အမျိုးသားအများစုသည် သူ့ရဲ့ ပါတနာနဲ့ နှစ်ပါးသွားကနေစဥမှာ စိတ်ကျေနပ်မှု Level ကို တစ်စထက် တစ်စ ပိုမိုမြှင့်တင်ချင်ကြပါတယ်။ ကိုယ့်ရဲ့ Performance ကိုလည်း အထာကျကျ ထုတ်ကြွားချင်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ Performance ကို အထာကျကျ ထုတ်သုံးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သိထားသင့်ပါတယ်။

Foreplay နဲ့ အစပြုပါ

Performance အထာကျကျ

နှစ်ပါးသွား က နေချိန်မှာ အမျိုးသားအတွက်ရော အမျိုးသမီးအတွက်ပါ အရေးကြီးတဲ့အရာကတော့ Foreplay ပဲဖြစ်ပါတယ်။ Foreplay လို့ ပြောလိုက်ရင် အထိအတွေ့နှင့် လှုံဆော်ခြင်း၊ အနမ်းပန်းခြွေခြင်းနှင့် Oral Sex တို့ ပါဝင်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ Performance ကို အထာကျကျ ထုတ်သုံးတတ်ချင်တယ်ဆိုရင်တော့ Foreplay ကိုလည်း မေ့ထားလို့ မရပါဘူး။

လျှို့ဝှက်ချက်ကို အသုံးပြုပါ

Performance အထာကျကျ

ဘယ်ယောကျာ်းလေးကမှ “သုံးမိနစ်ကောင် (သို့) တပ်ထွက်”လို့ အခေါ်မခံချင်ကြပါဘူး။ ကွီးတို့သည် ကိုယ့်ကောင်မလေးနဲ့ အချိန်ကြာကြာ ပျော်ပျော်ပါးပါး ကခုန်ချင်တယ်ဆိုရင် “Start-Stop” နည်းလမ်းကို အသုံးပြုရမှာဖြစ်ပါတယ်။ ကိုယ့်ဘက်က ပြီးမြောက်တော့မယ်လို့ ခံစားရတဲ့အခါ “Stop” လိုက်ပါ။ အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်ပြီး တစ်ဖန်ပြန်လည် အစပြုပါ။ ထို့နောက် ပြီးမြောက်တော့မယ်လို့ ခံစားရတဲ့အခါ တစ်ဖန်ပြန်ရပ်လိုက်ပါ။ ဒီနည်းလမ်းနဲ့ အချိန်ကြာကြာ ကခုန်ပျော်ပါးနိုင်အောင် ကူညီပေးပါလိမ့်မယ်။

အသစ်တစ်မျိုး စမ်းသပ်ပါ

Relationship

သက်တမ်းရင့်ပြီဖြစ်တဲ့ Relationship တစ်ခုအတွက် Sex သည် ပုံမှန်ပြုလုပ်နေကျ အရာတစ်ခုလိုဖြစ်လာပြီး ပထမအကြိမ်တုန်းကလိုမျိုး ရင်ခုန်စိတ်လှုပ်ရှားမှုမျိုး ခံစားရတော့မှာမဟုတ်ဘဲ တဖြည်းဖြည်း ရိုးအီလာပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ရိုးအီ မသွားအောင်လို့ အသစ်တစ်မျိုး ပြောင်းလုပ်သင့်ပါတယ်။ သမီးရည်းစား စုံတွဲတွေအတူတူ ပြုလုပ်နိုင်တဲ့ အရာတွေက အများကြီးပါပဲ။ အတူတူ ဟင်းချက်တာမျိုး၊ Gym မှာ အတူတူ သွားဆော့တာမျိုး၊ Hiking ပြုလုပ်တာမျိုး အစရှိသဖြင့် Activities အမျိုးအစား စုံလင်ပါတယ်။

စိတ်ဖိစီးမှုများကို လျော့ချပါ

Performance အထာကျကျ

စိတ်ဖိစီးမှုများသည် ကွီးတို့ရဲ့ ညီလေးကို စိတ်မပါအောင်၊ အိပ်နေရာကနေ နိုးထမလာအောင် တွန်းပို့နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို လျော့ချပြီး ဟိုစိတ် ဒီစိတ်တွေ ဝင်လာအောင် လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ဒီလို ပြုလုပ်ဖို့ဆိုရင် အိပ်ရေးဝဝ အိပ်စက်အနားယူပါ။ တရားထိုင်ပါ။ ကိုယ် ဝါသနာပါတဲ့ အရာများဖြင့် အချိန်ကုန်ဆုံးကာ စိတ်ဖိစီးမှုများကို ဖြေဖျောက်ရမှာပဲ ဖြစ်ပါတယ်။

နှစ်ဦးသားကြားမှာ ပြဿနာများရှိပါက ပွင့်ပွင့်လင်းလင်း ပြောဆိုပါ

Performance အထာကျကျ

ချစ်သူ နှစ်ဦးသားအကြားမှာ ပဠိပက္ခများ၊ ကတောက်ကဆများ ရှိပါက မြန်မြန် ဖြေရှင်းသင့်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးကြား အထင်အမြင် လွဲမှားမှုကို မဖြေရှင်းပါက အချိန်ကြာလာတဲ့အခါ ပို ပိုဆိုးလာမှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ချစ်သူနဲ့ နားလည်မှု တည်ဆောက်ပြီး အသေးအဖွဲလေးကအစ ကြီးကြီးမားမား အရာများအထိ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လေ့ကျင့်ခန်း များများ ပြုလုပ်ပါ

လေ့ကျင့်ခန်း များများ ပြုလုပ်ပါ

လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်းသည် ကွီးတို့ကို သက်လုံကောင်းကာ အမောခံနိုင်အောင် ကူညီပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပြီး စိတ်ကျန်းမာရေး၊ ကိုယ်ခန္ဓာ ကျန်းမာရေးကိုသာ မြှင့်တင်နိုင်သည်သာမကဘဲ ဖဲမွေ့ယာထက်က ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်လာအောင် ကြိုးစားနိုင်ပါတယ်။

ကွီးတို့ရဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့အတွက် ဘယ်နည်းလမ်းတွေကို မှီဝဲလေ့ရှိပါသလဲ။​

Source: Medicalnewstoday

Featured Image: Goodiebox Shop