းဗိုက် ၊ ပေါင်တံ စသည်ဖြင့် လိင်စိတ် ထကြွလာစေမယ့် ဘော်ဒီအစိတ်အပိုင်း ခလုတ်များစွာကို ရည်ညွှန်းပါတယ်။ ဒီခလုတ်လေးတွေကို ကြင်နာယုယွစွာ ပွတ်သတ်နမ်းရှုံ့ခြင်းဖြင့် ခလုတ်တွေလိုက်လံဖွင့်ပေးတာက လေဒီ တို့ကို ရူးခါသွားစေမယ့် လျို့ဝှက်တိုက်ကွက် တစ်ခုပါပဲ။

(၃) အချိန်ယူပါ

Couple

Photo : NetDoctor

လိင်မှုကိစ္စဟာ အချိန်အလုံအလောက် ယူဖို့လိုပါတယ်။ သိပ်မြန်မြန် လှုပ်ရှားတာက တစ်ခါတစ်လေမှာ အလုပ်ဖြစ်ပေမယ့် အမြဲတမ်းအတွက်တော့ မကောင်းပါဘူး။ နှစ်ဦးသား ချစ်ပွဲဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အချိန်တစ်ခုကို လေဒီ တို့အမှန်တကယ် လိုချင်တာပါ။ ဒါကြောင့် Foreplay အတွက် အချိန်ပေးဖို့ မဖြစ်မနေ လိုပါတယ်။

(၄) ဂီတရဲ့ စွမ်းအားကို ရယူပါ

Photo : Men’s Health

မိနစ်အနည်းငယ်ထက်ပိုပြီး တိတ်ဆိတ်နေခြင်းက လိင်ဆက်ဆံခြင်းကို ငြီးငွေ့လာစေပါတယ်။ ဒါကြောင့် နှစ်ဦးသား အိပ်ရာထက်မှာ လုပ်ငန်းစချိန်က, စလို့ ချစ်တင်းနှောနေစဉ်အတွင်းမှာပါ သာယာငြိမ့်ငြောင်းမှုရှိတဲ့ နောက်ခံတေးဂီတသံစဉ်လေးတွေကို ဖွင့်ထားပါ။ ဒါဟာ ကွီးတို့ နှစ်ဦးစလုံးရဲ့ စိတ်ခံစားချက်တွေကို မှန်ကန်စေပြီး ခန္ဓာကိုယ်လှုပ်ရှားမှုအလိုက် စည်းချက်မှန်စေမှာ ဖြစ်ပါတယ်။

(၅) Eye Contact မိပါစေ

Couple

Photo : News24

ချစ်တင်းနှောနေစဉ်အတွင်းမှာ မျက်လုံးချင်း စကားတွေ ပြောနေဖို့လည်း လိုပါတယ်။ ဒါက လေဒီ နဲ့ ကွီးတို့ကြား ပိုမိုရင်းနှီးတဲ့ ခံစားချက်ကို ခံစားရစေပြီး အချစ်စိတ် ပိုနိုးကြားလာစေပါလိမ့်မယ်။ ဒါပေမယ့် မျက်လုံးတွေကို အမြဲတမ်းဖွင့်ထားရမယ်လို့ မဆိုလိုပါဘူး။ ခံစားမှုအလိုက် မျက်လုံးတွေကို မှိတ်ထားပြီး ကြည်နူးစရာကောင်းတဲ့ ခံစားမှုကို အရသာကိုလည်း စီးဝင် ခံစားဖို့ မမေ့ပါနဲ့။

(၆) အသစ်အဆန်းတစ်ခုခု လုပ်ပါ

Couple

Photo : Verywell Mind

အမြဲတမ်းကြီး တစ်သတ်မှတ်တည်း ပုံသေကားချပ်သွားတာက ရင်ခုန်စရာအခြေအနေတွေကို လျော့နည်းစေတာ အမှန်ပါပဲ။ ဒါကြောင့် တစ်ခေါက်နဲ့တစ်ခေါက် မတူညီတဲ့ အသစ်အဆန်းတွေကို Try ကြည့်ဖို့လည်း အကြံပေးချင်ပါတယ်။ မတူညီတဲ့ နေရာထိုင်ခင်း ၊ အချိန် ၊ အကူပစ္စည်း စသည်ဖြင့် ကိုယ့်အတွက် ဆန်းသစ်တဲ့ အရာလေးတွေကို လုပ်ကြည့်ပါ။

အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက်က အမြဲမတူနိုင်တာမို့ ကွီးတို့ရဲ့ လေဒီ ကဘာလိုချင်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ဖို့လည်း လိုပါတယ်။  ကွီးတို့အနေနဲ့ အိပ်ရာထက်မှာ စွမ်းဆောင်ရည် ပြည့်ဝသူတစ်ယောက်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေစေဖို့ လေ့ကျင့်ခန်းလုပ်တာ ၊ ကျန်းမာတဲ့ Lifestyle တစ်ခု မွေးမြူတာ စတဲ့ အလေ့အကျင့်ကောင်းတွေကိုလည်း ပြုလုပ်ပေးဖို့ လိုပါတယ်။

Featured Photo : Arx