ကွီးတို့ရေ ဘော်ဒါတွေစုံလာပြီဆို အတူတကွ မိုဘိုင်းလ်ဂိမ်းတွေ ကစားကြတာကလည်း ပျော်ပျော်ရွှင်ရွှင် Chill ဖို့ နည်းလမ်းကောင်း တစ်ခုပါပဲ။ အခုဆိုရင် နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ဖုန်းနဲ့ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်းတွေကလည်း တဖြည်းဖြည်း ကောင်းမွန်လာပါတယ်။ တစ်ယောက်တည်းပဲ ဖြစ်ဖြစ်၊ အများနဲ့ပဲ ဖြစ်ဖြစ် ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်းတွေလည်း အများအပြားရှိနေပါပြီ။ ဒီဆောင်းပါးလေးမှာတော့ အားလပ်ရက်မှာ ဘော်ဒါတွေနဲ့ ဆုံတိုင်း အပီကစ်ဖို့ Multiplayer မိုဘိုင်းလ်ဂိမ်း လေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Mech Arena

Photo : Google Play
ဒီဂိမ်းမှာ ကစားသမားများက စက်ရုပ်တစ်ရုပ်ကို ရွေးချယ်ပြီး ကမ္ဘာတစ်ဝှမ်းမှ စိန်ခေါ်သူများကို တိုက်ခိုက်ရန် လက်နက် တပ်ဆင်ရပါမယ်။ ဂိမ်းမုဒ်တစ်ခုစီတိုင်းမှာ မတူညီသော ရည်မှန်းချက်တစ်ခုရှိသော်လည်း ပစ်ခတ်မှုစွမ်းရည်နဲ့ ကောင်းမွန်သောဗျူဟာများဖန်တီးခြင်းက ကစားသူများကို အောင်ပွဲများ ရယူပေးနိုင်ပါတယ်။
Raid : Shadow Legends

Photo : Google Play
ဘော်ဒါတွေနဲ့ အပီကစ်နိုင်တဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုကတော့ Raid : Shadow Legends ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ အဖွဲ့ခွဲ ၁၅ ခုနဲ့ စစ်သည် ၆၅၀ ပါဝင်ပြီး ကွီးတို့ရဲ့ သူငယ်ချင်းများနှင့် မျိုးနွယ်စုတစ်ခုတွင် ပါဝင်နိုင်ကာ တခြားတစ်ဖက်ကို အနိုင်ယူရရန် အတူတကွ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်လို စိတ်ဝင်စားဖွယ်ကောင်းမလဲဆိုတာ ဘော်ဒါတွေနဲ့ အခုပဲ ကစားကြည့်လိုက်ပါ။
Sky : Children of Light

Photo : StoryV Travel & Lifestyle
ဒီဂိမ်းလေးကတော့ ၂၀၂၀ မှာထွက်ရှိခဲ့ပြီး အကောင်းဆုံးစွန့်စားခန်း ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီ ဂိမ်းရဲ့ Graphics တွေကလည်း တကယ်ကိုကောင်းမွန်ပြီး စွန့်စားခန်းတွေ၊ စိတ်ဝင်စားဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘော်ဒါတွေနဲ့ အတူစွန့်စားခန်းဖွင့်ရင်း ဂိမ်းကစားမယ်ဆို ဒီဂိမ်းလေးက စိတ်ကျေနပ်စေမှာ အမှန်ပါပဲ။
Among Us

Photo : VG247
ဒီဂိမ်းလေးက Among Us ပရိသတ်တွေ ကစားကိုကစားကြည့်သင့်တဲ့ ဂိမ်းလေးပါပဲ။ ဒီဂိမ်းလေးမှာ ကစားသမား ၄ ဦးကနေ ၁၀ ဦးအထိ ကစားလို့ရပါတယ်။ ဂိမ်းထဲမှာ ထွက်ခွာခါနီး အာကာသယာဉ်ကို ပြင်ဆင်ရာတွင် ကစားဖော်များနှင့် ပူးပေါင်းရမှာဖြစ်ပြီး ရန်သူကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ အမှန်တကယ် စိတ်ဝင်စားဖွယ် ကောင်းတာကြောင့် ဘော်ဒါတွေနဲ့ တစ်ခါလောက် ကစားကြည့်လိုက်ပါ။
Marvel Snap

Photo : Game Radars
နောက်ထပ်ဖော်ပြပေးချင်တဲ့ ဂိမ်းလေးကတော့ Marvel ပရိတ်သတ်တို့ သဘောကျစေမဲ့ Marvel Snap လေးပဲ ဖြစ်ပါတယ်။ ဒီဂိမ်းက Marvel ပရိသတ်တွေအတွက် ကတ်ဂိမ်းတစ်ခုဖြစ်ပေမယ့် လူတိုင်းအကြိုက်တွေ့စေမဲ့ ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ကွဲပြားသော ကတ်များနဲ့ ပေါ့ပေါ့ပါးပါး ဂိမ်းကစားနိုင်ပြီး Marvel ဇာတ်ကောင် အမြောက်အများဖြင့် မပျင်းစေဘဲ ရိုးရှင်းပြီး စွဲလမ်းစေတဲ့ ဂိမ်းတစ်ခုပါ။ ကွီးတို့ ဘော်ဒါတွေအားလုံးက Marvel ပရိတ်သတ် တွေဆိုရင်တော့ ဒီဂိမ်းကို ကစားကြည့်ဖို့ မမေ့ပါနဲ့။
ဘော်ဒါတွေနဲ့ အပီကစ်ဖို့ အခုဖော်ပြပေးတဲ့ မိုဘိုင်းလ်ဂိမ်းတွေအပြင် Call of Duty Mobile၊ Mario Kart Tour၊ Genshin Impact နဲ့ Clash Royale စတဲ့ Multiplayer ဂိမ်းများလည်း ရှိပါသေးတယ်။ ဘော်ဒါတွေနဲ့ စိတ်ကြိုက်ဂိမ်းတွေ ရွေးချယ်ပြီး ဂိမ်းကစားရင်း Chill လိုက်တော့ဗျို့။
Source : Charlie INTEL
Featured Photo : Gaming
